Skip to main content

Latest News

KIO,CNF,KSCC, IEC , KNPP တို့ပါဝင်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ NUG ဖွဲ့

 လက်ရှိတော်လှန်ရေးကို တဆင့်တက်၍ အသွင်ကူးပြောင်းမှုကာလ အစီအမံများ ကို အတည်ပြုပြီး အသွင်ကူးပြောင်းရေး အစိုးရတရပ်အောင်မြင်စွာဖွဲ့စည်းနိုင်ရန်၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးလုပ်ငန်းစဉ်များကို လက်တွေ့အကောင်အထည်ဖော်နိုင်စေရန် ၊ စစ်ရေး၊ နိုင်ငံရေး၊ ဖက်ဒရယ်ရေးနှင့် အင်စတီကျူးရှင်းဆိုင်ရာ ကိစ္စရပ်များကို ညှိနှိုင်းဦးဆောင်လမ်းညွှန်အကောင်အထည်ဖော်ဆောင်နိုင်ရန် အတွက် "ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင် ကောင်စီကိုဖွဲ့စည်းလိုက်ကြောင်း NUG ကထုတ်ပြန်သည်။ ၎င်းကော်မတီကို မတ်လ ၃၀ ရက်နေ့တွင်အွန်လိုင်းမှတဆင့် ကနဦး ဖွဲ့စည်းခဲ့ကြောင်းသိရသည်။ ဖွဲ့စည်းခြင်းအခမ်းအနားသို့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဒုတိယဥက္ကဋ္ဌ  ဗိုလ်ချုပ်ကြီး ဂမ်ရှောင် ၊ ကေအိုင်စီ ဒုဥက္ကဋ္ဌ ဒု-ဗိုလ်ချုပ်ကြီး ဂွန်မော်  နဲ့ ဗဟိုကော်မတီဝင်များ၊ ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ  ဖဒိုစောကွယ်ထူးဝင်း၊ ဒုဥက္ကဋ္ဌ  နှင့် အဖွဲ့ဝင်များ၊ ချင်းအမျိုးသားတပ်ဦး (CNF)  ဥက္ကဋ္ဌ ပူးဇင်ကျုံး နဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီအဖွဲ့ဝင်များ၊ ကရင်နီ  ဥက္ကဋ္ဌ  ခူဦးရယ်၊ KSCC, IEC , KNPP ခေါင်းဆောင်များနှင့် အဖွဲ့ဝ...

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) စစ်သုံ့ပန်းရာချီကို AA စောင့်ရှောက်ထား

ရက္ခိုင်ပြည်နယ်၊ အမ်းမြိုနယ်ရှိ စစ်ကောင်စီ၏ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အား ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် အာရက္ခတပ်တော် AA ကတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ဖမ်းမိခဲ့သည့် စစ်သုံ့ပန်းရာချီကို  ဆေးကုသပေးခြင်း၊ကျွေးမွေးစောင့်ရှောက်ခြင်းများပြုလုပ်ထားကြောင်း ရုပ်သံမှတ်တမ်းနှင့်ထုတ်ပြန်သည်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ)မှ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်း၊တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းနှင့်  စစ်သုံ့ပန်းရာချီကို ဖမ်းမိခဲ့သည့် ဓာတ်ပုံများလည်း ရုပ်သံဖိုင်တွင်ဖော်ပြထားသည်။

နပခမှ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်း၊တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်း

ရက္ခိုင်ပြည်နယ်ရှိ ပေါက်တောမြို့၊ မင်းပြားမြို့၊ မြောက်ဦးမြို့၊ ကျောက်တော်မြို့၊ မြေပုံမြို့၊ ပုဏ္ဏားကျွန်းမြို့၊ ရမ်းဗြဲမြို့၊ ရသေ့တောင်မြို့၊ ဘူးသီးတောင်မြို့ သံတွဲမြို့ တောင်ကုတ်မြို့နှင့် မောင်တောမြို့တို အပြင် ချင်းပြည်နယ်၊ပလက်ဝမြို့ကိုလည်း သိမ်းပိုက်ထိန်းချုပ်ထားကြောင်း အာရက္ခတပ်တော် AA ကထုတ်ပြန်သည်။ 

Bagan News 



 

Comments