Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

မင်းတပ်မြို့ ခလရ ၂၇၄ တွင် ချင်းပြည်နယ် အလံလွင့်တင်

 ချင်းပြည်နယ်  မင်းတပ်မြို့ကိုသိမ်းပိုက်ထားသည့် ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) မှ ခလရ ၂၇၄ ဗဟိုကင်းတွင် တပ်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ဓာတ်ပုံအားဖြုတ်ချခဲ့ပြီး အလံတိုင်တွင်လည်း ချင်းပြည်နယ်အလံကို လွင့်တင်ခဲ့သည်။ 

ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) စစ်ဦးစီးချုပ်မှ မင်းတပ်မြို့ ခလရ ၂၇၄ ဗဟိုကင်းတွင် တပ်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ဓာတ်ပုံအားဖြုတ်ချခဲ့ပြီး ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်)  ၏ဒုတိယ စစ်ဦးစီးချုပ် မှ ခလရ ၂၇၄ တွင် ချင်းပြည်နယ်အလံကို လွင့်တင်ခဲ့ကြောင်း Chin Defence Force - Mindat မှယနေ့ထုတ်ပြန်သည်။


ချင်းပြည်နယ် ၊ မင်းတပ်မြို့အခြေစိုက် အမှတ်(၂၇၄) ခြေလျင်တပ်ရင်းအား တိုက်ခိုက် သိမ်းပိုက်ပြီး မင်းတပ်မြို့နယ် တစ်ခုလုံးအား ဒီဇင်ဘာလ(၂၁) ရက်နေ့တွင် အလုံးစုံထိန်းချုပ်ထားနိုင်ခဲ့ပြီဖြစ်ကြောင်း ချင်းညီနောင်တပ်များကထုတ်ပြန်သည်။

ချင်းညီနောင်စစ်ဆင်ရေး (Operation CB) အမည်ဖြင့်  မင်းတပ်မြို့သိမ်း စစ်ဆင်ရေးကို ချင်းညီနောင်နှင့် မဟာမိတ်တပ်ဖွဲ့များဖြစ်ကြသည့် Yaw Defense Force (YDF) Yaw Army (YA) ι မုံရွာခရိုင်တပ်ရင်း(၃) တို့မှ တိုက်ခိုက် သိမ်းပိုက် ရယူခဲ့ခြင်းဖြစ်သည်။

မင်းတပ်မြို့သိမ်းစစ်ဆင်ရေးတွင် အာရက္ခတပ်တော်(AA) မှ စစ်လက်နက်၊ ခဲယမ်း၊ စစ်ကူများအပြင် စစ်ရေးဆိုင်ရာအကြံဉာဏ်များ နှင့် လိုအပ်သောအကူအညီများကို ပံ့ပိုး ကူညီခဲ့ကြောင်း ချင်းညီနောင်တပ်များကထုတ်ပြန်သည်။

မင်းတပ်မြို့နယ်သည် စစ်ကောင်စီကင်းစင်သည့် မြို့နယ်တစ်ခု ဖြစ်လာခဲ့ပြီးစစ်ကောင်စီမှ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် မတရားဖမ်းဆီး အကျဉ်းကျထားသည့် နိုင်ငံရေးအကျဉ်းသား (၁၃) ဦးကိုလည်း အောင်မြင်စွာကယ်ထုတ် ပေးနိုင်ခဲ့ကြောင်း ချင်းညီနောင်တပ်များကပြောကြားသည်။

ချင်းညီနောင် စစ်ဆင်ရေး (Operation CB) တွင်ပါဝင်သည့် ပူးပေါင်းတပ်များသည် ကန်ပက်လက်မြို့ကိုလည်း ဒီဇင်ဘာလ ၂၂ နံနက်တွင် သိမ်းပိုက်ခဲ့သည်။

Bagan News 


Comments