Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

တောင်ပိုင်းစစ်ဒေသနယ်မြေ တိုက်ပွဲများတွင် စစ်ကောင်စီတပ်သား ၁၄၉ ဦး သေဆုံး

ကရင်ပြည်နယ်၊မွန်ပြည်နယ်နှင့် ပဲခူးတိုင်းတို့ပါဝင်သည့် NUG ၏ တောင်ပိုင်းစစ်ဒေသနယ်မြေတွင် နိုဝင်ဘာလအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင် စစ်ကောင်စီတပ်သား (၁၄၉)ဦး သေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ပိုင်းစစ်ဒေသမှထုတ်ပြန်သည်။ 

ဌင်းပြင် စစ်ကောင်စီတပ်သား (၈၉)ဦး ဒဏ်ရာရကာ (၆) ဦး အလင်းဝင်ရောက်ခဲ့ကြောင်းသိရသည်။


နိုဝင်ဘာလအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို အပြန်အလှန် ထိတွေ့တိုက်ပွဲပေါင်း (၄၂)ကြိမ်၊ စစ်ကောင်စီတပ်စခန်းများ စစ်ကြောင်းများကို ဒရုန်းဖြင့် (၃၈)ကြိမ် နှင့်အထက် တိုက်ခိုက်ခဲ့ပြီး မိုင်း လက်နက်ကြီးတိုဖြင့် အနည်းဆုံး ၁၉ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

ထို့အပြင် နိုဝင်ဘာလအတွင်း ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်ရှိ စစ်ကောင်စီ၏ ကူးဆိပ်စခန်းနှင့် မထောစခန်းတိုအား KNLA/PDF/BPLA ပူးပေါင်းတပ်ဖွဲက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ၎င်းတိုက်ပွဲနှင့် အခြားတိုက်ပွဲများမှ လက်နက်ကြီး လက်နက်ငယ်နှင့် ခဲယမ်းများစွာကို ပူးပေါင်းတပ်ဖွဲဘက်က သိမ်းဆည်းရမိခဲ့သည်။

တိုက်ပွဲများတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲဘက်မှ ရဲဘော်(၉)ဦး တိုင်းပြည်အတွက် အသက်ပေးခဲ့ပြီး (၃၆) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ဒရုန်းတစီးပျက်စီးဆုံးရှုးမှု ရှိခဲ့ကြောင်း  တောင်ပိုင်းစစ်ဒေသမှထုတ်ပြန်သည်။ 

တောင်ပိုင်းစစ်ဒေသနယ်မြေတွင် နိုဝင်ဘာတလအတွင်း စစ်ကောင်စီတပ်၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ပြည်သူ (၁၇)ဦး အသက်ဆုံးရှုးခဲ့ရပြီး ထိခိုက်ဒဏ်ရာရသူ (၅၄)ဦး ရှိခဲ့သည်။

တိုက်ပွဲများကို တောင်ပိုင်းစစ်ဒေသ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်းတပ်ဖွဲများ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ(ပကဖ)များ၊ LDF များ၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ မွန်ပြည်တော်လှန်ရေးတပ်(MSRF)၊ မွန်ပြည်သစ်(AD)ပူးပေါင်းတပ်ဖွဲများနှင့် ဒရုန်းပူးပေါင်းတပ်ဖွဲများ ပူးပေါင်းကာ စစ်ဆင်ရေးများကို ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

ဓာတ်ပုံ - ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်ရှိ စစ်ကောင်စီတပ်၏ တောင်သုံးလုံးတပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲများက ဒီဇင်ဘာ (၁၁) ရက်နေ့ နံနက် ၅နာရီခန့်တွင် အပြီးသတ် တိုက်ခိုက်သိမ်းပိုက် ရရှိခဲ့သည့်မြင်ကွင်း။ 

Bagan News 


Comments