မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။ အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။ မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။ ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့် တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...
မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်တွင် ပါဝင်သည့် ကျောက်ထုမြို့နယ်၊ကံကြီးကျေးရွာတွင် စစ်ကောင်စီတပ်မှ ဒရုန်းဖြင့်တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ဗုံးသီးချပစ်ခတ်မှုကြောင့် ဒေသခံ ၂ ဦးသေဆုံးခဲ့ကြောင်း ယောအလင်းတန်းအဖွဲ့မှသိရသည်။
ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ကျောက်ထုမြို့နယ်စစ်တပ်တွင်းမှ ဒရုန်းဖြင့်ပျံသန်းကာ ဒရုန်းဗုံးသီးပစ်ချခဲ့မှုကြောင့် ကံကြီးကျေးရွာ ဒေသအခေါ် ယောမြောင်းကြီးအနီး ကျရောက်ပေါက်ကွဲခဲ့ကြောင်းသိရသည်။
ဗုံးစထိမှန်မှုကြောင့် ကံကြီးကျေးရွာနေ ဒေါ်ခင်တိုးကြည် အသက် (၄၇)နှစ်သည်နေရာ၌ပွဲချင်းသေဆုံးခဲ့ပြီး ဒေါ်လှဝင်း အသက်(၆၄)နှစ်သည် ရရှိဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။
ကျောက်ထုမြို့နယ် အမတ - ၃၆၈ တပ်ရင်းမှူး ဘုန်းဝင်း ဦးဆောင်သည့် စစ်ကောင်စီတပ်သားများသည် ပြည်သူတွေကိုဦးတည်က စစ်ရာဇဝတ်မှုများဆက်တိုက် ကျူးလွန်နေကြောင်း ၊ကျောက်ထုတပ်ထဲမှ လက်နက်ကြီးရမ်းသန်းပစ်ခတ်ခြင်း၊ဒရုန်းဗုံးသီးချခြင်းများအချိန်မရွေးပြုလုပ်နိုင်ခြင်းကြောင့် အထူးဂရုစိုက်ကြရန် အသိပေးကြောင်း ယောအလင်းတန်းအဖွဲ့မှထုတ်ပြန်သည်။

Comments
Post a Comment