Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

ပန်းရောင်ကတ် ကိုင်ဆောင်ထားသူများ မြန်မာသံရုံး စလစ်ကြေး ၁၈ဝဝ ဘတ် ပေးသွင်းရန်မလို

ထိုင်းနိုင်ငံတွင် ပန်းရောင်ကတ် ကိုင်ဆောင်ထားသော မြန်မာလူမျိုးများအနေဖြင့် မြန်မာသံရုံးသို့ စလစ်ကြေး ၁၈ဝဝ ဘတ်ပေးသွင်းရန်မလိုဘဲ (၂) နှစ် သက်တမ်းရှိသည့် ယာယီ နေထိုင်အလုပ်လုပ်ကိုင်ခွင့်ပြုချက်ကို လျှောက်ထားနိုင်ကြောင်း ဘန်ကောက်မြို့ရှိ မြန်မာသံရုံးကယနေ့ထုတ်ပြန်သည်။

ထိုင်းအစိုးရအဖွဲ့၏ ၂၄-၉-၂၀၂၄ ရက်နေ့ ထုတ်ပြန်ချက်အရ MOU လုပ်သားများကဲ့သို့ ၁၃-၂-၂၀၂၅ ရက်နေ့အထိ အလုပ်လုပ်ကိုင်ခွင့်ပြုထားသည့် နိုင်ငံကူးလက်မှတ် (Passport - စာအုပ်အနီ) ၊ သို့မဟုတ် မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (CI - စာအုပ်အစိမ်း) ကိုင်ဆောင်ထားသော လုပ်သားများအား ထိုင်းနိုင်ငံအတွင်း (၂) နှစ် သက်တမ်းရှိသည့် ယာယီ နေထိုင်အလုပ်လုပ်ကိုင်ခွင့်ပြုချက်ကို လျှောက်ထားနိုင်မည်ဖြစ်သည်။


ဌင်းပြင် ဆက်လက်၍ (၂) နှစ် သက်တမ်းတိုးခွင့်ရှိပြီး စုစုပေါင်း (၄) နှစ် ခွင့်ပြုမည်ဖြစ်ကြောင်း ဖော်ပြသည်။ 

အချို့သော အေဂျင်စီများက “မြန်မာသံရုံးသို့ စလစ်ကြေး ၁၈၀၀ ဘတ်” ဟု ဖော်ပြနေကြပြီး ငွေကြေးကောက်ခံရန်မရှိ မရှိကြောင်း၊ မြန်မာလုပ်သားများအနေဖြင့် ထိုင်းနိုင်ငံ၊ သက်ဆိုင်ရာဌာနများ၏ လမ်းညွှန်မှုနှင့်အညီ ဆက်လက်ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း မြန်မာသံရုံးက ထုတ်ပြန်သည်။ 

ထို့ပြင် ၂% အခွန်အား သီးသန့်ကောက်ခံခြင်းမပြုဘဲ နိုင်ငံကူးလက်မှတ်နှင့် CI စာအုပ်အသစ်လဲလှယ်ချိန်တွင်သာ သတ်မှတ်နှုန်းထားများအတိုင်း ဗန်ကောက်ဘဏ်နှင့် 7/11 ဆိုင်များသို့ တိုက်ရိုက်ငွေပေးသွင်းရမည်ဖြစ်ပြီး၊ ပေးသွင်းပြေစာပြသ၍ စာအုပ်များ ပြုလုပ်ရမည်ဖြစ်ကြောင်းသိရသည်။ 

သက်တမ်းကုန်ခါနီးဖြစ်သော CI စာအုပ်များအား အသစ်ပြုလုပ်ပေးနိုင်ရေးလုပ်ငန်းစဉ် စတင်နိုင်ရန်အတွက် ထိုင်းနိုင်ငံ၏ အလုပ်သမားဉီးစီးဌာနနှင့် ညှိနှိုင်းထားရှိပြီးဖြစ်ကြောင်း မြန်မာသံရုံးကယနေ့ထုတ်ပြန်သည်။

အထောက်အထားမရှိသော မြန်မာလုပ်သားများ (နိုင်ငံကူးလက်မှတ်နှင့် CI မရှိသူများ) အတွက် ထိုင်းနိုင်ငံမှ ပန်းရောင်ကတ်ထုတ်ပေးရေးလုပ်ငန်းစဉ်ဆောင်ရွက်ချိန်တွင် ယခင်နှစ်များကဲ့သို့ CI စာအုပ်ကိုပါ ပူးတွဲထုတ်ပေးနိုင်ရေး စီစဉ်သွားမည်ဖြစ်ကြောင်းသိရသည်။

Comments