Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

ကနီမြို့နယ် ကျောက်လှေကားရွာကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်

စစ်ကိုင်းတိုင်း ၊ ကနီမြို့နယ် ၊ ကျောက်လှေကားရွာကို စစ်ကောင်စီတပ်မှ ဒီဇင်ဘာလ ၁၈ ရက်နေ့ ည ၉ နာရီခွဲခန့်တွင် လေကြောင်းတိုက်ခိုက်ခဲ့ပြီး နေအိမ်များထိခိုက်ကာ  တရိစ္ဆာန်များသေဆုံးခဲ့ကြောင်း ဒေသခံများမှသိရသည်။ 

Photo - Pyae Aung Naing / FB

စစ်ကောင်စီတပ်မှ ကျောက်လှေကားရွာရှိ ပြည်သူများနေထိုင်ရာ နေအိမ်များကို ဦးတည်ပြီး Y-12 ယာဉ်ဖြင့် လေကြောင်းတိုက်ခိုက်မှု ၇ ကြိမ်ပြုလုပ်ခဲ့မှုကြောင့် လူနေအိမ် (၁၇)လုံးပျက်စီးကာ နွား(၅)ကောင် ၊ ဝက် (၁)ကောင်သေဆုံးခဲ့ကြောင်း ဒေသခံတဦးမှပြောကြားသည်။

ကနီမြို့နယ် ကျောက်လှေကားရွာကို ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၆ ရက်နေ့ ညကလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီတပ်မှ လေကြောင်းမှပစ်ခတ်တိုက်ခိုက်ခဲ့ပြီး မောင်ငချစ် အသက်(၁၁)နှစ် ၊ မနိုးနိုး အသက်(၁၅) နှစ် ၊ မရွှေဇင်ဝင်း အသက်(၁၈)နှစ် ၊ ကိုကျော်နိုင်လင်း အသက်(၃၆)နှစ် ၊ ဒေါ်ဘုတ်ဆုံ အသက်(၄၈)နှစ် တို့သေဆုံးခဲ့ကာ ပြည်သူ(၉)ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများမှသိရသည်။

Bagan News 




Comments