Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

သခင်ဘဟိန်း အာဇာနည်ဗိမာန်တွင် လူထုလှုပ်ရှားမှုပြုလုပ်

မန္တလေးမြို့ရှိ သခင်ဘဟိန်း အာဇာနည်ဗိမာန်တွင် ယနေ့ နိုဝင်ဘာလ ၂ဝ ရက်နေ့၌ သခင်ဘဟိန်းကို ဂုဏ်ပြုဦးညွှတ်ခြင်းနှင့်အတူ လူထုလှုပ်ရှားမှုကို ဖော်ဆောင်ခဲ့ကြောင်း အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB)မှသိရသည်။ 

သခင်ဘဟိန်း သည် ကျောင်းသားခေါင်းဆောင်၊ လွတ်လပ်ရေး ခေါင်းဆောင်တဦးဖြစ်ပြီးဗိုလ်ချုပ်အောင်ဆန်း၏ အယုံကြည်ဆုံး လုပ်ဖော်ကိုင်ဖက်လည်းဖြစ်သည်။

❝ မြင်းခွါတချက်ပေါက်ရင် မီးဟုန်းဟုန်းတောက်စေ့မယ် ❞ဟုပြောကြားခဲ့သည့် သခင်ဘဟိန်း၏ စကားသည် သမိုင်းဝင်ခဲ့သည့် စကားဖြစ်သည်။ 


ယနေ့ နိုဝင်ဘာလ ၂ဝ ရက်နေ့တွင် သခင်ဘဟိန်း ကျဆုံးခဲ့သည့် (၇၈) နှစ်ပြည့်ပြီဖြစ်ပြီး မပြီးဆုံးသေးသည့် တော်လှန်ရေးခရီးကြမ်းကို အဆုံးထိ ဆက်လက်ချီတက်ကြရန်နှင့် ဖက်ဆစ်အာဏာရူးကို “ငုံ့မခံဘဲ” နည်းလမ်းအစုံအလင်နှင့် “တုံ့ပြန်” တိုက်ပွဲဝင်ကြရန်အတွက် လူထုလှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်း သိရသည်။ 

"ကိုယ်တို့ရဲ့ အဓိကတာဝန်ဟာ တိုင်းပြည်ရဲ့မိဘဖြစ်တဲ့ လူထုရဲ့အကျိုးကို အမြဲတမ်း စောင့်သိရိုသေရမယ်။ အချိန်ရှိသရွေ့ ပြည်သူလူထုအကျိုးရှိစေဖို့ကို စဉ်းစားတွေးခေါ်ရမယ်။ လုပ်သမျှလုပ်ငန်းတိုင်းဟာ ပြည်သူလူထုအတွက်သာ ဖြစ်စေရမယ်။ ပြည်သူလူထုကလွဲလို့ ကိုယ်တို့မှာ ကြည့်စရာ မြင်စရာ ဘာမှမရှိဘူး" ဟု ပြောခဲ့သည့် ရဲဘော် သခင်ဘဟိန်းကို ယခုလှုပ်ရှားမှုနှင့်အတူ အလေးနက်ဆုံး ဦးညွှတ်ကြောင်း GSCB မှထုတ်ပြန်သည်။ 

Photo - GSCB

Bagan News 

Comments