Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

စစ်ကောင်စီမှ ပစ်ခတ် မီးရှို့မှုကြောင့် မင်းတပ်မြို့ နေအိမ် ၂ဝဝ ခန့်ပျက်စီး

ချင်းပြည်နယ်၊မင်းတပ်မြို့တွင် စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှုများ ၊ လက်နက်ကြီး ပစ်ခတ်မှုများ နှင့် နေအိမ်များကို မီးရှို့ဖျက်ဆီးမှုများကြောင့် အိမ်ခြေ ၂ဝဝ ခန့်မီးလောင်ပြာကြခဲ့ကြောင်း မင်းတပ်မြို့နယ် စစ်ဘေးရှောင်စခန်း စီမံခန့်ခွဲရေးကော်မတီ (Mindat Township IDPs Camp Management Committee)က ယနေ့ထုတ်ပြန်သည်။


"၄ နှစ်နီးပါး နေရပ်စွန့်ခွာ စစ်ဘေးရှောင်ခဲ့ကြတဲ့ မိသားစုတွေ  အိမ်ပြန်နိုင်မယ့် အခွင့်အရေးဟာ လက်တစ်ကမ်းအကွာကိုရောက်ရှိ လာခဲ့သော်လည်း အချို့မိသားစုများအတွက် ပြန်စရာအိမ် မရှိကြတော့ပါ"ဟုဌင်းကော်မတီကထုတ်ပြန်သည်။

ချင်းညီနောင်တပ်များက ချင်းပြည်နယ် ၊ မင်းတပ်မြို့အခြေစိုက် အမှတ်(၂၇၄) ခြေလျင်တပ်ရင်းအား တိုက်ခိုက် သိမ်းပိုက်ပြီး မင်းတပ်မြို့နယ် တစ်ခုလုံးအား ဒီဇင်ဘာလ(၂၁) ရက်နေ့တွင် အလုံးစုံထိန်းချုပ်ထားနိုင်ခဲ့သည်။

သို့သော်လည်း သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့၏ ပြန်လည်နေထိုင်နိုင်ကြောင်းထုတ်ပြန်ချက် မထွက်ပေါ်မီအချိန်အထိ မြို့ပေါ်သို့ သွားလာနေထိုင်ခြင်းမပြုကြရန်မင်းတပ်မြို့နယ် စစ်ဘေးရှောင်စခန်း စီမံခန့်ခွဲရေးကော်မတီကထုတ်ပြန်သည်။ 

မင်းတပ်မြို့သိမ်းတိုက်ပွဲ အတွင်း  ငွေသား၊ စောင်၊အနွေးထည် ၊ဖျာ နှင့် စားနပ်ရိက္ခါများကို နေရာဒေသအချို့ရှိ စစ်ဘေးရှောင်များဆီသို့ ဖြန့်ဝေပေးနိုင်ခဲ့ပြီး လမ်းပန်းဆက် သွယ်ရေး အလွန်ခက်ခဲသော တိုက်နယ် ၁၀၊ ၁၁၊၁၃ နှင့် ၁၄ တို့ကို ရောက်ရှိကူညီနိုင်ရန် အကူအညီ များဆက်လက် လိုအပ်နေကြောင်း ဌင်းကော်မတီမှသိရသည်။

ဓာတ်ပုံ - ချင်းပြည်နယ်၊မင်းတပ်မြို့မြင်ကွင်း။

Bagan News 




Comments