Skip to main content

Latest News

ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၄၉ ဦးရှိလာ

 ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့၊ ကစ္ဆပနဒီတံတားအနီးဝန်းကျင်နှင့် အိန္ဒိယဈေးဝန်းကျင်အား စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့်  သေဆုံးသူ ၄၉ ဦးရှိလာကြောင်း အာရက္ခတပ်တော် - AA ကထုတ်ပြန်သည်။  ယမန်နေ့ ၊ စက်တင်ဘာလ (၂၈) ရက်နေ့၊ နေ့လယ် (၁၂) နာရီ (၁၀) မိနစ် နှင့် (၁၂) နာရီ (၁၄) မိနစ်အချိန်တွင် စစ်တပ်၏ ဂျက်တိုက်လေယာဉ် (၁) စီးမှ ကျောက်တော်မြို့၊ ကစ္ဆပနဒီ တံတားအနီးဝန်းကျင်၊ အိန္ဒိယစျေးဝန်းကျင်အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။  စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်မှုကြောင့်  ထိခိုက်ဒဏ်ရာရရှိသူလည်း (၅၈) ဦးအထိ ရှိလာပြီး ယင်းအထဲတွင် ပြင်းထန်ဒဏ်ရာရခဲ့သူ ၂၂ ဦးရှိကြောင်းသိရသည်။  အလားတူ စစ်တပ်က ယမန်နေ့ ၊ နေ့လယ် တွင် မင်းပြားမြို့နယ် ၊ စွန်ရဲကျေးရွာနှင့် သံတွဲမြိုနယ်၊ ငပလီကို ဂျက်တိုက်လေယာဉ် (၁) စီးဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ၉ ဦးရှိကြောင်း AA ကထုတ်ပြန်သည်။  - BAGAN NEWS  

ဖယ်ခုံမြို့ ဘန်ကောက် စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီတပ် လေယာဉ်ဖြင့် ဗုံးကြဲ

 ရှမ်းပြည်နယ်နှင့်ကရင်နီ(ကယား)နယ်စပ် ဖယ်ခုံမြို့နယ်၊ ရီနွဲ့ကျေးရွှာအုပ်စု၊ လအိကျေးရွှာအနီးရှိ ဘန်ကောက် စစ်ဘေးရှောင်စခန်းကို ယနေ့ နိုဝင်ဘာ ၁၈ ရက် နေ့တွင် စစ်ကောင်စီတပ်မှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများမှသိရသည်။ 

ယနေ့ နိုဝင်ဘာ ၁၈ ရက်နေ့  နေ့လယ် ၁၁နာရီ ၃၀ မိနစ်အချိန်တွင် အရပ်သားစစ်ဘေးရှောင်များရှိသောဘန်ကောက် စစ်ဘေးရှောင်စခန်းကို တိုက်လေယာဉ် (၂) စင်းဖြင့် ပေါင် ၅ဝဝ ပါသော ဗုံးဖြင့်(၁) ကြိမ်၊ ပေါင် ၂ဝဝ ရှိသောဗုံးသီးဖြင့် စုစုပေါင်း ဗုံး (၅) လုံးလာရောက်ကြဲခဲ့ကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(၂) 1007 Battalion မှထုတ်ပြန်သည်။ 


ထိုဗုံးကြဲတိုက်ခိုက်မှုကြောင့် ဘန်ကောက်စစ်ဘေးရှောင်နှင့် ၎င်းအနီးတဝိုက်ပြည်သူများ၏တဲ၊ နေအိမ်၊ဘာသာရေး ဘုရားကျောင်း၊ စပါးကျီ များနှင့် လူအချို့ ထိခိုက်ဒဏ်ရာရရှိမှုများရှိခဲ့ကြောင်း သိရသည်။

ဘန်ကောက်စစ်ဘေးရှောင်စခန်းသည် ပြီးခဲ့သည့် စက်တင်ဘာလ (၅) ရက်တွင်လည်း စစ်ကောင်စီမှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက်မပြည့်သော ကလေးသူငယ်နှင့်အမျိုးသမီးအပါအဝင် လူ (၁ဝ) ဦး နီးပါးသေဆုံးခဲ့သည်။ 

ထိုဖြစ်စဉ်နောက်ပိုင်း စစ်ဘေးရှောင်အများစုသည် နေရာပြောင်းရွှေ့ နေထိုင်ခဲ့ကြသော်လည်း ရွှေ့ပြောင်းရန် အခက်ခဲရှိသော စစ်ဘေးရှောင်များဆက်လက်ကျန်ရှိခဲ့ခြင်းဖြစ်ကြောင်း 1007 Battalion မှထုတ်ပြန်သည်။ 

Photo - 1007 Battalion

Bagan News 

Comments