Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဇရပ်ကြီးမြို့နယ် ပြည်သူ ၂ ဦးသေဆုံး

ပဲခူးတိုင်း၊ တောင်ငူခရိုင် ၊ ထန်းတပင်မြို့နယ် ၊ ဇရပ်ကြီးမြို့အခြေစိုက် ခလရ(၇၃) မှ ဒီဇင်ဘာလ (၂၆)ရက်နေ့တွင် လက်နက်ကြီးပစ်ခတ်မှုကြောင့် ထန်းကုန်းကျေးရွာသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး အရပ်သားပြည်သူ ‌(၂)ဦး သေဆုံးခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသ အမှတ် -၂ စစ်ဒေသခွဲမှထုတ်ပြန်သည်။ 

ဌင်းပြင် အသက်(၆)နှစ်အရွယ် ကလေးငယ်တစ်ဦးလည်း ဦးခေါင်းတွင် ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်းသိရသည်။ 

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ မျက်နီကွင်းကျေးရွာတွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂) စစ်ဒေသခွဲ၊ PDF တပ်ရင်း (၃၅၀၂) တို့ ဒီဇင်ဘာလ (၂၆)ရက်နေ့တွင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

တိုက်ပွဲ ဖြစ်ပွားနေချိန်အတွင်း ဇရပ်ကြီးမြို့အခြေစိုက် ခလရ(၇၃) မှ လက်နက်ကြီးပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ 

ပြီးခဲ့သည့် ဒီဇင်ဘာလ (၂၇)ရက်နေ့တွင်လည်း စစ်ကောင်စီမှလက်နက်ကြီးများ၊ ဒရုန်းများဖြင့် ဆက်တိုက် ပစ်ခတ်တိုက်ခိုက်နေပြီး သရက်ကုန်း၊ မျက်နီကွင်း၊ ကံကလေး၊ နှောခင်ကျေးရွာများမှ  အရပ်သား နေအိမ်အဆောက်အအုံများ ထိခိုက်ပျက်စီးမှုများ ရှိ‌ခဲ့ကြောင်းသိရသည်။ 

စစ်ကောင်စီက လက်နက်ကြီးများ၊ ဒရုန်းများဖြင့် ကျေးရွာများကို မကြာခဏ ရမ်းသမ်းပစ်ခတ် တိုက်ခိုက်လေ့ရှိပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာလ (၂၂)ရက်နေ့၌ စစ်ကောင်စီ၏ e VTOL အမျိုးအစား ဒရုန်းတစ်စီးကို စစ်တောင်းမြစ်ဝှမ်း စစ်ဆင်ရေးတစ်နေရာတွင် တော်လှန်ရေးတပ်ဖွဲ့များက သိမ်းဆည်းရရှိခဲ့သည်။

Photo - အမှတ်၂ စစ်ဒေသခွဲ / စစ်ကောင်စီတပ်ပစ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုများ။

Bagan News





Comments