Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

ဖာပွန်ခရိုင် မာထော တပ်စခန်းအား K.N.L.A နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များသိမ်းပိုက်

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်(မူတြော်ခရိုင်)အတွင်း ဝင်ရောက်ကျူးကျော်တပ်စွဲထားသော မာထော တပ်စခန်းအား ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (K.N.L.A) တပ်မဟာ (၅) နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်လိုက်သည်။ 

မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ် အတွင်း စစ်ကောင်စီတပ်၏ စကခ(၈) လက်အောက်ခံ ခမရ-၄ဝ၇၊ ခမရ-၄ဝ၈နှင့် ခမရ-၄ဝ၄ တပ်များ ဝင်ရောက်ကျူးကျော်တပ်စွဲထားသော မာထောတပ်စခန်းအား ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (K.N.L.A)တပ်မဟာ (၅) နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၂၂) ရက် နံနက် (ဝ၇:၄၈) မိနစ်အချိန်ခန့်တွင် အလုံးစုံသိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်း အမြှောက်အများကိုလည်း သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။ 

ဓါတ်ပုံ − စစ်ကောင်စီတပ်၏ မာထောစခန်းမှ သိမ်းဆည်းရမိသော လက်နက်ခဲ ယမ်းများ။ (Photo - KNU)

တိုက်ပွဲအတွင်း ထိခိုက်သေဆုံး ဒဏ်ရာရရှိမှုများနှင့် သိမ်းဆည်းရမိသောလက်နက်ခဲယမ်း စာရင်းအပြည့် အစုံကို ဆက်လက်တင်ပြသွားမည်ဖြစ်ကြောင်း ကေအဲန်ယူ−ဗဟိုက ယမန်နေ့တွင်ထုတ်ပြန်သည်။ 

ကရင်ပြည်နယ် နယ်မြေ အများစုတွင် တိုက်ပွဲများဖြစ်ပွားနေပြီး ကော့ကရိတ် မြို့နယ်၊ လေးကေ့ကော်မြို့သစ်အနီး ဝင်ရောက်ကျူးကျော်တပ်စွဲထားသော စစ်ကောင်စီတပ်၏ မစခ−၆ဝ၆ လက်အောက်ခံအမြောက်တပ်ဖွဲ့ စွယ်တော်ကုန်း အမြောက်စခန်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) ဦးဆောင်သော ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့မှ ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၁၇) ရက်နေ့ မနက် (၄:၃၀) အချိန်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

BAGAN NEWS


Comments