Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

ရေစကြိုမြို့နယ်တွင် စစ်ကောင်စီတပ်သား ၂ ဦး ထွက်ပြေးပြီး PDF ထံခိုလှုံ

 မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ရေစကြိုမြို့နယ်တွင် စစ်ကောင်စီတပ်သား ၂ ဦး ထွက်ပြေးပြီး  PDF ထံခိုလှုံခဲ့ကြောင်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှသိရသည်။ 

ရေစကြိုမြို့နယ် ရုံးပေါင်းစုံအတွင်း သန်းခေါင်စားရင်းကောက်ယူရာတွင် လုံခြုံရေးယူနေ့သည် ခလရ ၂၅၇ လက်အောက်ခံ တပ်သားကိုဦး ကိုယ်ပိုင်နံပါတ် (တတ/၁၃၆၄၇၁) နှင့် ခလရ ၂၅၈ လက်အောက်ခံ တပ်သားစိုးလင်းအောင် (ကိုယ်ပိုင်နံပါတ် တတ/၁၃၆၄ဝ၃) တို့သည် နိုဝင်ဘာလ(၁၆)ရက်နေ့ နေ့လည် ၂ နာရီအချိန်ခန့်တွင် ထွက်ပြေးခဲ့ခြင်းဖြစ်သည်။


ဌင်းတို့နှစ်ဦးအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရဲဘော်များမှ သတင်းအရလိုက်လံရှာဖွေခဲ့ပြီး နိုဝင်ဘာလ(၁၇)ရက် နေ့လည်အချိန်ခန့်တွင် ရေစကြိုမြို့နယ် တနေရာ၌ ရှာဖွေတွေ့ရှိခဲ့သည်။

ဌင်းတပ်သား၂ ဦးအား ကောင်းမွန်စွာထားရှိကာ ဆုငွေတဦးလျှင် ၁၅ သိန်းပေးအပ်ခဲ့ပြီး ယူဆောင်လာသည့် MA1 ၂ လက်၊ ကျည်ဘောက် ၉ ဘောက်နှင့် ၅.၅၆ ကျည် ၄၅ဝ ခန့်အား ရေစကြိုမြို့နယ်(ပ.က.ဖ)ထံအပ်နှံခဲ့ကြောင်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ထုတ်ပြန်သည်။

ဓာတ်ပုံ - ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

Bagan News


Comments