Skip to main content

Latest News

ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၄၉ ဦးရှိလာ

 ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့၊ ကစ္ဆပနဒီတံတားအနီးဝန်းကျင်နှင့် အိန္ဒိယဈေးဝန်းကျင်အား စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့်  သေဆုံးသူ ၄၉ ဦးရှိလာကြောင်း အာရက္ခတပ်တော် - AA ကထုတ်ပြန်သည်။  ယမန်နေ့ ၊ စက်တင်ဘာလ (၂၈) ရက်နေ့၊ နေ့လယ် (၁၂) နာရီ (၁၀) မိနစ် နှင့် (၁၂) နာရီ (၁၄) မိနစ်အချိန်တွင် စစ်တပ်၏ ဂျက်တိုက်လေယာဉ် (၁) စီးမှ ကျောက်တော်မြို့၊ ကစ္ဆပနဒီ တံတားအနီးဝန်းကျင်၊ အိန္ဒိယစျေးဝန်းကျင်အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။  စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်မှုကြောင့်  ထိခိုက်ဒဏ်ရာရရှိသူလည်း (၅၈) ဦးအထိ ရှိလာပြီး ယင်းအထဲတွင် ပြင်းထန်ဒဏ်ရာရခဲ့သူ ၂၂ ဦးရှိကြောင်းသိရသည်။  အလားတူ စစ်တပ်က ယမန်နေ့ ၊ နေ့လယ် တွင် မင်းပြားမြို့နယ် ၊ စွန်ရဲကျေးရွာနှင့် သံတွဲမြိုနယ်၊ ငပလီကို ဂျက်တိုက်လေယာဉ် (၁) စီးဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ၉ ဦးရှိကြောင်း AA ကထုတ်ပြန်သည်။  - BAGAN NEWS  

ရွှေကျင်မြို့နယ်တွင် စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး သေဆုံး

ပဲခူးတိုင်း၊ညောင်လေးပင်ခရိုင်(ခလယ်လွီထူခရိုင်) ရွှေကျင်မြို့နယ်(ဆောထိမြို့နယ်)တွင် စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး သေဆုံး ခဲ့ကြောင်း ကေအဲန်ယူ−ဗဟိုမှထုတ်ပြန်သည်။ 

ဒီဇင်ဘာလ (၁၀) ရက်နေ့တွင် ရွှေကျင်မြို့နယ်အတွင်း ရှိ စစ်ကောင်စီတပ် ခလရ−၅၇ တပ်ပေါင်းစုမှ ရုံးတိုင်းကျေးရွာသို့ လက်နက်ကြီး ၆၀မမ (၂) လုံးပစ်ခတ်ခဲ့ရာ ရုံးတိုင်းကျေးရွာမှ ဒေါ်သေး(၆၇)နှစ် ထိခိုက်သေဆုံးခဲ့ကြောင်းသိရသည်။

ဓါတ်ပုံ − စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့်  ထိခိုက်မှုများ။

ဒီဇင်ဘာလ (၁၁)ရက်နေ့တွင် ပိန်းဇလုပ်အခြေစိုက်တပ် ခလရ-၂၆၄မှ ချုံအင်းကျေးရွာသို့ လက်နက်ကြီး ၁၂၀မမ (၁)လုံး၊ ဂွေးကုန်းကျေးရွာသို့ လက်နက်ကြီး ၁၂၀မမ (၁)လုံး ပစ်ခတ်ခဲ့ကြောင်း ကေအဲန်ယူက ထုတ်ပြန်သည်။ 

ဌင်းပြင် ဒီဇင်ဘာလ (၁၂) ရက်နေ့တွင် အင်္ဂနီကျေးရွာတွင် အခြေချထားသော ခလရ-၅၇ မှ စံဖဲကျေးရွာသို့ လက်နက်ကြီး စုစုပေါင်း(၅)လုံး ပစ်ခတ်ခဲ့ရာ စံဖဲကျေးရွာမှ ဦးခင်ဝင်း(၄၂)နှစ် နှင့်  မစန်းမူ (၄၅) နှစ် တို့ (၂)ဦး လက်နက်ကြီးကျည်စထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Bagan News 

Comments