Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

ရှမ်းပြည်နယ်တွင်စစ်အုပ်စုကြောင့် ၃ လအတွင်း ၄၆ ဦး သေဆုံး

ရှမ်းပြည်နယ်တွင်၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၁၂ ရက်နေ့အထိ  စစ်အုပ်စုကြောင့် အမျိုးသမီး (၂၇) ဦးနှင့် အမျိုးသား (၁၉) ဦး စုစုပေါင်း (၄၆) ဦး သေဆုံးခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)မှ ထုတ်ပြန်သည်။ 

ထိုအရေအတွက်တွင် အသက် ၁၈ နှစ်အောက် ကလေးငယ် (၄) ဦးနှင့် အသက် ၆၀ နှစ်အထက် သေဆုံးသူ (၃) ဦး ပါဝင်သည်။ 

ဓာတ်ပုံ-စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ဆီဆိုင်၊ဟိုပုံးမြို့နယ်တွင်းထိခိုက်ပျက်စီးမှုများ။ (Photo - PNLA)

အဆိုပါ (၄၆) ဦးအနက်  (၃၈) ဦးမှာ စစ်အုပ်စု၏ လေကြောင်းဖြင့် တိုက်ခိုက်မှုကြောင့် အများဆုံးသေဆုံးခဲ့ပြီး ကျန် (၈) ဦးမှာ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ကြောင်း  အေအေပီပီမှ ထုတ်ပြန်သည်။ 

ဒီဇင်ဘာလ ၂ ရက်နေ့၊ နံနက် ၁၀ နာရီဝန်းကျင်ခန့်တွင် ရှမ်းပြည်နယ်၊ ဆီဆိုင်မြို့နယ်၊ နောင်ရင်းကျေးရွာကို စစ်အုပ်စုနှင့်  ပအိုဝ်းပြည်သူ့စစ် (PNO) တို့မှ ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

စစ်ကောင်စီဗုံးကြဲတိုက်ခိုက်မှုကြောင့်  တောင်ယာခြံထဲတွင် ပြောင်းဖူးချိုးနေသည့် အမျိုးသားဖြစ်သူ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၎င်း၏ ဇနီးဖြစ်သူ နှင့် ကလေးငယ်တို့မှာ ဗုံးစထိမှန်ကာ နေရာ၌ သေဆုံးခဲ့သည်။

အေအေပီပီစာရင်းအရ ၂၀၂၁ ခုနှစ် ၊ ဖေဖော်ဝါရီလ ၁ ရက် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ   ၂၀၂၄ ခုနှစ် ၊ဒီဇင်ဘာလ ၁၂ ရက်အထိ စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၆၀၄၆) ဦး ရှိသည်။ 

ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၇၈၆၂) ဦးရှိပြီး ထိုအထဲမှ (၂၁၂၉၂) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၉၆၆၆) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်။ 

Bagan News 

Comments