Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

ရွှေကျင်မြို့နယ်တွင် စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး သေဆုံး

ပဲခူးတိုင်း၊ညောင်လေးပင်ခရိုင်(ခလယ်လွီထူခရိုင်) ရွှေကျင်မြို့နယ်(ဆောထိမြို့နယ်)တွင် စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး သေဆုံး ခဲ့ကြောင်း ကေအဲန်ယူ−ဗဟိုမှထုတ်ပြန်သည်။ 

ဒီဇင်ဘာလ (၁၀) ရက်နေ့တွင် ရွှေကျင်မြို့နယ်အတွင်း ရှိ စစ်ကောင်စီတပ် ခလရ−၅၇ တပ်ပေါင်းစုမှ ရုံးတိုင်းကျေးရွာသို့ လက်နက်ကြီး ၆၀မမ (၂) လုံးပစ်ခတ်ခဲ့ရာ ရုံးတိုင်းကျေးရွာမှ ဒေါ်သေး(၆၇)နှစ် ထိခိုက်သေဆုံးခဲ့ကြောင်းသိရသည်။

ဓါတ်ပုံ − စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့်  ထိခိုက်မှုများ။

ဒီဇင်ဘာလ (၁၁)ရက်နေ့တွင် ပိန်းဇလုပ်အခြေစိုက်တပ် ခလရ-၂၆၄မှ ချုံအင်းကျေးရွာသို့ လက်နက်ကြီး ၁၂၀မမ (၁)လုံး၊ ဂွေးကုန်းကျေးရွာသို့ လက်နက်ကြီး ၁၂၀မမ (၁)လုံး ပစ်ခတ်ခဲ့ကြောင်း ကေအဲန်ယူက ထုတ်ပြန်သည်။ 

ဌင်းပြင် ဒီဇင်ဘာလ (၁၂) ရက်နေ့တွင် အင်္ဂနီကျေးရွာတွင် အခြေချထားသော ခလရ-၅၇ မှ စံဖဲကျေးရွာသို့ လက်နက်ကြီး စုစုပေါင်း(၅)လုံး ပစ်ခတ်ခဲ့ရာ စံဖဲကျေးရွာမှ ဦးခင်ဝင်း(၄၂)နှစ် နှင့်  မစန်းမူ (၄၅) နှစ် တို့ (၂)ဦး လက်နက်ကြီးကျည်စထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Bagan News 

Comments