Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

ရွှေဘိုအကျဉ်းထောင်တွင် မိနစ် ၃ဝ လျှင် ၃ သိန်းပေး နိုင်သူများသာ ဧည့်တွေ့ခွင့်ရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုအကျဉ်းထောင်တွင်  မိနစ် ၃ဝ လျှင် ကျပ် ၃ သိန်းပေး နိုင်သူများသာ ဧည့်တွေ့ခွင့်ရနေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)မှထုတ်ပြန်သည်။

ရွှေဘိုအကျဉ်းထောင်တွင် အကျဉ်းသားများနှင့် မိသားစုဝင်များ တွေ့ဆုံနိုင်သည့် ဧည့်တွေ့ခွင့်ကို ၂ဝ၂၄ ခုနှစ်ဇွန်လမှစ၍ လုံခြုံရေးအကြောင်းပြကာ ပိတ်ပင်ထားခဲ့သည်။

ဌင်းနောက် ထောင်အာဏာပိုင်မှ ဧည့်တွေ့ခွင့်ဈေးကွက်တစ်ခု ဖန်တီးကာကိုယ်ကျိုးရှာ‌နေခြင်းဖြစ်သည်။

သို့သော်လည်း နိုင်ငံရေးအကျဉ်းသားများကို မိသားစုနှင့် ဧည့်တွေ့ခွင့်မပေးသည့်အပြင် ဖိနှိပ်မှုများပြုလုပ်နေသည်ဟု PPNM ကထုတ်ပြန်သည်။

ရွှေဘိုအကျဉ်းထောင် တာဝန်ခံ ထောင်ပိုင်အောင်လွင် ဆိုသူသည် အကျဉ်းသားတွေ့ခွင့်ကို အချိန်နာရီဝက်( မိနစ် ၃ဝ)လျင် ကာလတန်ဖိုးငွေကျပ်(၃)သိန်းခန့် တန်ဖိုးသတ်မှတ်ကာ အကျဉ်းသားများအပေါ်တွင် ခေါင်းပုံဖြတ်ဖိနှိပ်ကာ လာဘ်စားမှုကို ပေါ်ပေါ်ထင်ထင် ကျူးလွန်နေကြောင်း သိရသည်။

သတ်မှတ်ထားသော ငွေတန်ဖိုး မပေးနိုင်ပါက မိသားစုဖြင့် တွေ့ဆုံခွင့် မရကြသည်ကိုတွေ့ရှိရကြောင်း PPNM ကထုတ်ပြန်သည်။

ထို့အပြင် အကျဉ်းသားကျွေးမွေးစီမံရေးတွင် အကျဉ်းထောင်က သတ်မှတ်နှုန်းထားအတိုင်းမဟုတ်ဘဲ တစ်ရက်ခြားလျင် ကြက်ဥ(၁)လုံးကျစီသာပေး၍ အကျဉ်းသားကျွေးမွေးစရိတ်ပေါ်မှ ထောင်ပိုင်အ‌နေဖြင့် ကိုယ်ကျိုးစီးပွားရှာနေကြောင်း သိရသည်။ 

ဌင်းကိစ္စရပ်များအား နိုဝင်ဘာလအတွင်း အကျဉ်းဦးစီးဌာနမှ ထွက်‌ပြေးလာသည့် အကျဉ်း‌ထောင် ဝန်ထမ်းဟောင်းတစ်ဦးမှ  ပြောကြားခဲ့ပြီး အကျဉ်းထောင်အားစုံစမ်းရာတွင် မှန်ကန်နေသည်ဟု PPNM ကထုတ်ပြန်သည်။

Bagan News 

Comments