Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် တအာင်း ဒေသခံ ၃၈ ဦးသေဆုံး

ရှမ်းပြည်နယ် မြောက်ပိုင်းရှိ တအာင်းဒေသတွင် နိုဝင်ဘာလ(၁)လအတွင်း စစ်ကောင်စီတပ်၏ လေကြောင်းမှတစ်ဆင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ(၃၈)ဦးသေဆုံးခဲ့ပြီး (၇ဝ)ဦး ဒဏ်ရာရရှိကာ နေအိမ်(၁၃ဝ)လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း တအာင်းတပ်မတော် TNLA မှထုတ်ပြန်သည်။ 

ထုတ်ပြန်ချက်အရ နောင်ချိုမြို့တွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲမှုကြောင့် ဒေသခံ (၁၆)ဦးသေဆုံးပြီး ဦးဇင်း (၂)ပါး အပါအဝင် (၂၅)ဦး ထိခိုက်ဒဏ်ရာရရှိကာ  နေအိမ် (၅၇)လုံးနှင့် ကား(၈)စီး ပျက်စီးခဲ့သည်။

Photo - TNLA

မိုးကုတ်မြို့ အရှေ့ပိုင်းနှင့် အနောက်ပိုင်းတွင်လည်း စစ်ကောင်စီတပ်မှ ဂျက်ဖိုတ်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ (၉)ဦးသေဆုံးပြီး ကလေးငယ် တဦးအပါအဝင် (၁၃)ဦး ထိခိုက်ဒဏ်ရာရရှိကာ  နေအိမ် (၁ဝ)လုံး ပျက်စီးခဲ့သည်။

အလားတူ မိုင်းငေါ့မြို့ မန်လုံရပ်ကွက်တွင်လည်း စစ်ကောင်စီတပ်မှ ပေါင်(၃ဝဝ)ဗုံး လာရောက်ကြဲချမှုကြောင့် ဒေသခံ (၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် (၂၂)လုံး ထိခိုက်ပျက်စီး ခဲ့သည်။

ထို့အပြင် ကွတ်ခိုင်မြို့ ရပ်ကွက်(၄)တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ (၃)ဦးသေဆုံးပြီး ကလေးငယ်အပါအဝင် (၇)ဦးထိခိုက်ဒဏ်ရာရရှိကာ နေအိမ်(၁၆)လုံး ထိခိုက်ပျက်စီးခဲ့သည်။

ထို့အတူ နိုဝင်ဘာလ ၃၀ ရက်နေ့ ညတွင် ကျောက်မဲမြို့ အင်ကြင်းတောင်ရပ်ကွက်တွင် စစ်ကောင်စီတပ်က လေကြောင်းမှတဆင့် ပေါင်(၅ဝဝ)ဗုံးဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဒေသခံ (၁ဝ)ဦးသေဆုံးပြီး (၂ဝ)ဦး ဒဏ်ရာရရှိကာ နေအိမ်(၂၅)လုံးကျော် ထိခိုက်ပျက်စီးခဲ့သည်။

စစ်ကောင်စီတပ်သည် လေကြောင်းအသုံးပြုပြီး နေ့စဉ်  ဗုံးကြဲချတိုက်ခိုက်ခဲ့ခြင်းကြောင့် လူထိခိုက်သေဆုံးမှုရှိသည့်အပြင် ကား၊ နေအိမ်နှင့် ဈေးဆိုင်ခန်းအများအပြားထိခိုက်ပျက်စီးခဲ့ ကြောင်း TNLA မှထုတ်ပြန်သည်။ 

Bagan News 


Comments