Skip to main content

Latest News

ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၄၉ ဦးရှိလာ

 ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့၊ ကစ္ဆပနဒီတံတားအနီးဝန်းကျင်နှင့် အိန္ဒိယဈေးဝန်းကျင်အား စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့်  သေဆုံးသူ ၄၉ ဦးရှိလာကြောင်း အာရက္ခတပ်တော် - AA ကထုတ်ပြန်သည်။  ယမန်နေ့ ၊ စက်တင်ဘာလ (၂၈) ရက်နေ့၊ နေ့လယ် (၁၂) နာရီ (၁၀) မိနစ် နှင့် (၁၂) နာရီ (၁၄) မိနစ်အချိန်တွင် စစ်တပ်၏ ဂျက်တိုက်လေယာဉ် (၁) စီးမှ ကျောက်တော်မြို့၊ ကစ္ဆပနဒီ တံတားအနီးဝန်းကျင်၊ အိန္ဒိယစျေးဝန်းကျင်အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။  စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်မှုကြောင့်  ထိခိုက်ဒဏ်ရာရရှိသူလည်း (၅၈) ဦးအထိ ရှိလာပြီး ယင်းအထဲတွင် ပြင်းထန်ဒဏ်ရာရခဲ့သူ ၂၂ ဦးရှိကြောင်းသိရသည်။  အလားတူ စစ်တပ်က ယမန်နေ့ ၊ နေ့လယ် တွင် မင်းပြားမြို့နယ် ၊ စွန်ရဲကျေးရွာနှင့် သံတွဲမြိုနယ်၊ ငပလီကို ဂျက်တိုက်လေယာဉ် (၁) စီးဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ၉ ဦးရှိကြောင်း AA ကထုတ်ပြန်သည်။  - BAGAN NEWS  

စစ်ကောင်စီ ဒရုန်းဖြင့် ဗုံးသီးချပစ်ခတ်မှုကြောင့် ကျောက်ထုမြို့နယ် ဒေသခံ ၂ ဦးသေဆုံး

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်တွင် ပါဝင်သည့် ကျောက်ထုမြို့နယ်၊ကံကြီးကျေးရွာတွင် စစ်ကောင်စီတပ်မှ ဒရုန်းဖြင့်တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ဗုံးသီးချပစ်ခတ်မှုကြောင့် ဒေသခံ ၂ ဦးသေဆုံးခဲ့ကြောင်း ယောအလင်းတန်းအဖွဲ့မှသိရသည်။

ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ကျောက်ထုမြို့နယ်စစ်တပ်တွင်းမှ ဒရုန်းဖြင့်ပျံသန်းကာ ဒရုန်းဗုံးသီးပစ်ချခဲ့မှုကြောင့် ကံကြီးကျေးရွာ ဒေသအခေါ် ယောမြောင်းကြီးအနီး ကျရောက်ပေါက်ကွဲခဲ့ကြောင်းသိရသည်။

ဗုံးစထိမှန်မှုကြောင့် ကံကြီးကျေးရွာနေ ဒေါ်ခင်တိုးကြည် အသက် (၄၇)နှစ်သည်နေရာ၌ပွဲချင်းသေဆုံးခဲ့ပြီး ဒေါ်လှဝင်း အသက်(၆၄)နှစ်သည် ရရှိဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။

ကံကြီးကျေးရွာခံအသက်(၃၆)နှစ်အရွယ် အမျိုးသား တဦးသည်လည်း ခြေထောက်၌ ဗုံးသီးစထိမှန်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

ကျောက်ထုမြို့နယ် အမတ - ၃၆၈ တပ်ရင်းမှူး ဘုန်းဝင်း ဦးဆောင်သည့် စစ်ကောင်စီတပ်သားများသည် ပြည်သူတွေကိုဦးတည်က စစ်ရာဇဝတ်မှုများဆက်တိုက် ကျူးလွန်နေကြောင်း ၊ကျောက်ထုတပ်ထဲမှ လက်နက်ကြီးရမ်းသန်းပစ်ခတ်ခြင်း၊ဒရုန်းဗုံးသီးချခြင်းများအချိန်မရွေးပြုလုပ်နိုင်ခြင်းကြောင့် အထူးဂရုစိုက်ကြရန် အသိပေးကြောင်း ယောအလင်းတန်းအဖွဲ့မှထုတ်ပြန်သည်။




Comments