Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

ဆီဆိုင်မြို့နယ်တွင် ဘုန်းကြီးကားကို စစ်ကောင်စီပစ်ခတ် ထီစဲးခါးကျောင်းဆရာတော် ပျံလွန်တော်မူ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြိုနယ် ဆီဆိုင်-လွိင်ကော်လမ်းမကြီးပေါ် တွင်ဖြတ်သန်းသွားလာနေသည့် ဘုန်းကြီးကားကို စစ်ကောင်စီတပ်ကပစ်ခတ်ခဲ့ပြီး လိုက်ပါလာသည့် ထီစဲးခါးကျောင်းဆရာတော် ပျံလွန်တော်မူခဲ့ပြီး ယာဉ်ပေါ်ပါသည့် အခြားဆရာတော် ၂ ပါးလည်း ပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြောင်း ပအဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA မှယနေ့ထုတ်ပြန်သည်။

Photo - PNLA

ယမန်နေ့ နိုဝင်ဘာလ ၃ဝ ရက်နေ့ နေ့လည် ၂ နာရီအချိန်တွင် အောင်ကလပ်ကျေးရွာတွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲများသည် ထီးစဲခါးရေတံခွန်ကျောင်းမှ ဆရာတော်၏ကားကို ဝိုင်းဝန်း ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီ တယ်လီဂရမ်ချယ်နယ်များတွင် PDF ကပစ်ခတ်ခြင်းဟု ဝါဒဖြန့်ရေးသားထားသည်။

စစ်ကောင်စီနှင့်စစ်ကောင်စီလက်အောက်ခံPNO ပြည်သူ့စစ်သည် ပအိုဝ်းကျေးရွာများအား ဖျက်ဆီးခြင်း ၊ ပြည်သူများအားသတ်ဖြတ်ခြင်း၊ ရဟန်းသံဃာတော်များအား ပစ်ခတ်သတ်ဖြတ်ခြင်းများကို ကျူးလွန်လျက်ရှိကြောင်း PNLA မှထုတ်ပြန်သည်။

 ယမန်နေ့ နိုဝင်ဘာ ၃ဝရက်နေ့ မနက် ၄ နာရီအချိန်တွင်လည်း စစ်ကောင်စီမှဂျက်ဖိုက်တာ ၂ စင်းဖြင့် ဟိုနမ့်ဒေသရှိ ပအိုဝ်းကျေးရွာ၂ ရွာကို ဗုံး ၁၄ လုံးကြဲချတိုက်ခိုက်ခဲ့ကြောင်းသိရသည်။

ထိုတိုက်ခိုက်မှုအတွင်း ကျေးရွာ ၁ ရွာမှ နေအိမ် ၁၁ အိမ်ထိခိုက်ပျက်စီးမှုရှိခဲ့ကြောင်း PNLA ကဆိုသည်။

စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်တပ်ဖွဲ့သည် နမ့်ယင်ကျေးရွာမှ ဒေသခံ ကိုလည်း နိုဝင်ဘာ ၂ဝ ရက်နေ့၌ ပွန်ချောင်းတံတားအနီးတနေရာတွင် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း  PNLA မှထုတ်ပြန်သည်။

Bagan News 


Comments