Skip to main content

Latest News

မေ ၁၃ ရက်ဝန်းကျင်ကစပြီး မြန်မာမှာ မိုးရာသီစမယ်

 မိုးရာသီဖြစ်စေသည့် အနောက်တောင်မုတ်သုံလေသည် မေလ ၁၃ ရက်နေ့မှ ၁၈ ရက်နေ့အတွင်း မြန်မာနိုင်ငံ တောင်ပိုင်းဒေသများသို့စတင်ဝင်ရောက်မည်ဖြစ်ကြောင်း မိုး ၊ ဇလဌာနကထုတ်ပြန်သည်။  မေလ ၁၉ ရက်နေ့မှ ၂၄ ရက်နေ့အတွင်း မြစ်ဝကျွန်းပေါ် ဒေသများ ၊ မေလ ၂၅ ရက်နေ့မှ ၃၀ ရက်နေ့အတွင်း မြန်မာနိုင်ငံအလယ်ပိုင်းဒေသများ၊ မေလ ၃၁ ရက်နေ့မှ ဇွန်လ ၅ ရက်နေ့အတွင်း မြန်မာနိုင်ငံမြောက်ပိုင်းဒေသများသို့ လည်းကောင်း အသီးသီး၀င်ရောက်နိုင်သည်။  မေလအတွင်း ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်၀န်း (၂) ကြိမ် ဖြစ်ပေါ်နိုင်ပြီး (၁) ကြိမ်တွင် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ် အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း ၊ မေလအတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်သည်။  မေလအတွင်း စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ က...

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အား အပြီးသတ်သိမ်းပိုက်ရန် AA ထိုးစစ်ဆင်

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ  စစ်ကောင်စီ၏ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် အားထိုးစစ်ဆင်တိုက်ခိုက်နေပြီး နပခဌာနချုပ်၊ တိုင်းစစ်ဌာနချုပ်ဂွင် (တိုင်းစစ်ရုံး)ထဲမှ အနည်းငယ်သော နေရာအချို့သာ ကျန်ရှိတော့ကြောင်း အာရက္ခတပ်တော် AA မှထုတ်ပြန်သည်။ 

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းစစ်ရုံးထဲမှ အင်အား ရာချီခန့်ရှိသေးသော စစ်ကောင်စီတပ်သားများသည် ထိုးစစ်ကို အသည်းအသန် ခုခံကာကွယ်နေရကြောင်း AA ကဆိုသည်။

မောင်တောမြို့ နှင့် တောင်ကုတ်မြို့ရှိ စစ်ကောင်စီ၏ တပ်စခန်းများအားလုံးကို တစ်ခုမကျန်သိမ်းပိုက်ပြီးသည့်နောက်တွင် အမ်းမြို့ နှင့် ဂွမြို့ရှိ စခန်းများကို တရစပ် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း ဖော်ပြသည်။


Video - ဒီဇင်ဘာလ ၁၈ ရက်၊ အမ်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) မြင်ကွင်း။ 

စစ်ကောင်စီတပ်သည် ရခိုင်ရိုးမတောင်တန်းထက်မှ လက်နက်ကြီးများဖြင့် တိုက်ပွဲရှိရာနေရာများသို အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး တိုင်းစစ်ရုံးအတွင်းရှိ စစ်ကောင်စီ၏ တပ်ဖွဲဝင်များထံ ထိမှန်ကျရောက်ကာ သေဆုံး၊ ဒဏ်ရာရရှိမှုများရှိခဲ့ကြောင်းသိရသည်။ 

စစ်ကောင်စီတပ်က လေကြောင်းမှလည်း မရပ်မနား ပစ်ခတ်တိုက်ခိုက်နေသောကြောင့် အမ်း၊ နပခ၌ တိုက်ပွဲ ပြင်းထန်နေရခြင်းဖြစ်ကြောင်း AA မှထုတ်ပြန်သည်။ 

အမ်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ဝန်းကျင်တွင် လက်နက်ချ အလင်းဝင်ရောက်သူများ ဆက်လက်ရှိနေဆဲဖြစ်ပြီး "စောစော အလံဖြူထောင်လျှင် စောစော အသက်ရှင်ကျန်ရစ်စေမယ်။ မိသားစု၊ ဆွေမျိုးတိုနှင့် စောစော တွေ့ဆုံရလိမ့်မယ်။ လက်နက်ချ အညံ့ခံ အလံဖြူထောင်သောသူတိုင်း၏ အသက်ကို အာရက္ခတပ်တော်မှ အာမခံပါသည်"ဟု AA ကထုတ်ပြန်သည်။ 

ဂွမြို့နယ်တွင်လည်း တိုက်ပွဲများ ဆက်လက်ပြင်းထန်လျက်ရှိပြီး တိုက်ပွဲအတွင်းမှ စစ်ကောင်စီတပ်များ၏ အလောင်း၊ လက်နက်ခဲယမ်း အမြောက်အမြားထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း  AA မှထုတ်ပြန်သည်။ 

Bagan News 




Comments