Skip to main content

Latest News

ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၄၉ ဦးရှိလာ

 ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့၊ ကစ္ဆပနဒီတံတားအနီးဝန်းကျင်နှင့် အိန္ဒိယဈေးဝန်းကျင်အား စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့်  သေဆုံးသူ ၄၉ ဦးရှိလာကြောင်း အာရက္ခတပ်တော် - AA ကထုတ်ပြန်သည်။  ယမန်နေ့ ၊ စက်တင်ဘာလ (၂၈) ရက်နေ့၊ နေ့လယ် (၁၂) နာရီ (၁၀) မိနစ် နှင့် (၁၂) နာရီ (၁၄) မိနစ်အချိန်တွင် စစ်တပ်၏ ဂျက်တိုက်လေယာဉ် (၁) စီးမှ ကျောက်တော်မြို့၊ ကစ္ဆပနဒီ တံတားအနီးဝန်းကျင်၊ အိန္ဒိယစျေးဝန်းကျင်အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။  စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်မှုကြောင့်  ထိခိုက်ဒဏ်ရာရရှိသူလည်း (၅၈) ဦးအထိ ရှိလာပြီး ယင်းအထဲတွင် ပြင်းထန်ဒဏ်ရာရခဲ့သူ ၂၂ ဦးရှိကြောင်းသိရသည်။  အလားတူ စစ်တပ်က ယမန်နေ့ ၊ နေ့လယ် တွင် မင်းပြားမြို့နယ် ၊ စွန်ရဲကျေးရွာနှင့် သံတွဲမြိုနယ်၊ ငပလီကို ဂျက်တိုက်လေယာဉ် (၁) စီးဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ၉ ဦးရှိကြောင်း AA ကထုတ်ပြန်သည်။  - BAGAN NEWS  

မြဝတီအနီး ရွှေကုက္ကိုမြို့တွင် ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားသူရာချီရှိနေပြီး ၂ ဦးသေဆုံး

ထိုင်း-မြန်မာနယ်စပ်  မြဝတီမြို့အနီးရှိ ရွှေကုက္ကိုမြို့တွင် Cholera ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားသူ ၃ဝဝ ခန့်ရှိနေပြီး ၂ ဦးသေဆုံးခဲ့ကြောင်း ထိုင်းအခြေစိုက်သတင်းအချို့တွင် ယနေ့ဖော်ပြသည်။

ရွှေကုက္ကိုမြို့တွင် Cholera ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားသူများပြားလာသည့်အတွက် အရေးပေါ်တုံ့ပြန်ရေး စင်တာများကို ဒီဇင်ဘာလ ၂၂ ရက်မှစတင်ကာ ထိုင်းဘက်ခြမ်း တက်ခ်ခရိုင် တွင်ပြင်ဆင်ထားကြောင်း ထိုင်း ကျန်းမာရေး ဝန်ကြီးဌာန တာဝန်ရှိသူကပြောကြားသည်။ 

ရွှေကုက္ကိုမြို့တွင် ကာလဝမ်းရောဂါဖြစ်ပွားသည့် လူနာ ၅၆ ဦးသည် ရွှေကုက္ကိုဆေးရုံတွင် တက်ရောက်ကုသနေပြီး Cholera ဝမ်းပျက်ဝမ်းလျှော သံသယရှိသူ နှစ်ဦးသည် တက်ခ်ခရိုင်ရှိ မဲဆောက်ဆေးရုံနှင့် မဲရမတ်ဆေးရုံတို့တွင် တက်ရောက်ကုသနေကြောင်း ထိုင်း The Nation သတင်းတွင်ဖော်ပြသည်။ 

သံသယရှိသူ နှစ်ဦး၏ ဓာတ်ခွဲခန်းရလဒ်များကို ဆရာဝန်များက စောင့်မျှော်နေကြဆဲဖြစ်ကြောင်းဖော်ပြသည်။ 

Bagan News 








Comments