Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

ရွှေဘိုထောင်တွင် နိုင်ငံရေးအကျဉ်းသားများအား ထောင်ဝင်စာတွေ့ခွင့်မပေးဘဲ ၆ လဝန်းကျော်ပိတ်လောင်ထား

စစ်ကိုင်းတိုင်း၊ရွှေဘိုအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများအား ထောင်ဝင်စာလူတွေ့ခွင့်မပေးဘဲ ပိတ်ပင်ထားသည်မှာ ၆ လဝန်းကျင်ရှိ နေပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)ကထုတ်ပြန်သည်။

ရွှေဘိုအကျဉ်းထောင်တွင်အကျဉ်းဦးစီးဝန်ထမ်းများက အဂတိလိုက်စားမှုများဖြင့် ထောင်ဝင်စာ တွေ့ဆုံခွင့်ကို အကျပ်ကိုင်လျက်ရှိပြီး နိုင်ငံတဝန်းရှိ အကျဉ်းထောင်များ၌ နိုင်ငံရေးအကျဉ်းသားများကို ဖိနှိပ်မှုများ ဆက်လက်ဆိုးရွားစွာ ဖြစ်ပေါ် နေကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

အလားတူ မြောင်းမြအကျဉ်းထောင်ရှိ နာမကျန်းဖြစ်နေသည့် အကျဉ်းသားများမှာ အကျဉ်းထောင်တွင်းလုံလောက်သည့် ဆေးဝါးကုသခွင့်မရရှိနေသလို မိသားစုဝင်များမှ ဆေးဝါးပို့ခွင့်ကိုပါ ကန့်သတ်ခံထားရကြောင်းသိရသည်။

ရွှေဘိုအကျဉ်းထောင် တာဝန်ခံ ထောင်ပိုင်အောင်လွင် ဆိုသူသည် အကျဉ်းသားတွေ့ခွင့်ကို အချိန်နာရီဝက်( မိနစ် ၃ဝ)လျင် ကာလတန်ဖိုးငွေကျပ်(၃)သိန်းခန့် တန်ဖိုးသတ်မှတ်ကာ အကျဉ်းသားများအပေါ်တွင် ခေါင်းပုံဖြတ်ဖိနှိပ်ကာ လာဘ်စားမှုကို ပေါ်ပေါ်ထင်ထင် ကျူးလွန်နေကြောင်း သိရသည်။

သတ်မှတ်ထားသော ငွေတန်ဖိုး မပေးနိုင်ပါက မိသားစုဖြင့် တွေ့ဆုံခွင့် မရကြသည်ကိုတွေ့ရှိရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)ကလည်း ဒီဇင်ဘာ လဆန်းတွင်ထုတ်ပြန်ခဲ့သည်။

ထို့အပြင် အကျဉ်းသားကျွေးမွေးစီမံရေးတွင် အကျဉ်းထောင်က သတ်မှတ်နှုန်းထားအတိုင်းမဟုတ်ဘဲ တစ်ရက်ခြားလျင် ကြက်ဥ(၁)လုံးကျစီသာပေး၍ အကျဉ်းသားကျွေးမွေးစရိတ်ပေါ်မှ ထောင်ပိုင်အ‌နေဖြင့် ကိုယ်ကျိုးစီးပွားရှာနေကြောင်း သိရသည်။ 

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)စာရင်းအရ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ  ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက် အထိ စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၆၀၅၆) ဦး ရှိခဲ့သည်။ 

ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၇၈၈၈) ဦးရှိပြီး ထိုအထဲမှ (၂၁၃၁၈) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၉၆၉၄) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်။ 

Bagan News 



 

Comments