Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးရန် အဆင်သင့်ရှိကြောင်း TNLA ပြော

နှစ်ဖက်စစ်ရေး ပဋိပက္ခများ အဆုံးသတ်နိုင်ရန်အတွက် တွေ့ဆုံဆွေးနွေးရန် အဆင်သင့်ရှိကြောင်း တအာင်းတပ်မတော် TNLA ကယနေ့သတင်းထုတ်ပြန်သည်။ 

မြန်မာစစ်တပ်၏ လေကြောင်း စစ်ဆင်ရေးအပါအဝင် ပြင်းထန်သည့်တိုက်ပွဲကြောင့် စစ်ဘေးဒဏ် ဆိုးရွားစွာခံစားနေရသည့် ဒေသခံများ၏ အကျိုးကို ငဲ့ညှာထောက်ထားသောကြောင့်  တွေ့ဆုံဆွေးနွေးမည်ဟု TNLA ကဆိုသည်။ 

Photo - TNLA /၂ဝ၂၄ ခုနှစ် မေလတွင်းပြုလုပ်ခဲ့သည့် ပလောင်ပြည်နယ်လွတ်‌မြောက်ရေးတပ်ဦး PSLF/TNLA ၏ အခြေခံစစ်သင်တန်း အပတ်စဉ် (၆၅) ဆင်းပွဲ။ 

နယ်စပ်တည်ငြိမ်ရေးနှင့်တိုက်ပွဲရပ်စဲရေးအတွက် ကြားဝင်ကြိုးပမ်း ဆောင်ရွက်နေသည့် တရုတ်နိုင်ငံအစိုးရ၏ကြိုးပမ်းမှုကို လေးစားအသိအမှတ်ပြုသည်ဟုလည်း TNLA ကထုတ်ပြန်သည်။ 

တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ် ကြိုးပမ်းဆောင်ရွက်နေမှုများကို အမြဲပူးပေါင်း ဆောင်ရွက်ရန် ကြိုးပမ်းလျက်ရှိသည်ဟုလည်းဖော်ပြသည်။ 

မြောက်ပိုင်းညီနောင်မဟာမိတ်(၃)ဖွဲ့နှင့် စတင်ခဲ့သည့် ၁ဝ၂၇ စစ်ဆင်ရေးသည် ၂ဝ၂၄ ခုနှစ် အောက်တိုဘာလ ၂၇ ရက်တွင် တနှစ်ပြည့်ခဲ့ပြီဖြစ်သည်။ 

စစ်ကောင်စီတပ်မှ ပြည်သူလူထုတို့အား ဦးတည်ပစ်မှတ်ထားကာ လေကြောင်းဖြင့် ချေမှုန်းတိုက်ခိုက်နေသဖြင့် အပြစ်မဲ့ ပြည်သူလူထုတို့ စစ်ဘေးဒဏ်ပေါင်းစုံကို ဆိုးရွားပြင်းထန်စွာခံစားနေကြရကြောင်း TNLA ကထုတ်ပြန်သည်။ 

စစ်ဘေးဒဏ်အလူးအလဲခံစားနေရသော ပြည်သူလူထုအား ထောက်ထားညှာတာပြီး  ပြဿနာအရပ်ရပ်ကို ဖြေရှင်းနိုင်ရန်အတွက် တွေ့ဆုံဆွေးနွေးအဖြေရှာရန် အမြဲတမ်းအဆင်သင့်ရှိ သည်ဟု TNLA ကသဘောထားထုတ်ပြန်သည်။

ပြီးခဲ့သည့် ၂ဝ၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်ကစတင်ခဲ့သည့် ၁ဝ၂၇ စစ်ဆင်ရေးသည် ၂ဝ၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်၌ တရုတ်အစိုးရ၏ ကြားဝင်စေ့စပ်မှုအရ ဟိုင်ဂင် သဘောတူညီချက်ဖြင့် တိုက်ပွဲများ ရပ်တန့်ခဲ့သည်။

သို့သော်လည်း စစ်ကောင်စီတပ်မှ တဖက်သတ် ပြန်လည်ပစ်ခတ်ခဲ့သည့်အတွက် ၁ဝ၂၇ စစ်ဆင်ရေးအပိုင်း(၂)အား ၂ဝ၂၄ ခုနှစ်၊ ဇွန်လ (၂၅)ရက်တွင် ပြန်လည်စတင်ခဲ့သည်။

၁ဝ၂၇ စစ်ဆင်ရေးအပိုင်း(၂)အတွင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ်စသည့် မြို့နယ်များကို ထပ်မံသိမ်းပိုက်ထားသည်။

Bagan News Agency 


Comments