Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

ကျွန်းလှမြို့နယ်တွင် စစ်ကြောင်းထိုးလို့ ပြည်သူ ၂ဝဝဝဝ နီးပါး စစ်ဘေးရှောင်နေရ

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်အတွင်းတွင် စစ်တပ်နှင့် ပျူစောထီး ပူးပေါင်းအင်အား ၂ဝဝ ခန့်မှာ နိုဝင်ဘာလ၂ဝ ရက်မှ ဒီဇင်ဘာလ ၄ ရက်အထိ စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်နေသည်။

ဌင်းစစ်ကြောင်းကြောင့် ဒေသခံပြည်သူ ၂ဝ,ဝဝဝ နီးပါးမှာ နှစ်ပတ်ကြာသည်အထိ စစ်ဘေးရှောင်နေရကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင် မှထုတ်ပြန်သည်။ 

ယင်းစစ်ကြောင်းသည် နိုဝင်ဘာလ ၂၀ ရက်တွင် ကျွန်းလှမြို့မှ ကံပေါက်ရွာ ပျူစောထီးရွာသို့ ရောက်ရှိလာခြင်းဖြစ်သည်။

ဌင်းနောက် ကုက္ကိုကုန်းရွာအား ၆ဝ မမ ဗုံးသီးများသုံး၍ ဒရုန်းသုံး တိုက်ခိုက်ခဲ့ပြီးနောက် ကျေးရွာတိုက်နယ်ဆေးရုံ၌ စတင်တပ်စွဲခဲ့သည်။

 

ဓာတ်ပုံ - နိုဝင်ဘာ ၁၇ ရက်နေ့တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်ခံခဲ့ရသည့် လိပ်ဆင်းတောင်ရွာ။ 

ယင်းရွာသည် ၂ဝ၁၅ ခုနှစ် ရွေးကောက်ခံ ကြံ့ခိုင်ရေးအမတ် ဦးကျော်ညွန့်၏ ဇာတိရွာလည်း ဖြစ်သည်။ 

၎င်းအပြင် ကုက္ကိုကုန်းနှင့်အနီးတဝိုက်ရှိ ကျေးရွာများအား နိုဝင်ဘာလ ၂ဝ ရက်မှ ၂၄ ရက်နေ့အထိ ဂျက်ဖိုက်တာ Mi-35 ရဟတ်ယာဉ်များဖြင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဒရုန်းသုံး တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူတဦး သေဆုံးခဲ့ကြောင်း ဒေသခံများမှသိရသည်။ 

ထို့နောက် တော်လှန်ရေးတပ်ဖွဲ့များအား ထောက်ခံသည်ဟုဆိုကာ ကုက္ကိုကုန်းရွာအား တကြိမ်၊ မဒေါင်၊ လွှတ်တိုက်နှင့် ဆွဲလှဲရွာတို့အား နှစ်ကြိမ်စီ၊ စုစုပေါင်း ခုနစ်ကြိမ်တိတိ စီးနင်း မီးရှို့ဖျက်ဆီးမှုများ ကျူးလွန်ခဲ့ကြောင်းသိရသည်။

ဌင်းပြင် ကျေးရွာများရှိ ပစ္စည်းများအား ခိုးယူလုယက်ခြင်းများကို ပေါ်ပေါ်တင်တင် လုပ်ဆောင်ခဲ့ကြောင်း ဒေသခံများကိပြောသည်။

ယင်းလုယက်ထားသည့် တန်ဖိုးကြီးပစ္စည်းများအား ကံပေါက်ကျေးရွာ ပျူအထိုင်စခန်းသို့ ကားများဖြင့် သယ်ဆောင်ကာ ဝေစုခွဲ ရယူနေခြင်းများ ရှိသည်ဟု သိရသည်။ 

စစ်ရှောင်နေကြရသည့် ပြည်သူ များမှာ ကျွန်းလှမြို့နယ်အတွင်းရှိ ကုက္ကိုကုန်း၊ တကုန်း၊ သံပုရာပင်စု၊ လွှတ်တိုက်၊ မဒေါင်၊ ဆွဲလှဲ၊ တောင်ယာဆိပ်ကျေးရွာများ၊

ကန့်ဘလူမြို့နယ်မှ လက်ခုပ်ပင်ရွာ၊ ကောလင်းမြို့နယ်အတွင်းမှ ရွာသစ်၊ အောင်ချမ်းသာ၊ ပေတပင် စသည့် ကျေးရွာ ၁၁ ရွာမှ ဖြစ်ကာ ဆောင်းတွင်းကာလ၌ ဘေးလွတ်ရာ တိမ်းရှောင်နေကြရခြင်း ဖြစ်သည်။ 

ကျွန်းလှမြို့နယ်၊ ဆည်အနီးအနားရှိ ကျေးရွာအများစုမှာ ရွှေနှင့် တောင်ယာလုပ်ငန်း လုပ်ကိုင်သူများကာ အိမ်များ၌ တစ်နှစ်စာ ဆန်/ဆီအား သိုလှောင်ထားလေ့ ရှိကြသည်။

ယခုကာလမှာ သီးနှံရိပ်သိမ်းချိန်ဖြစ်ကာ ဒေသခံများ၌ ရွှေနှင့် ငွေကြေး ရှိချိန်တွင် စစ်အုပ်စုနှင့် ပျူစောထီးများက စစ်ကြောင်းထိုး မီးရှို့ကာ လုယက်ခြင်း ဖြစ်ကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင် မှထုတ်ပြန်သည်။ 

Bagan News 

Comments