Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

ဖယ်ခုံမြို့ ဘန်ကောက် စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီတပ် လေယာဉ်ဖြင့် ဗုံးကြဲ

 ရှမ်းပြည်နယ်နှင့်ကရင်နီ(ကယား)နယ်စပ် ဖယ်ခုံမြို့နယ်၊ ရီနွဲ့ကျေးရွှာအုပ်စု၊ လအိကျေးရွှာအနီးရှိ ဘန်ကောက် စစ်ဘေးရှောင်စခန်းကို ယနေ့ နိုဝင်ဘာ ၁၈ ရက် နေ့တွင် စစ်ကောင်စီတပ်မှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများမှသိရသည်။ 

ယနေ့ နိုဝင်ဘာ ၁၈ ရက်နေ့  နေ့လယ် ၁၁နာရီ ၃၀ မိနစ်အချိန်တွင် အရပ်သားစစ်ဘေးရှောင်များရှိသောဘန်ကောက် စစ်ဘေးရှောင်စခန်းကို တိုက်လေယာဉ် (၂) စင်းဖြင့် ပေါင် ၅ဝဝ ပါသော ဗုံးဖြင့်(၁) ကြိမ်၊ ပေါင် ၂ဝဝ ရှိသောဗုံးသီးဖြင့် စုစုပေါင်း ဗုံး (၅) လုံးလာရောက်ကြဲခဲ့ကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(၂) 1007 Battalion မှထုတ်ပြန်သည်။ 


ထိုဗုံးကြဲတိုက်ခိုက်မှုကြောင့် ဘန်ကောက်စစ်ဘေးရှောင်နှင့် ၎င်းအနီးတဝိုက်ပြည်သူများ၏တဲ၊ နေအိမ်၊ဘာသာရေး ဘုရားကျောင်း၊ စပါးကျီ များနှင့် လူအချို့ ထိခိုက်ဒဏ်ရာရရှိမှုများရှိခဲ့ကြောင်း သိရသည်။

ဘန်ကောက်စစ်ဘေးရှောင်စခန်းသည် ပြီးခဲ့သည့် စက်တင်ဘာလ (၅) ရက်တွင်လည်း စစ်ကောင်စီမှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက်မပြည့်သော ကလေးသူငယ်နှင့်အမျိုးသမီးအပါအဝင် လူ (၁ဝ) ဦး နီးပါးသေဆုံးခဲ့သည်။ 

ထိုဖြစ်စဉ်နောက်ပိုင်း စစ်ဘေးရှောင်အများစုသည် နေရာပြောင်းရွှေ့ နေထိုင်ခဲ့ကြသော်လည်း ရွှေ့ပြောင်းရန် အခက်ခဲရှိသော စစ်ဘေးရှောင်များဆက်လက်ကျန်ရှိခဲ့ခြင်းဖြစ်ကြောင်း 1007 Battalion မှထုတ်ပြန်သည်။ 

Photo - 1007 Battalion

Bagan News 

Comments