Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

ဆီဆိုင်မြို့နယ်တွင် စစ်ကောင်စီ ဒရုန်းဖြင့်တိုက်ခိုက်မှုကြောင့် သားအမိ ၂ ဦးသေဆုံး

ရှမ်းပြည်နယ်တောင်ပိုင်း ၊ ဆီဆိုင်မြို့နယ်တွင် စစ်ကောင်စီနှင့် လက်အောက်ခံ PNO ပြည်သူ့စစ်များက ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်မှုကြောင့် သားအမိ ၂ ဦးသေဆုံးပြီး ၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း  ပအဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA မှယနေ့ထုတ်ပြန်သည်။ 

ယနေ့ ဒီဇင်ဘာ ၂ ရက်နေ့ နံနက် ၁ဝ နာရီအချိန်ခန့်တွင် ဆီဆိုင်မြို့နယ် နောင်ရင်းကျေးရွာမှ ဒေသခံ မိသားစု ၃ ဦးသည် ၎င်းတို၏ ပြောင်းခြံတွင် ပြောင်းချိုးနေစဉ် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခဲ့ရခြင်းဖြစ်သည်။ 


ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြောင်းခြံအတွင်းရှိ မိခင် နှင့် ၂ နှစ်အရွယ် ၎င်း၏ကလေးမှာ ဗုံးကြဲခံရသည့်နေရာ၌သေဆုံးခဲ့ပြီး အမျိုးသားဖြစ်သူ မှာ ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီနှင့် လက်အောက်ခံ PNO ပြည်သူ့စစ်များသည်  ပအိုဝ်းကျေးရွာများကို ဗုံးကြဲတိုက်ခိုက်ခြင်း ၊  မီးရှို့ဖျက်ဆီးခြင်း ၊ပြည်သူများအား သတ်ဖြတ်ခြင်းများ ပြုလုပ်နေကြောင်း PNLA မှထုတ်ပြန်သည်။ 

နိုဝင်ဘာလ ၃ဝ ရက်နေ့တွင်လည်း ဆီဆိုင်မြို့နယ် အောင်ကလပ်ကျေးရွာတွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲများသည် ဆီဆိုင်-လွိင်ကော်လမ်းမကြီးပေါ် တွင်ဖြတ်သန်းသွားလာနေသည့် ဘုန်းကြီးကားကို ပစ်ခတ်ခဲ့ပြီး လိုက်ပါလာသည့် ထီစဲးခါးကျောင်းဆရာတော် ပျံလွန်တော်မူခဲ့ကာ ယာဉ်ပေါ်ပါသည့် အခြားဆရာတော် ၂ ပါးလည်း ပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြောင်း PNLA မှထုတ်ပြန်သည်။

Bagan News 

Comments