Skip to main content

Latest News

ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၄၉ ဦးရှိလာ

 ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့၊ ကစ္ဆပနဒီတံတားအနီးဝန်းကျင်နှင့် အိန္ဒိယဈေးဝန်းကျင်အား စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့်  သေဆုံးသူ ၄၉ ဦးရှိလာကြောင်း အာရက္ခတပ်တော် - AA ကထုတ်ပြန်သည်။  ယမန်နေ့ ၊ စက်တင်ဘာလ (၂၈) ရက်နေ့၊ နေ့လယ် (၁၂) နာရီ (၁၀) မိနစ် နှင့် (၁၂) နာရီ (၁၄) မိနစ်အချိန်တွင် စစ်တပ်၏ ဂျက်တိုက်လေယာဉ် (၁) စီးမှ ကျောက်တော်မြို့၊ ကစ္ဆပနဒီ တံတားအနီးဝန်းကျင်၊ အိန္ဒိယစျေးဝန်းကျင်အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။  စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်မှုကြောင့်  ထိခိုက်ဒဏ်ရာရရှိသူလည်း (၅၈) ဦးအထိ ရှိလာပြီး ယင်းအထဲတွင် ပြင်းထန်ဒဏ်ရာရခဲ့သူ ၂၂ ဦးရှိကြောင်းသိရသည်။  အလားတူ စစ်တပ်က ယမန်နေ့ ၊ နေ့လယ် တွင် မင်းပြားမြို့နယ် ၊ စွန်ရဲကျေးရွာနှင့် သံတွဲမြိုနယ်၊ ငပလီကို ဂျက်တိုက်လေယာဉ် (၁) စီးဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ၉ ဦးရှိကြောင်း AA ကထုတ်ပြန်သည်။  - BAGAN NEWS  

ရေစကြိုမြို့နယ်တွင် စစ်ကောင်စီတပ်သား ၂ ဦး ထွက်ပြေးပြီး PDF ထံခိုလှုံ

 မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ရေစကြိုမြို့နယ်တွင် စစ်ကောင်စီတပ်သား ၂ ဦး ထွက်ပြေးပြီး  PDF ထံခိုလှုံခဲ့ကြောင်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှသိရသည်။ 

ရေစကြိုမြို့နယ် ရုံးပေါင်းစုံအတွင်း သန်းခေါင်စားရင်းကောက်ယူရာတွင် လုံခြုံရေးယူနေ့သည် ခလရ ၂၅၇ လက်အောက်ခံ တပ်သားကိုဦး ကိုယ်ပိုင်နံပါတ် (တတ/၁၃၆၄၇၁) နှင့် ခလရ ၂၅၈ လက်အောက်ခံ တပ်သားစိုးလင်းအောင် (ကိုယ်ပိုင်နံပါတ် တတ/၁၃၆၄ဝ၃) တို့သည် နိုဝင်ဘာလ(၁၆)ရက်နေ့ နေ့လည် ၂ နာရီအချိန်ခန့်တွင် ထွက်ပြေးခဲ့ခြင်းဖြစ်သည်။


ဌင်းတို့နှစ်ဦးအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရဲဘော်များမှ သတင်းအရလိုက်လံရှာဖွေခဲ့ပြီး နိုဝင်ဘာလ(၁၇)ရက် နေ့လည်အချိန်ခန့်တွင် ရေစကြိုမြို့နယ် တနေရာ၌ ရှာဖွေတွေ့ရှိခဲ့သည်။

ဌင်းတပ်သား၂ ဦးအား ကောင်းမွန်စွာထားရှိကာ ဆုငွေတဦးလျှင် ၁၅ သိန်းပေးအပ်ခဲ့ပြီး ယူဆောင်လာသည့် MA1 ၂ လက်၊ ကျည်ဘောက် ၉ ဘောက်နှင့် ၅.၅၆ ကျည် ၄၅ဝ ခန့်အား ရေစကြိုမြို့နယ်(ပ.က.ဖ)ထံအပ်နှံခဲ့ကြောင်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ထုတ်ပြန်သည်။

ဓာတ်ပုံ - ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

Bagan News


Comments