Skip to main content

Latest News

ကန့်ဘလူမှာ ၁ လအတွင်း ပြည်သူ ၈ဝ ခန့် ပေါ်တာဆွဲခံရ

 အမျိုးသမီး ၂ ဦး အဓမ္မပြုကျင့်သတ်ဖြတ်ခံရကာ ၂ ဦး ပျောက်ဆုံးနေဆဲဖြစ် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ အောက်တိုဘာ တလအတွင်း စစ်တပ်က ပြည်သူ ၈၀ ခန့်ကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့တယ်လို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့(ကန့်ဘလူခရိုင်)ကပြောပါတယ်။   အောက်တိုဘာမှာပဲ စစ်တပ်က အမျိုးသမီးနှစ်ဦးကို အဓမ္မပြုကျင့်  သတ်ဖြတ်ခဲ့ပြီး နှစ်ဦး ပျောက်ဆုံးနေတယ်လို့ မြေပြင်တော်လှန်ရေးအဖွဲ့အစည်းတွေထံက သိရပါတယ်။  ပေါ်တာဆွဲ ဖမ်းခံရတဲ့သူတွေဟာ ထန်းတပင်ရွာက (၂၉) ဦး၊ ဇီးကုန်းရွာက (၁၈) ဦးနဲ့ ရွှေဘို- မြစ်ကြီးနား ဗျူဟာလမ်း စံပါယ်နံ့သာ ပျူအထိုင်စခန်းမှာ (၃၀) ဦးထက် မနည်း ဖမ်းဆီးခံရတာဖြစ်တယ်လို့ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ပါတယ်။  အောက်တိုဘာ ၉ ရက်က ဇီးကုန်းသကြားစက်က ထွက်လာတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေဟာထန်းတပင်ရွာကို ဝင်ရောက်ပြီး အမျိုးသမီးတဦးကို အဓမ္မပြုကျင့် မီးရှို့သတ်ဖြတ်ခဲ့ပါတယ်။  အဲ့ဒီရက်မှာပဲ အမျိုးသာ (၂၉) ဦးကို ကန့်ဘလူ ၆၀၀၆ တပ်ကို ပေါ်တာဆွဲဖမ်းဆီးသွားပါတယ်။သူတို့တွေကို အောက်တိုဘာ ၂၅ ရက်မှာ စစ်တပ်က Mi 17 လေယာဉ်နဲ့ စစ်သင်တန်းပေးဖို့ အဓမ္မ ပေါ်တာဆွဲ ...

မင်းလှမြိုနယ်တွင် စစ်ကောင်စီစစ်ကြောင်းအား မိုင်းဆွဲတိုက်ခိုက် တပ်သား ၄ဝ ဦးသေဆုံး

 ပဲခူးတိုင်း ၊ သာယာဝတီခရိုင်၊ မင်းလှမြိုနယ် ပဲခူးရိုးမအတွင်းရှိ ခါချဉ်‌တောင်ပေါ်သို့တက်လာသော အင်အား ၈ဝဦးခန့်ပါသည့် စစ်ကောင်စီစစ်ကြောင်းအား နိုဝင်ဘာ ၂၇ ရက်နေ့ နံနက်၌ ဥတလုံးတောင်အနီးတွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား (၄ဝ) ဦးသေဆုံးခဲ့ပြီး (၁၅) ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ တောင်ပိုင်းစစ်ဒေသမှထုတ်ပြန်သည်။ 


ဌင်းစစ်ကြောင်းအား တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲ၊ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ ရဲဘော်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အပြန်အလှန်ပစ်ခတ်မှုတိုက်ပွဲကြာချိန် မိနစ် ၃ဝ ခန့်ရှိပြီး  ရဲဘော်တဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသမှထုတ်ပြန်သည်။ 

ကရင်ပြည်နယ်၊မွန်ပြည်နယ်နှင့် ပဲခူးတိုင်းတို့ပါဝင်သည့် NUG ၏ တောင်ပိုင်းစစ်ဒေသနယ်မြေတွင် ပြီးခဲ့သည့်  နိုဝင်ဘာ ၂၃ မှ နိုဝင်ဘာ ၂၉ ရက်နေ့ အတွင်း တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၅၂ ဦး သေဆုံးခဲ့ကြောင်း  တောင်ပိုင်းစစ်ဒေသမှထုတ်ပြန်ထားသည်။

Comments