Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

ဒီဇင်ဘာလ အတွင်း စစ်အုပ်စုကြောင့် ပြည်သူ ၆၃ ဦး သေဆုံး

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့မှ ၂၇ ရက်နေ့အထိ နိုင်ငံတဝန်း၌ စစ်အုပ်စုကြောင့် အမျိုးသမီး (၂၄) ဦး၊ အမျိုးသား (၃၈) ဦးနှင့် လိင်စိတ်ခံယူမှုကွဲပြားသူ (၁) ဦး စုစုပေါင်း (၆၃) ဦး သေဆုံးခဲ့ပြီး အသက် ၁၈ နှစ်အောက် ကလေးငယ် (၈) ဦး ပါဝင်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှထုတ်ပြန်သည်။

ဓာတ်ပုံ - ရှမ်းပြည်နယ် သီပေါမြို့နယ်တွင် စစ်ကောင်စီတပ်မှပစ်ခတ်ခဲ့သည့် လက်နက်ကြီးတခု။

သေဆုံးသူများအနက် မန္တလေးတိုင်းမှာ (၁၅) ဦးဖြင့် သေဆုံးမှု အများဆုံးဒေသဖြစ်ပြီး (၂၈) ဦးမှာ စစ်အုပ်စု၏ လေကြောင်း ပစ်ခတ်တိုက်ခိုက်မှုကြောင့် အများဆုံးသေဆုံးခဲ့သည်။ 

ဌင်းကာလအတွင်း စစ်အုပ်စုက အမျိုးသမီး (၃) ဦးနှင့် အမျိုးသား (၁၂) ဦး စုစုပေါင်း (၁၅) ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ရန်ကုန်တိုင်းမှာ (၇) ဦး ဖြင့် အများဆုံး ဖမ်းဆီးခံခဲ့ရသည်။ 

ထို့ပြင် စစ်အုပ်စု၏ လက်အောက်ခံ တရားရုံးများက မတရားပုဒ်မများဖြင့် ထောင်ဒဏ်ချမှတ်ခံရပြီး လက်ရှိ အကျဉ်းထောင်များ၌ ထိန်းသိမ်းခံနေရသူ အမျိုးသမီး (၁၄) ဦးနှင့် အမျိုးသား (၅၅) ဦး စုစုပေါင်း (၆၉) ဦး ရှိခဲ့ပြီး စစ်ကိုင်းတိုင်းမှာ (၆၀) ဦးဖြင့် အများဆုံး ထောင်ဒဏ်ချမှတ်ခံခဲ့ရကြောင်း AAPP မှထုတ်ပြန်သည်။

AAPP စာရင်းအရ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ ၂၀၂၄ ခုနှစ် ၊ ဒီဇင်ဘာလ ၂၇ ရက်အထိ စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၆၀၈၇) ဦး ရှိခဲ့သည်။ 

ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၈၀၅၁) ဦးရှိပြီး ထိုအထဲမှ (၂၁၄၇၉) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၉၉၃၃) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်။ 

Bagan News 




Comments