Skip to main content

Latest News

ကန့်ဘလူမှာ ၁ လအတွင်း ပြည်သူ ၈ဝ ခန့် ပေါ်တာဆွဲခံရ

 အမျိုးသမီး ၂ ဦး အဓမ္မပြုကျင့်သတ်ဖြတ်ခံရကာ ၂ ဦး ပျောက်ဆုံးနေဆဲဖြစ် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ အောက်တိုဘာ တလအတွင်း စစ်တပ်က ပြည်သူ ၈၀ ခန့်ကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့တယ်လို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့(ကန့်ဘလူခရိုင်)ကပြောပါတယ်။   အောက်တိုဘာမှာပဲ စစ်တပ်က အမျိုးသမီးနှစ်ဦးကို အဓမ္မပြုကျင့်  သတ်ဖြတ်ခဲ့ပြီး နှစ်ဦး ပျောက်ဆုံးနေတယ်လို့ မြေပြင်တော်လှန်ရေးအဖွဲ့အစည်းတွေထံက သိရပါတယ်။  ပေါ်တာဆွဲ ဖမ်းခံရတဲ့သူတွေဟာ ထန်းတပင်ရွာက (၂၉) ဦး၊ ဇီးကုန်းရွာက (၁၈) ဦးနဲ့ ရွှေဘို- မြစ်ကြီးနား ဗျူဟာလမ်း စံပါယ်နံ့သာ ပျူအထိုင်စခန်းမှာ (၃၀) ဦးထက် မနည်း ဖမ်းဆီးခံရတာဖြစ်တယ်လို့ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ပါတယ်။  အောက်တိုဘာ ၉ ရက်က ဇီးကုန်းသကြားစက်က ထွက်လာတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေဟာထန်းတပင်ရွာကို ဝင်ရောက်ပြီး အမျိုးသမီးတဦးကို အဓမ္မပြုကျင့် မီးရှို့သတ်ဖြတ်ခဲ့ပါတယ်။  အဲ့ဒီရက်မှာပဲ အမျိုးသာ (၂၉) ဦးကို ကန့်ဘလူ ၆၀၀၆ တပ်ကို ပေါ်တာဆွဲဖမ်းဆီးသွားပါတယ်။သူတို့တွေကို အောက်တိုဘာ ၂၅ ရက်မှာ စစ်တပ်က Mi 17 လေယာဉ်နဲ့ စစ်သင်တန်းပေးဖို့ အဓမ္မ ပေါ်တာဆွဲ ...

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အား အပြီးသတ်သိမ်းပိုက်ရန် AA ထိုးစစ်ဆင်

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ  စစ်ကောင်စီ၏ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် အားထိုးစစ်ဆင်တိုက်ခိုက်နေပြီး နပခဌာနချုပ်၊ တိုင်းစစ်ဌာနချုပ်ဂွင် (တိုင်းစစ်ရုံး)ထဲမှ အနည်းငယ်သော နေရာအချို့သာ ကျန်ရှိတော့ကြောင်း အာရက္ခတပ်တော် AA မှထုတ်ပြန်သည်။ 

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းစစ်ရုံးထဲမှ အင်အား ရာချီခန့်ရှိသေးသော စစ်ကောင်စီတပ်သားများသည် ထိုးစစ်ကို အသည်းအသန် ခုခံကာကွယ်နေရကြောင်း AA ကဆိုသည်။

မောင်တောမြို့ နှင့် တောင်ကုတ်မြို့ရှိ စစ်ကောင်စီ၏ တပ်စခန်းများအားလုံးကို တစ်ခုမကျန်သိမ်းပိုက်ပြီးသည့်နောက်တွင် အမ်းမြို့ နှင့် ဂွမြို့ရှိ စခန်းများကို တရစပ် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း ဖော်ပြသည်။


Video - ဒီဇင်ဘာလ ၁၈ ရက်၊ အမ်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) မြင်ကွင်း။ 

စစ်ကောင်စီတပ်သည် ရခိုင်ရိုးမတောင်တန်းထက်မှ လက်နက်ကြီးများဖြင့် တိုက်ပွဲရှိရာနေရာများသို အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး တိုင်းစစ်ရုံးအတွင်းရှိ စစ်ကောင်စီ၏ တပ်ဖွဲဝင်များထံ ထိမှန်ကျရောက်ကာ သေဆုံး၊ ဒဏ်ရာရရှိမှုများရှိခဲ့ကြောင်းသိရသည်။ 

စစ်ကောင်စီတပ်က လေကြောင်းမှလည်း မရပ်မနား ပစ်ခတ်တိုက်ခိုက်နေသောကြောင့် အမ်း၊ နပခ၌ တိုက်ပွဲ ပြင်းထန်နေရခြင်းဖြစ်ကြောင်း AA မှထုတ်ပြန်သည်။ 

အမ်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ဝန်းကျင်တွင် လက်နက်ချ အလင်းဝင်ရောက်သူများ ဆက်လက်ရှိနေဆဲဖြစ်ပြီး "စောစော အလံဖြူထောင်လျှင် စောစော အသက်ရှင်ကျန်ရစ်စေမယ်။ မိသားစု၊ ဆွေမျိုးတိုနှင့် စောစော တွေ့ဆုံရလိမ့်မယ်။ လက်နက်ချ အညံ့ခံ အလံဖြူထောင်သောသူတိုင်း၏ အသက်ကို အာရက္ခတပ်တော်မှ အာမခံပါသည်"ဟု AA ကထုတ်ပြန်သည်။ 

ဂွမြို့နယ်တွင်လည်း တိုက်ပွဲများ ဆက်လက်ပြင်းထန်လျက်ရှိပြီး တိုက်ပွဲအတွင်းမှ စစ်ကောင်စီတပ်များ၏ အလောင်း၊ လက်နက်ခဲယမ်း အမြောက်အမြားထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း  AA မှထုတ်ပြန်သည်။ 

Bagan News 




Comments