Skip to main content

Latest News

ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၄၉ ဦးရှိလာ

 ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့၊ ကစ္ဆပနဒီတံတားအနီးဝန်းကျင်နှင့် အိန္ဒိယဈေးဝန်းကျင်အား စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့်  သေဆုံးသူ ၄၉ ဦးရှိလာကြောင်း အာရက္ခတပ်တော် - AA ကထုတ်ပြန်သည်။  ယမန်နေ့ ၊ စက်တင်ဘာလ (၂၈) ရက်နေ့၊ နေ့လယ် (၁၂) နာရီ (၁၀) မိနစ် နှင့် (၁၂) နာရီ (၁၄) မိနစ်အချိန်တွင် စစ်တပ်၏ ဂျက်တိုက်လေယာဉ် (၁) စီးမှ ကျောက်တော်မြို့၊ ကစ္ဆပနဒီ တံတားအနီးဝန်းကျင်၊ အိန္ဒိယစျေးဝန်းကျင်အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။  စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်မှုကြောင့်  ထိခိုက်ဒဏ်ရာရရှိသူလည်း (၅၈) ဦးအထိ ရှိလာပြီး ယင်းအထဲတွင် ပြင်းထန်ဒဏ်ရာရခဲ့သူ ၂၂ ဦးရှိကြောင်းသိရသည်။  အလားတူ စစ်တပ်က ယမန်နေ့ ၊ နေ့လယ် တွင် မင်းပြားမြို့နယ် ၊ စွန်ရဲကျေးရွာနှင့် သံတွဲမြိုနယ်၊ ငပလီကို ဂျက်တိုက်လေယာဉ် (၁) စီးဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ၉ ဦးရှိကြောင်း AA ကထုတ်ပြန်သည်။  - BAGAN NEWS  

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် တအာင်း ဒေသခံ ၃၈ ဦးသေဆုံး

ရှမ်းပြည်နယ် မြောက်ပိုင်းရှိ တအာင်းဒေသတွင် နိုဝင်ဘာလ(၁)လအတွင်း စစ်ကောင်စီတပ်၏ လေကြောင်းမှတစ်ဆင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ(၃၈)ဦးသေဆုံးခဲ့ပြီး (၇ဝ)ဦး ဒဏ်ရာရရှိကာ နေအိမ်(၁၃ဝ)လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း တအာင်းတပ်မတော် TNLA မှထုတ်ပြန်သည်။ 

ထုတ်ပြန်ချက်အရ နောင်ချိုမြို့တွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲမှုကြောင့် ဒေသခံ (၁၆)ဦးသေဆုံးပြီး ဦးဇင်း (၂)ပါး အပါအဝင် (၂၅)ဦး ထိခိုက်ဒဏ်ရာရရှိကာ  နေအိမ် (၅၇)လုံးနှင့် ကား(၈)စီး ပျက်စီးခဲ့သည်။

Photo - TNLA

မိုးကုတ်မြို့ အရှေ့ပိုင်းနှင့် အနောက်ပိုင်းတွင်လည်း စစ်ကောင်စီတပ်မှ ဂျက်ဖိုတ်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ (၉)ဦးသေဆုံးပြီး ကလေးငယ် တဦးအပါအဝင် (၁၃)ဦး ထိခိုက်ဒဏ်ရာရရှိကာ  နေအိမ် (၁ဝ)လုံး ပျက်စီးခဲ့သည်။

အလားတူ မိုင်းငေါ့မြို့ မန်လုံရပ်ကွက်တွင်လည်း စစ်ကောင်စီတပ်မှ ပေါင်(၃ဝဝ)ဗုံး လာရောက်ကြဲချမှုကြောင့် ဒေသခံ (၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် (၂၂)လုံး ထိခိုက်ပျက်စီး ခဲ့သည်။

ထို့အပြင် ကွတ်ခိုင်မြို့ ရပ်ကွက်(၄)တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ (၃)ဦးသေဆုံးပြီး ကလေးငယ်အပါအဝင် (၇)ဦးထိခိုက်ဒဏ်ရာရရှိကာ နေအိမ်(၁၆)လုံး ထိခိုက်ပျက်စီးခဲ့သည်။

ထို့အတူ နိုဝင်ဘာလ ၃၀ ရက်နေ့ ညတွင် ကျောက်မဲမြို့ အင်ကြင်းတောင်ရပ်ကွက်တွင် စစ်ကောင်စီတပ်က လေကြောင်းမှတဆင့် ပေါင်(၅ဝဝ)ဗုံးဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဒေသခံ (၁ဝ)ဦးသေဆုံးပြီး (၂ဝ)ဦး ဒဏ်ရာရရှိကာ နေအိမ်(၂၅)လုံးကျော် ထိခိုက်ပျက်စီးခဲ့သည်။

စစ်ကောင်စီတပ်သည် လေကြောင်းအသုံးပြုပြီး နေ့စဉ်  ဗုံးကြဲချတိုက်ခိုက်ခဲ့ခြင်းကြောင့် လူထိခိုက်သေဆုံးမှုရှိသည့်အပြင် ကား၊ နေအိမ်နှင့် ဈေးဆိုင်ခန်းအများအပြားထိခိုက်ပျက်စီးခဲ့ ကြောင်း TNLA မှထုတ်ပြန်သည်။ 

Bagan News 


Comments