Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ကျိုက်ထို ၊ လယ်ဒိုနှင့် ဆောထိမြို့နယ် ပြည်သူများ ထိမှန်

စစ်ကောင်စီတပ်၏ ပစ်ခတ်မှုများကြောင့် မွန်ပြည်နယ် ၊ ကျိုက်ထိုမြို့နယ်နှင့် ပဲခူးတိုင်း ၊ ညောင်လေးပင်ခရိုင်(ခလယ်လွီထူ)လယ်ဒိုနှင့် ဆောထိမြို့နယ်ရှိပြည်သူများ ထိမှန်ဒဏ်ရာရရှိခဲ့ရပြီး နေအိမ်များပျက်စီးခဲ့ကြောင်း ကေအဲန်ယူ−ဗဟိုမှထုတ်ပြန်သည်။

ဓါတ်ပုံ − စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပျက်စီးမှုများ။

ကျိုက်ထိုမြို့နယ်တွင် သိမ်ဇရပ်အမြောက်တပ် (အမှတ်-၃၁၀) မှ  စစ်ကောင်စီတပ်သည် ၂၀၂၄ခုနှစ် အောက်တိုဘာလ (၃၀)ရက်နေ့ ညတွင် (၁၂၀) မမ လက်နက်ကြီး (၂)လုံး ပစ်ခတ်မှုကြောင့်  ဝင်းကံစစ်ဆေးရေးဂိတ်အနီးရှိ ခရွဲကျေးနယ် အပိုင်း ရော်ဘာခြံအနီးတဝိုက်အတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ရော်ဘာအစေး ခြစ်နေသည့် ဒေသခံအလုပ်သမား အမျိုးသမီး (၁)ဦး၊ မိန်းကလေး(၁) ဦးနှင့်  ကလေး (၁)ဦး လက်နက်ကြီးကျည်စထိမှန်ခဲ့ကြောင်းသိရသည်။

အလားတူ လယ်ဒို မြို့နယ် နှင့် ဆောထိမြို့နယ်တို့တွင်  စစ်ကောင်စီတပ်မှ ဒီဇင်ဘာလ ၇ ရက်မှ ၉ ရက်အတွင်း ပြည်သူများ နေထိုင်ရာ ကျေးရွာအတွင်းသို့ လက်နက်ကြီး စုစုပေါင်း (၁၃)လုံး ပစ်ခတ်ခဲ့ရာ အသက် (၁) နှစ်အရွယ် ကလေးငယ်(၁)ဦးအပါအဝင် ဒေသခံပြည်သူ (၃)ဦး ကျည်စထိမှန်ဒဏ်ရာရပြီး ဒေသခံများ၏ နေအိမ် (၃)လုံး၊ ပုဇင်း(၁)စီးနှင့် ဆိုင်ကယ်(၁)စီးတို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ကေအဲန်ယူ−ဗဟိုမှထုတ်ပြန်သည်။

Bagan News 


Comments