Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

မြဝတီအနီး ရွှေကုက္ကိုမြို့တွင် ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားသူရာချီရှိနေပြီး ၂ ဦးသေဆုံး

ထိုင်း-မြန်မာနယ်စပ်  မြဝတီမြို့အနီးရှိ ရွှေကုက္ကိုမြို့တွင် Cholera ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားသူ ၃ဝဝ ခန့်ရှိနေပြီး ၂ ဦးသေဆုံးခဲ့ကြောင်း ထိုင်းအခြေစိုက်သတင်းအချို့တွင် ယနေ့ဖော်ပြသည်။

ရွှေကုက္ကိုမြို့တွင် Cholera ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားသူများပြားလာသည့်အတွက် အရေးပေါ်တုံ့ပြန်ရေး စင်တာများကို ဒီဇင်ဘာလ ၂၂ ရက်မှစတင်ကာ ထိုင်းဘက်ခြမ်း တက်ခ်ခရိုင် တွင်ပြင်ဆင်ထားကြောင်း ထိုင်း ကျန်းမာရေး ဝန်ကြီးဌာန တာဝန်ရှိသူကပြောကြားသည်။ 

ရွှေကုက္ကိုမြို့တွင် ကာလဝမ်းရောဂါဖြစ်ပွားသည့် လူနာ ၅၆ ဦးသည် ရွှေကုက္ကိုဆေးရုံတွင် တက်ရောက်ကုသနေပြီး Cholera ဝမ်းပျက်ဝမ်းလျှော သံသယရှိသူ နှစ်ဦးသည် တက်ခ်ခရိုင်ရှိ မဲဆောက်ဆေးရုံနှင့် မဲရမတ်ဆေးရုံတို့တွင် တက်ရောက်ကုသနေကြောင်း ထိုင်း The Nation သတင်းတွင်ဖော်ပြသည်။ 

သံသယရှိသူ နှစ်ဦး၏ ဓာတ်ခွဲခန်းရလဒ်များကို ဆရာဝန်များက စောင့်မျှော်နေကြဆဲဖြစ်ကြောင်းဖော်ပြသည်။ 

Bagan News 








Comments