Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

ရွှေဘို-မြစ်ကြီးနားလမ်းပိုင်းတွင် စစ်ကောင်စီတပ်ပစ်ခတ်မှုကြောင့် ပြည်သူ ၃ ဦးသေဆုံးပြီး ဘုန်းကြီး ၁ ပါးပျံလွန်တော်မူ‌

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တောင်ခြမ်း၊ရွှေဘို-မြစ်ကြီးနားဗျူဟာလမ်းပိုင်းတွင် စစ်ကောင်စီတပ်များမှ Drone ဖြင့်ဗုံးသီးချ တိုက်ခိုက်မှုကြောင့်  ခရီးသွားပြည်သူ ၃ ဦးသေဆုံးကာ ဘုန်းကြီး ၁ ပါးပျံလွန်တော်မူခဲ့ကြောင်း ဒေသခံများမှ သိရသည်။

ယနေ့ နိုဝင်ဘာလ ၁၈ ရက်နေ့ မနက် ၇ နာရီ  ၃ဝ မိနစ်တွင် ကန့်ဘလူမြို့နယ် တောင်ခြမ်း ရွှေဘို-မြစ်ကြီးနားဗျူဟာလမ်းပိုင်းတနေရာအား ဇီးကုန်းသကြားစက်အထိုင်မှ စစ်ကောင်စီတပ်နှင့် ပျူများမှ  Drone ဖြင့်ဗုံးသီးချ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။


စစ်ကောင်စီတပ်မှ စုစုပေါင်း ဗုံးသီး ၅ လုံးချတိုက်ခိုက်ခဲ့ရာ  ခရီးသွားကားဘေးတည့်တည့်ကျပြီး ကားပေါ်ပါလာသည့် ဘုန်းကြီး ၁ ပါး နှင့် အမျိုးသား၂ ဦး၊အမျိုးသမီး ၁ ဦး စုစုပေါင်း ၄ ဦးထိမှန်သေဆုံးခဲ့ကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်မှထုတ်ပြန်သည်။

ဌင်းပြင် ခရီးသွားပြည်သူ ၁ဝ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ကားနှစ်စီး ပျက်စီးခဲ့ကြောင်းသိရသည်။

ထိခိုက်သေဆုံးသွားသည့် ဘုန်းကြီး ၁ ပါးနှင့် ပြည်သူ ၃ ဦးမှာ  ငွေတိုးမန်း ခရီးသည်ကားဖြင့် လိုက်ပါလာသည့် ခရီးသွားပြည်သူများ ဖြစ်ပြီး အမည်နှင့် နေရပ်လိပ်စာများ ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ မှသိရသည်။

စစ်ကောင်စီတပ်နှင့် ပျူစောထီးများသည် ကန့်ဘလူမြို့နယ်နှင့် ကျွန်းလှမြို့နယ်တို့တွင် ပြည်သူပိုင်နေအိမ်များအား  စစ်ကြောင်းထိုးမီးရှို့ပြီး ပြည်သူများသတ်ဖြတ်ခြင်း၊ ရွာများအားပစ်မှတ်ထားပြီး Drone ဗုံးသီးချခြင်း၊ပျူသင်တန်းတက်ရန်  ပြည်သူများအားအတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်ခြင်းများ လုပ်ဆောင်နေသည်မှာ နှစ်ပတ်ကျော်ကြာမြင့်ပြီ ဖြစ်ကြောင်း ဒေသခံများကပြောသည်။

စစ်ကောင်စီတပ်မှ ဖမ်းဆီးခေါ်ဆောင်သွားသည့် ပြည်သူ ၁၃ဝ ခန့်လည်း ယနေ့အထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးကြောင်းသိရသည်။ 

ထို့အပြင် နိုဝင်ဘာ ၁၆ ရက်နှင့် ၁၇ ရက်နေ့တို့တွင်  ကန့်ဘလူမြို့နယ်၊အလယ်ခုံရွာ၊ ကျွန်းလှမြို့နယ် ရွာကုန်းကြီးနှင့် လိပ်ဆင်းတောင်ရွာတို့အား တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ စစ်ကောင်စီတပ်မှ နှစ်ရက်ဆက်တိုက်အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့သည်။ 

လေကြောင်းတိုက်ခိုက်မှုကြောင့် ရွာကုန်းကြီးရွာမှ နေအိမ် ၃ လုံး မီးလောင်ပျက်စီးပြီး၊ လိပ်ဆင်းတောင်ရွာမှ နေအိမ် ၆ လုံး၊ကားဝပ်ရှော့မှ ကား ၇ စီးပျက်စီးခဲ့ကာ ခပေါင်းရုံရွာမှ ဦးမောင်နိုင်  ဗုံးစထိမှန် သေဆုံးခဲ့ကြောင်းကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ မှသိရသည်။

Bagan News



Comments