Skip to main content

Latest News

ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၄၉ ဦးရှိလာ

 ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့၊ ကစ္ဆပနဒီတံတားအနီးဝန်းကျင်နှင့် အိန္ဒိယဈေးဝန်းကျင်အား စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့်  သေဆုံးသူ ၄၉ ဦးရှိလာကြောင်း အာရက္ခတပ်တော် - AA ကထုတ်ပြန်သည်။  ယမန်နေ့ ၊ စက်တင်ဘာလ (၂၈) ရက်နေ့၊ နေ့လယ် (၁၂) နာရီ (၁၀) မိနစ် နှင့် (၁၂) နာရီ (၁၄) မိနစ်အချိန်တွင် စစ်တပ်၏ ဂျက်တိုက်လေယာဉ် (၁) စီးမှ ကျောက်တော်မြို့၊ ကစ္ဆပနဒီ တံတားအနီးဝန်းကျင်၊ အိန္ဒိယစျေးဝန်းကျင်အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။  စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်မှုကြောင့်  ထိခိုက်ဒဏ်ရာရရှိသူလည်း (၅၈) ဦးအထိ ရှိလာပြီး ယင်းအထဲတွင် ပြင်းထန်ဒဏ်ရာရခဲ့သူ ၂၂ ဦးရှိကြောင်းသိရသည်။  အလားတူ စစ်တပ်က ယမန်နေ့ ၊ နေ့လယ် တွင် မင်းပြားမြို့နယ် ၊ စွန်ရဲကျေးရွာနှင့် သံတွဲမြိုနယ်၊ ငပလီကို ဂျက်တိုက်လေယာဉ် (၁) စီးဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ၉ ဦးရှိကြောင်း AA ကထုတ်ပြန်သည်။  - BAGAN NEWS  

ဆီဆိုင်မြို့နယ်တွင် ဘုန်းကြီးကားကို စစ်ကောင်စီပစ်ခတ် ထီစဲးခါးကျောင်းဆရာတော် ပျံလွန်တော်မူ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြိုနယ် ဆီဆိုင်-လွိင်ကော်လမ်းမကြီးပေါ် တွင်ဖြတ်သန်းသွားလာနေသည့် ဘုန်းကြီးကားကို စစ်ကောင်စီတပ်ကပစ်ခတ်ခဲ့ပြီး လိုက်ပါလာသည့် ထီစဲးခါးကျောင်းဆရာတော် ပျံလွန်တော်မူခဲ့ပြီး ယာဉ်ပေါ်ပါသည့် အခြားဆရာတော် ၂ ပါးလည်း ပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြောင်း ပအဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA မှယနေ့ထုတ်ပြန်သည်။

Photo - PNLA

ယမန်နေ့ နိုဝင်ဘာလ ၃ဝ ရက်နေ့ နေ့လည် ၂ နာရီအချိန်တွင် အောင်ကလပ်ကျေးရွာတွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲများသည် ထီးစဲခါးရေတံခွန်ကျောင်းမှ ဆရာတော်၏ကားကို ဝိုင်းဝန်း ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီ တယ်လီဂရမ်ချယ်နယ်များတွင် PDF ကပစ်ခတ်ခြင်းဟု ဝါဒဖြန့်ရေးသားထားသည်။

စစ်ကောင်စီနှင့်စစ်ကောင်စီလက်အောက်ခံPNO ပြည်သူ့စစ်သည် ပအိုဝ်းကျေးရွာများအား ဖျက်ဆီးခြင်း ၊ ပြည်သူများအားသတ်ဖြတ်ခြင်း၊ ရဟန်းသံဃာတော်များအား ပစ်ခတ်သတ်ဖြတ်ခြင်းများကို ကျူးလွန်လျက်ရှိကြောင်း PNLA မှထုတ်ပြန်သည်။

 ယမန်နေ့ နိုဝင်ဘာ ၃ဝရက်နေ့ မနက် ၄ နာရီအချိန်တွင်လည်း စစ်ကောင်စီမှဂျက်ဖိုက်တာ ၂ စင်းဖြင့် ဟိုနမ့်ဒေသရှိ ပအိုဝ်းကျေးရွာ၂ ရွာကို ဗုံး ၁၄ လုံးကြဲချတိုက်ခိုက်ခဲ့ကြောင်းသိရသည်။

ထိုတိုက်ခိုက်မှုအတွင်း ကျေးရွာ ၁ ရွာမှ နေအိမ် ၁၁ အိမ်ထိခိုက်ပျက်စီးမှုရှိခဲ့ကြောင်း PNLA ကဆိုသည်။

စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်တပ်ဖွဲ့သည် နမ့်ယင်ကျေးရွာမှ ဒေသခံ ကိုလည်း နိုဝင်ဘာ ၂ဝ ရက်နေ့၌ ပွန်ချောင်းတံတားအနီးတနေရာတွင် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း  PNLA မှထုတ်ပြန်သည်။

Bagan News 


Comments