မိုးရာသီဖြစ်စေသည့် အနောက်တောင်မုတ်သုံလေသည် မေလ ၁၃ ရက်နေ့မှ ၁၈ ရက်နေ့အတွင်း မြန်မာနိုင်ငံ တောင်ပိုင်းဒေသများသို့စတင်ဝင်ရောက်မည်ဖြစ်ကြောင်း မိုး ၊ ဇလဌာနကထုတ်ပြန်သည်။ မေလ ၁၉ ရက်နေ့မှ ၂၄ ရက်နေ့အတွင်း မြစ်ဝကျွန်းပေါ် ဒေသများ ၊ မေလ ၂၅ ရက်နေ့မှ ၃၀ ရက်နေ့အတွင်း မြန်မာနိုင်ငံအလယ်ပိုင်းဒေသများ၊ မေလ ၃၁ ရက်နေ့မှ ဇွန်လ ၅ ရက်နေ့အတွင်း မြန်မာနိုင်ငံမြောက်ပိုင်းဒေသများသို့ လည်းကောင်း အသီးသီး၀င်ရောက်နိုင်သည်။ မေလအတွင်း ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်၀န်း (၂) ကြိမ် ဖြစ်ပေါ်နိုင်ပြီး (၁) ကြိမ်တွင် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ် အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း ၊ မေလအတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်သည်။ မေလအတွင်း စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ က...
မန္တလေးတိုင်း၊ ညောင်ဦးမြို့၊ မြင်းကပါကျေးရွာရှိ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း၌ ရှေးဟောင်းရွှေထည်ပစ္စည်းများအား အပ်နှံခြင်းမရှိဘဲ ထုခွဲရောင်းချခဲ့သူများအား ဖမ်းဆီးခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်နေ့တွင် မြင်းကပါကျေးရွာရှိ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ရေမြောင်းဖောက်လုပ်ခြင်းလုပ်ငန်းများအား လုပ်ကိုင်ခွင့်ရရှိထားသူ ဦးညိုနှင့် ပန်းရံအလုပ်သမား ၁၃ ဦး သည် ရှေးဟောင်းမြေအိုး ၁ လုံး တူးဖော်ရရှိခဲ့ပြီး အဆိုပါမြေအိုးအတွင်းမှ ရှေးဟောင်းပစ္စည်းဟု ယူဆရသည့် ရွှေလက်ကောက် ၁၀ ကွင်း၊ ရွှေလုံး ၂ ခု၊ ရွှေဘယက်အချိုအား တူးဖော်တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟုထုတ်ပြန်ချက်ကဖော်ပြသည်။
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်နေ့တွင် ရှေးဟောင်းရွှေထည်ပစ္စည်းများ တူးဖော်ရရှိခဲ့သူ ၃ ဦးအား စစ်ဆေးခဲ့ရာ ရှေးဟောင်းရွှေထည်ပစ္စည်းအလေးချိန် ၁၃ ကျပ်သားခန့်အား ငွေကျပ်သိန်း ၅၄၀ ဖြင့် ရောင်းချခဲ့ကြောင်း၊ ဦးညို ၎င်းခွဲဝေရရှိထားသည့် ရွှေထည်ပစ္စည်းအချိုအား သိန်း(၉၄၀)ကျပ်ဖြင့် ရောင်းချခဲ့ကာ အဆိုပါရရှိငွေများထဲမှ အလုပ်သမား ၁၂ ဦးအား တစ်ဦးလျှင် ၅,၂၅၀,၀၀ဝိ/-နှုန်းဖြင့် ခွဲဝေပေးခဲ့ကြောင်း ထုတ်ပြန်သည်။
ရှေးဟောင်းရွှေထည်ပစ္စည်းထုခွဲရောင်းချခဲ့သူ ၃ ဦးအား ဖမ်းဆီးထားပြီး ဦးညိုပါ ၁၁ ဦးတိုအား ပုဂံနယ်မြေရဲစခန်း(ပ) ၂၅/၂၀၂၄၊ ရှေးဟောင်းဝတ္ထုပစ္စည်းများကာကွယ်ထိန်းသိမ်းရေးဥပဒေပုဒ်မ ၁၇/၁၉ ဖြင့် အမှုရေးဖွင့်ပြီး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း စစ်ကောင်စီကဆိုသည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ရေမြောင်းဖောက်လုပ်ခြင်းလုပ်ငန်းမှရွှေထည်ပစ္စည်းများအပြင် ၅ ပိဿာခန့်ရှိ ရွှေဆင်းတုတစ်ဆူ၊ ရွှေသံလျက်၊ရွှေစလွယ်နှင့် လက်ဝတ်ရတနာများပါတွေ့ရှိခဲ့သည်ဟု ဒေသခံအချို့ကပြောကြပြီး စစ်ကောင်စီထုတ်ပြန်ချက်တွင် ပါဝင်ခြင်းမရှိပဲပျောက်ဆုံးနေသည်။
ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ယခုနှစ်စက်တင်ဘာလ ၁၁ ရက်၊ ၁၂ ရက်တို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရှေးဟောင်းအဆောက်အအုံ (၉) လုံးထိခိုက်ပျက်စီးမှုရှိခဲ့သည်။
၂၀၁၉ ခုနှစ်တွင် ကမ္ဘာ့အမွေအနှစ် ယူနက်စကိုစာရင်းဝင်ခဲ့သည့် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် တည်ဆဲဥပဒေများချိုးဖောက်ပြီး ရှေးဟောင်းမြေများတွင် ဟော်တယ် အဆောက်အအုံများ တိုးချဲ့ဆောက်လုပ်ခြင်း၊ စေတီဘုရားနံရံများတွင် သံရိုက် မီးသွယ်ခြင်း၊ စေတီများအနီးတွင် လျှော်ဖြူပင်များ စိုက်ပျိုးခြင်း၊ စက်ကြီးများဖြင့် ရေမြောင်းများ တူးဖော်ခြင်း၊ မူလလက်ရာ သဲကျောက်ပြားများ ဖယ်ပြီး အဖြူရောင်စကျင်ကျောက်များခင်းခြင်း များပြုလုပ်နေကြောင်း ဒေသခံများမှသိရသည်။
ဓာတ်ပုံ – စက်တင်ဘာလ ၁၁ ရက်၊ ၁၂ ရက်တို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပြိုကျခဲ့သည့် ပုဂံစေတီအချို့။ (Photo – CJ/FB)

Comments
Post a Comment