Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

မင်းလှမြိုနယ်တွင် စစ်ကောင်စီစစ်ကြောင်းအား မိုင်းဆွဲတိုက်ခိုက် တပ်သား ၄ဝ ဦးသေဆုံး

 ပဲခူးတိုင်း ၊ သာယာဝတီခရိုင်၊ မင်းလှမြိုနယ် ပဲခူးရိုးမအတွင်းရှိ ခါချဉ်‌တောင်ပေါ်သို့တက်လာသော အင်အား ၈ဝဦးခန့်ပါသည့် စစ်ကောင်စီစစ်ကြောင်းအား နိုဝင်ဘာ ၂၇ ရက်နေ့ နံနက်၌ ဥတလုံးတောင်အနီးတွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား (၄ဝ) ဦးသေဆုံးခဲ့ပြီး (၁၅) ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ တောင်ပိုင်းစစ်ဒေသမှထုတ်ပြန်သည်။ 


ဌင်းစစ်ကြောင်းအား တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲ၊ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ ရဲဘော်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အပြန်အလှန်ပစ်ခတ်မှုတိုက်ပွဲကြာချိန် မိနစ် ၃ဝ ခန့်ရှိပြီး  ရဲဘော်တဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသမှထုတ်ပြန်သည်။ 

ကရင်ပြည်နယ်၊မွန်ပြည်နယ်နှင့် ပဲခူးတိုင်းတို့ပါဝင်သည့် NUG ၏ တောင်ပိုင်းစစ်ဒေသနယ်မြေတွင် ပြီးခဲ့သည့်  နိုဝင်ဘာ ၂၃ မှ နိုဝင်ဘာ ၂၉ ရက်နေ့ အတွင်း တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၅၂ ဦး သေဆုံးခဲ့ကြောင်း  တောင်ပိုင်းစစ်ဒေသမှထုတ်ပြန်ထားသည်။

Comments