Skip to main content

Latest News

ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၄၉ ဦးရှိလာ

 ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့၊ ကစ္ဆပနဒီတံတားအနီးဝန်းကျင်နှင့် အိန္ဒိယဈေးဝန်းကျင်အား စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့်  သေဆုံးသူ ၄၉ ဦးရှိလာကြောင်း အာရက္ခတပ်တော် - AA ကထုတ်ပြန်သည်။  ယမန်နေ့ ၊ စက်တင်ဘာလ (၂၈) ရက်နေ့၊ နေ့လယ် (၁၂) နာရီ (၁၀) မိနစ် နှင့် (၁၂) နာရီ (၁၄) မိနစ်အချိန်တွင် စစ်တပ်၏ ဂျက်တိုက်လေယာဉ် (၁) စီးမှ ကျောက်တော်မြို့၊ ကစ္ဆပနဒီ တံတားအနီးဝန်းကျင်၊ အိန္ဒိယစျေးဝန်းကျင်အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။  စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်မှုကြောင့်  ထိခိုက်ဒဏ်ရာရရှိသူလည်း (၅၈) ဦးအထိ ရှိလာပြီး ယင်းအထဲတွင် ပြင်းထန်ဒဏ်ရာရခဲ့သူ ၂၂ ဦးရှိကြောင်းသိရသည်။  အလားတူ စစ်တပ်က ယမန်နေ့ ၊ နေ့လယ် တွင် မင်းပြားမြို့နယ် ၊ စွန်ရဲကျေးရွာနှင့် သံတွဲမြိုနယ်၊ ငပလီကို ဂျက်တိုက်လေယာဉ် (၁) စီးဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ၉ ဦးရှိကြောင်း AA ကထုတ်ပြန်သည်။  - BAGAN NEWS  

စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဇရပ်ကြီးမြို့နယ် ပြည်သူ ၂ ဦးသေဆုံး

ပဲခူးတိုင်း၊ တောင်ငူခရိုင် ၊ ထန်းတပင်မြို့နယ် ၊ ဇရပ်ကြီးမြို့အခြေစိုက် ခလရ(၇၃) မှ ဒီဇင်ဘာလ (၂၆)ရက်နေ့တွင် လက်နက်ကြီးပစ်ခတ်မှုကြောင့် ထန်းကုန်းကျေးရွာသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး အရပ်သားပြည်သူ ‌(၂)ဦး သေဆုံးခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသ အမှတ် -၂ စစ်ဒေသခွဲမှထုတ်ပြန်သည်။ 

ဌင်းပြင် အသက်(၆)နှစ်အရွယ် ကလေးငယ်တစ်ဦးလည်း ဦးခေါင်းတွင် ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်းသိရသည်။ 

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ မျက်နီကွင်းကျေးရွာတွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂) စစ်ဒေသခွဲ၊ PDF တပ်ရင်း (၃၅၀၂) တို့ ဒီဇင်ဘာလ (၂၆)ရက်နေ့တွင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

တိုက်ပွဲ ဖြစ်ပွားနေချိန်အတွင်း ဇရပ်ကြီးမြို့အခြေစိုက် ခလရ(၇၃) မှ လက်နက်ကြီးပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ 

ပြီးခဲ့သည့် ဒီဇင်ဘာလ (၂၇)ရက်နေ့တွင်လည်း စစ်ကောင်စီမှလက်နက်ကြီးများ၊ ဒရုန်းများဖြင့် ဆက်တိုက် ပစ်ခတ်တိုက်ခိုက်နေပြီး သရက်ကုန်း၊ မျက်နီကွင်း၊ ကံကလေး၊ နှောခင်ကျေးရွာများမှ  အရပ်သား နေအိမ်အဆောက်အအုံများ ထိခိုက်ပျက်စီးမှုများ ရှိ‌ခဲ့ကြောင်းသိရသည်။ 

စစ်ကောင်စီက လက်နက်ကြီးများ၊ ဒရုန်းများဖြင့် ကျေးရွာများကို မကြာခဏ ရမ်းသမ်းပစ်ခတ် တိုက်ခိုက်လေ့ရှိပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာလ (၂၂)ရက်နေ့၌ စစ်ကောင်စီ၏ e VTOL အမျိုးအစား ဒရုန်းတစ်စီးကို စစ်တောင်းမြစ်ဝှမ်း စစ်ဆင်ရေးတစ်နေရာတွင် တော်လှန်ရေးတပ်ဖွဲ့များက သိမ်းဆည်းရရှိခဲ့သည်။

Photo - အမှတ်၂ စစ်ဒေသခွဲ / စစ်ကောင်စီတပ်ပစ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုများ။

Bagan News





Comments