Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

အမ်းမှ ထွက်ပြေးလွတ်မြောက်လာသော စစ်ကောင်စီတပ်သားများအား ဖမ်းဆီး

ရက္ခိုင်ပြည်နယ်၊ အမ်းမြို့နယ်ဘက်မှ ထွက်ပြေးလွတ်မြောက်လာသော စစ်ကောင်စီတပ်သားများထံမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ ခဲ့ကြောင်းချင်းကာကွယ်ရေးတပ်-အရှို(CDF - Asho)မှထုတ်ပြန်သည်။

အမ်းမြို့နယ်ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အား အာရက္ခတပ်တော်မှ တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကြောင်းအသီးသီးမှ စစ်ကြောင်းပျက် ထွက်ပြေး လွတ်မြောက်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား (၉၀)ခန့်ပါဝင်သော (စစ်ကြောင်း ၂ ကြောင်း) အမ်း-ပဒါန်း လမ်းမအနီး၊ ပျဉ်းဝ စစ်ဆေးရေးဂိတ်၊ အနောက်ဘက်မီတာ (၁၅၀၀) ကျော်ခန့်တွင် ပိတ်ဆို့တားဆီးခဲ့ကြောင်း CDF - Asho မှထုတ်ပြန်သည်။

ဓာတ်ပုံ - CDF - Asho
စစ်ကောင်စီတပ်သားအချို့သည် အသာတကြည် လက်နက်ချအလင်းဝင်သူများရှိခဲ့ပြီး အချို့မှာ စစ်ကြောင်းပျက်ကာ ခြေဦးတည်ရာ ထွက်ပြေးသွားကြကြောင်း၊ထွက်ပြေးလွတ်မြောက်သွားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား လိုက်လံရှာဖွေ ရှင်းလင်းရာ (၃) ရက်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၇) ဦးအား ထပ်မံလက်ရ ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။
ဒီဇင်ဘာလ ၂၅ ရက်မှ ၂၇ ရက်နေ့အတွင်း အလင်းဝင်လာသော စစ်ကောင်စီ တပ်သားများနှင့် ဖမ်းဆီးရမိသူများထံမှ လက်နက်ခဲယမ်းအများအပြားနှင့် စစ်အသုံးအဆောင်များစွာ သိမ်းဆည်းရရှိခဲ့ကြောင်း ၊ ထွက်ပြေးလွတ်မြောက်လျက်ရှိသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား နယ်မြေရှင်းလင်းရှာဖွေလျှက် ရှိကြောင်း CDF - Asho မှထုတ်ပြန်သည်။



Comments