Skip to main content

Latest News

ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၄၉ ဦးရှိလာ

 ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့၊ ကစ္ဆပနဒီတံတားအနီးဝန်းကျင်နှင့် အိန္ဒိယဈေးဝန်းကျင်အား စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့်  သေဆုံးသူ ၄၉ ဦးရှိလာကြောင်း အာရက္ခတပ်တော် - AA ကထုတ်ပြန်သည်။  ယမန်နေ့ ၊ စက်တင်ဘာလ (၂၈) ရက်နေ့၊ နေ့လယ် (၁၂) နာရီ (၁၀) မိနစ် နှင့် (၁၂) နာရီ (၁၄) မိနစ်အချိန်တွင် စစ်တပ်၏ ဂျက်တိုက်လေယာဉ် (၁) စီးမှ ကျောက်တော်မြို့၊ ကစ္ဆပနဒီ တံတားအနီးဝန်းကျင်၊ အိန္ဒိယစျေးဝန်းကျင်အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။  စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်မှုကြောင့်  ထိခိုက်ဒဏ်ရာရရှိသူလည်း (၅၈) ဦးအထိ ရှိလာပြီး ယင်းအထဲတွင် ပြင်းထန်ဒဏ်ရာရခဲ့သူ ၂၂ ဦးရှိကြောင်းသိရသည်။  အလားတူ စစ်တပ်က ယမန်နေ့ ၊ နေ့လယ် တွင် မင်းပြားမြို့နယ် ၊ စွန်ရဲကျေးရွာနှင့် သံတွဲမြိုနယ်၊ ငပလီကို ဂျက်တိုက်လေယာဉ် (၁) စီးဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ၉ ဦးရှိကြောင်း AA ကထုတ်ပြန်သည်။  - BAGAN NEWS  

ကန်ပက်လက်မြို့ကို ထိန်းချုပ်ထားကြောင်း ချင်းညီနောင်အဖွဲ့ထုတ်ပြန်

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် တစ်ခုလုံးအား ချင်းညီနောင်အဖွဲ့၏ ထိန်းချုပ်မှုအောက်တွင် အလုံးစုံရောက်ရှိနေပြီ ဖြစ်ကြောင်း ဌင်းအဖွဲ့က ယနေ့ထုတ်ပြန်သည်။ 

ချင်းညီနောင်စစ်ဆင်ရေး (Operation CB) အဖြစ် ကန်ပက်လက်မြို့သိမ်း တိုက်ပွဲကို ၂ဝ၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၂၂) ရက်နေ့တွင် စတင်မည်ဟုချင်းညီနောင်အဖွဲ့က ကြေညာခဲ့သည်။ 


ဒီဇင်ဘာလ (၂၂) ရက်နေ့တွင် ကန်ပက်လက်မြို့နယ်ရှိ စစ်ကောင်စီတပ်များ တပ်စွဲထားသည့်နေရာ အသီးသီးမှ ထွက်ပြေးတိမ်းရှောင်သွားကြပြီး ချင်းညီနောင်အဖွဲ့မှ မြို့နယ်လုံခြုံရေးနှင့် ပြည်သူ့ဝန်ဆောင်မှုကိစ္စရပ်များအားလုံးကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ 

ချင်းပြည်နယ် ၊ မင်းတပ်မြို့အခြေစိုက် အမှတ်(၂၇၄) ခြေလျင်တပ်ရင်းအား တိုက်ခိုက် သိမ်းပိုက်ပြီး မင်းတပ်မြို့နယ် တစ်ခုလုံးအား ဒီဇင်ဘာလ(၂၁) ရက်နေ့တွင် အလုံးစုံထိန်းချုပ်ထားနိုင်ခဲ့ပြီဖြစ်ကြောင်း ချင်းညီနောင်တပ်များကထုတ်ပြန်သည်။

ချင်းပြည်တောင်ပိုင်းနယ်တစ်ခုလုံး စစ်ကောင်စီ ထိန်းချုပ်မှုအောက်မှ အလုံးစုံ လွတ်မြောက်လာခဲ့ပြီဖြစ်ကြောင်း၊ ချင်းပြည်နယ်အတွင်း ကျန်ရှိနေသေးသည့်နေရာများတွင် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး ဆက်လက်ပူးပေါင်းတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ချင်းညီနောင်အဖွဲ့ကထုတ်ပြန်သည်။

Bagan News 

Comments