Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

ကန်ပက်လက်မြို့ကို ထိန်းချုပ်ထားကြောင်း ချင်းညီနောင်အဖွဲ့ထုတ်ပြန်

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် တစ်ခုလုံးအား ချင်းညီနောင်အဖွဲ့၏ ထိန်းချုပ်မှုအောက်တွင် အလုံးစုံရောက်ရှိနေပြီ ဖြစ်ကြောင်း ဌင်းအဖွဲ့က ယနေ့ထုတ်ပြန်သည်။ 

ချင်းညီနောင်စစ်ဆင်ရေး (Operation CB) အဖြစ် ကန်ပက်လက်မြို့သိမ်း တိုက်ပွဲကို ၂ဝ၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၂၂) ရက်နေ့တွင် စတင်မည်ဟုချင်းညီနောင်အဖွဲ့က ကြေညာခဲ့သည်။ 


ဒီဇင်ဘာလ (၂၂) ရက်နေ့တွင် ကန်ပက်လက်မြို့နယ်ရှိ စစ်ကောင်စီတပ်များ တပ်စွဲထားသည့်နေရာ အသီးသီးမှ ထွက်ပြေးတိမ်းရှောင်သွားကြပြီး ချင်းညီနောင်အဖွဲ့မှ မြို့နယ်လုံခြုံရေးနှင့် ပြည်သူ့ဝန်ဆောင်မှုကိစ္စရပ်များအားလုံးကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ 

ချင်းပြည်နယ် ၊ မင်းတပ်မြို့အခြေစိုက် အမှတ်(၂၇၄) ခြေလျင်တပ်ရင်းအား တိုက်ခိုက် သိမ်းပိုက်ပြီး မင်းတပ်မြို့နယ် တစ်ခုလုံးအား ဒီဇင်ဘာလ(၂၁) ရက်နေ့တွင် အလုံးစုံထိန်းချုပ်ထားနိုင်ခဲ့ပြီဖြစ်ကြောင်း ချင်းညီနောင်တပ်များကထုတ်ပြန်သည်။

ချင်းပြည်တောင်ပိုင်းနယ်တစ်ခုလုံး စစ်ကောင်စီ ထိန်းချုပ်မှုအောက်မှ အလုံးစုံ လွတ်မြောက်လာခဲ့ပြီဖြစ်ကြောင်း၊ ချင်းပြည်နယ်အတွင်း ကျန်ရှိနေသေးသည့်နေရာများတွင် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး ဆက်လက်ပူးပေါင်းတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ချင်းညီနောင်အဖွဲ့ကထုတ်ပြန်သည်။

Bagan News 

Comments