Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

ဂွမြို့တွင် တိုက်ပွဲပြင်းထန်နေ

ရက္ခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင်ထိုးစစ်များအရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်နေပြီး တိုက်ပွဲပြင်းထန်နေ ကြောင်း အာရက္ခတပ်တော် AA ကထုတ်ပြန်သည်။

ဂွမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲဝင်များ နေ့စဉ်နှင့်အမျှ အကျအဆုံးများကာ စခန်းများတစ်ခုပြီးတစ်ခု လက်လွှတ်ပေးနေရကြောင်း  AA ကဆိုသည်။

စစ်ကောင်စီတပ်သည် ဂွမြို့ရှိ ကျေးရွာများ နှင့် လူနေအိမ်များအားမီးရှို့ဖျက်ဆီးခြင်း၊ တံတားများအား မိုင်းခွဲဖျက်ဆီးခြင်းများ ဆက်တိုက် လုပ်ဆောင်ပြီး ဧရာဝတီတိုင်းအတွင်းသို တစ်ဆင့်ချင်း ဆုတ်ခွာထွက်ပြေးလျက်ရှိကြောင်း သိရသည်။ 


ဆုတ်ခွာထွက်ပြေးနေသော စစ်ကောင်စီတပ်များကို တိုက်ခိုက်လျက် ရှိသောကြောင့် ဂွမြို့နယ်တွင် တိုက်ပွဲများ နေ့စဉ်ရက်ဆက် ပြင်းထန်နေကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။ 

စစ်ကောင်စီတပ်  ခမရ (၅၆၃) သည် အခြေစိုက်ရာအနီးအနားရှိ ဂွမြို့နယ်၊  "အလယ်ရွာ"အား ဒီဇင်ဘာလ (၁၇/၁၈) ရက်နေ့ ၊ ဒီဇင်ဘာလ (၂၁) ရက်နေ့များတွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရသည်။

အာရက္ခတပ်တော် AA သည် အမ်းမြို့နယ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နပခ (အမ်း) အား ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၂၀) ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်ထားသည်။ 

ရက္ခိုင်ပြည်နယ်ရှိ ပေါက်တောမြို့၊ မင်းပြားမြို့၊ မြောက်ဦးမြို့၊ ကျောက်တော်မြို့၊ မြေပုံမြို့၊ ပုဏ္ဏားကျွန်းမြို့၊ ရမ်းဗြဲမြို့၊ ရသေ့တောင်မြို့၊ ဘူးသီးတောင်မြို့ သံတွဲမြို့ တောင်ကုတ်မြို့နှင့် မောင်တောမြို့တို အပြင် ချင်းပြည်နယ်၊ပလက်ဝမြို့ကိုလည်း သိမ်းပိုက်ထိန်းချုပ်ထားကြောင်း အာရက္ခတပ်တော် AA ကထုတ်ပြန်သည်။ 

ရုပ်သံ - ဂွမြို့နယ်တွင်စစ်ကောင်စီတပ်မှ မီးရှို့နေသည့် မြင်ကွင်း။ 

Bagan News 

Comments