Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

၂ဝ၂၄ ခုနှစ်အတွင်း ဥပဒေမဲ့သတ်ဖြတ်ခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသား ၉ ဦးရှိ

၂ဝ၂၄ ခုနှစ်အတွင်း အကျဉ်းထောင်နှင့် ထောင်ပြင်ပတွင် ဥပဒေမဲ့သတ်ဖြတ်ခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသား၊အကျဉ်းသူ (၉)ဦးရှိကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)မှ ထုတ်ပြန်သည်။ 

သတ်ဖြတ်ခြင်းခံခဲ့ရသူများအနက် မနိုလ်ဘယ်အေး(ဝေါမြို့နယ်တရားရုံးအပြန်)နှင့် ကိုလေးခွင်း(ဝေါမြို့နယ် တရားရုံးအပြန်)တို့သည် အမှုရင်ဆိုင်နေရစဉ် ဥပဒေမဲ့ သတ်ဖြတ်ခြင်းခံခဲ့ရခြင်းဖြစ်သည်။ 

Photo - PPNM 

ဌင်းပြင် ကိုဝင်းသီဟ(ထားဝယ်အကျဉ်းထောင်)အား ထားဝယ်အကျဉ်းထောင်တွင်းမှ ခေါ်ထုတ်သတ်ဖြတ်ခြင်းခံခဲ့ရပြီး ကိုမင်းသူ(ခ)မော်လဝီရှက်မင်း (ထားဝယ်အကျဉ်းထောင်)အား ထားဝယ်အကျဉ်းထောင်တွင်းမှ ခေါ်ထုတ်သတ်ဖြတ်ခြင်းခံခဲ့ရကြောင်း သိရသည်။

ကိုအောင်ကျော်ဇင်(မုံရွာအမှတ်၁ရဲစခန်း)အား စစ်တပ်မှ ခေါ်ထုတ်သတ်ဖြတ်ခြင်း‌ကြောင့် ကျဆုံးခဲ့ပြီး  ကိုနိုင်ဝင်းထွန်း(ခ)ဖားပြုတ် (မြင်းခြံထောင်)အား အကျဉ်းဦးစီးအရာရှိမှ ညှဉ်းပန်းနှိပ်စက် ရိုက်နှက်မှုကြောင့် အကျဉ်းထောင်တွင်း ကျဆုံးခဲ့သည်။

ထို့အတူ ကိုအောင်နိုင်ထွန်း (မြစ်ကြီးနားအကျဉ်းထောင်)နှင့် ကိုကျော်စိုးဝင်း (မြစ်ကြီးနားအကျဉ်းထောင်)တို့သည် အကျဉ်းထောင်အတွင်း ဝန်ထမ်းများ၏ သေနတ်ပစ်ခတ်ဖြိုခွဲခြင်းကြောင့် ဦးခေါင်းထိမှန် ကျဆုံးခဲ့သည်။

ကိုထက်ရန်နိုင်(ခ)ထက်ထက် သည် အိုးဘိုအကျဉ်းထောင်တွင်း အကျဉ်းဦးစီးဝန်ထမ်းများနှင့် လက်ကိုင်တုတ် အခြားရာဇဝတ်အကျဉ်းသားများ ဝိုင်းဝန်းရိုက်နှက်ခဲ့သည့်အတွက် ရရှိဒဏ်ရာများဖြင့် ကျဆုံးခဲ့ကြောင်း PPNM မှ ထုတ်ပြန်သည်။ 

PPNM ၏ထုတ်ပြန်ချက်များအရ ၂၀၂၄ခုနှစ်တွင် အကျဉ်းထောင်တွင်း၌ ကလေးနှင့်အတူရှိနေသည့် နိုင်ငံရေးအကျဉ်းသူ (၃၅)ဦးနှင့်ကိုယ်ဝန် ဆောင်(၇)ဦးရှိနေသည်။

၂ဝ၂၄ ခုနှစ်အတွင်း ထောင်ပြောင်းရွှေ့ခံရသည့် အကျဉ်းသား (၃ဝ၅၄) ဦးရှိခဲ့ပြီး နိုင်ငံရေးအကျဉ်းသား၊အကျဉ်းသူ(၁၈၈၃)ဦးပါဝင်ခဲ့ကာ နိုင်ငံရေးအကျဉ်းသား၊အကျဉ်းသူ(၁၇၈၃)ဦးသည် မိသားစုနှင့်အဝေးဆုံးထောင်များသို့ ထောင်ပြောင်းရွေ့ခြင်းခံခဲ့ရသည်။

ဌင်းပြင်၂၀၂၄ ခုနှစ်အတွင်း ဥပဒေမဲ့ ညှဉ်းပန်းနှိပ်စက်ခံရသည့် နိုင်ငံရေးအကျဉ်းသား၊အကျဉ်းသူ အနည်းဆုံး(၁၄၈)ဦးရှိခဲ့ကြောင်း PPNM မှ ထုတ်ပြန်သည်။ 

Bagan News 


Comments