Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

မဲဆောက်မှာ မြန်မာလူမျိုးခြင်း ဓားထောက်ပြီး ဖုန်းလုယူ

ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် ဖုန်းဝယ်မည်ဟု အကြောင်းပြကာ ချိန်းဆိုရာသို့ရောက်ရှိစဉ် ဓားထောက်ပြီး ဖုန်းလုယူ ထွက်ပြေးသွားကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သူက လူမှုကွန်ရက်ကတဆင့်  ဗီဒီယိုဖိုင်ဖြင့်ယနေ့ပြောကြားသည်။

မဲဆောက်မြို့ အာရှလမ်း ဂျပန်အဟောင်းဆိုင် ဘေးလမ်းရှိ စနေဈေး ကုက္ကိုလ်ပင်အနီးတွင် ယနေ့နံနက်တွင်ဖုန်းဝယ်မည့်သူကချိန်းဆိုခဲ့ပြီး သွားရောက်ပြသစဉ် ဓားထောက်ပြီး လုယက်ခံရခြင်းဖြစ်ကြောင်း ဌင်းကပြောသည်။

ဓာတ်ပုံ - လုယူခံလိုက်ရသည့်ဖုန်း။ (Photo - Nyo Chaw/FB)

"သူကနှာခေါင်းစည်းတပ်ပြီးထွက်လာတယ်။ ကျနော့်ဖုန်းကိုယူကြည့်တယ်ပေါ့။ မူမမှန်ဘူးလို့တော့သိတယ်။ နောက်တယောက်ကထပ်ရောက်တာတယ်။ ဟူဒီအကျီ ဝတ်ထားတယ် မက်ကလည်းတပ်ထားတယ်ပေါ့။ ပြီးလည်းပြီးရော ဓားအရှည်ထုတ်ပြီး ရှိတဲ့ဖုန်းတွေ အကုန်ထုတ်ဆိုပြီး နေ့ခင်းကြောင်တောင်နော် တော်တော်ကြောက်ဖို့ကောင်းတယ်။ လူငယ်လေးတွေ အသက် ၂ဝ ကျော်လောက် ရှိသေးတဲ့ ကောင်လေးတွေက... ကျနော်ခပ်လှမ်းလှမ်းဝေတဲ့နေရာကို ရှောင်ထွက်လိုက်တဲ့ အချိန်မှာ သူတို့ကပြေးဝင်သွားတယ်" ဟု ဌင်းကပြောသည်။

ဌင်းလူငယ် ၂ ဦးယူဆောင်သွားသည့်ဖုန်းမှာ Redmi Note 13 Proplus (12/512) ဖုန်းဖြစ်ပြီး တန်ဖိုး ဘတ် ၈၅ဝဝ ခန့်ရှိကြောင်း ၊ လာရောင်းပါကသိရှိနိုင်ရန်တင်ပြခြင်းဖြစ်ကြောင်း၊  မဲဆောက်တွင် အချောင်သမားများ များလာနေသည့်အတွက် အားလုံး သတိထားကြရန်လိုကြောင်း ဖုန်းသွားပြစဉ်လုယူခံရသူက ဓာတ်ပုံနှင့်တကွ  လူမှုကွန်ရက်တွင်ဖော်ပြထားသည်။ 

Bagan News 


Comments