Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

ခင်ဦးမြို့ပေါ် ပစ်ခတ်မှုဖြစ်ပြီး ကာကွယ်ရေး ရဲဘော် ၁ ဦး ကျဆုံး

စစ်ကိုင်းတိုင်း ခင်ဦးမြို့ပေါ်တွင် ဒီဇင်ဘာလ ၄ ရက်နေ့က အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားပြီး ကာကွယ်ရေးရဲဘော် ၁ ဦးကျဆုံးခဲ့ကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ထုတ်ပြန်သည်။ 

ဒီဇင်ဘာလ ၄ ရက်နေ့နံနက် ၉ နာရီဝန်းကျင်တွင် ခင်ဦးမြို့ ပြည်သူ့ဆေးရုံကြီး အနီး သံပြားကာ ကားတစ်စီးဖြင့် ထွက်လာသော စစ်ကောင်စီ တပ်သားများနှင့်မြို့ပေါ် UG နှင့် ပူးပေါင်း ကာကွယ်ရေးအဖွဲ့များ အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြသည်။ 

ဓာတ်ပုံ - ကျဆုံးရဲဘော် ကိုနွေဦး၏ ဈာပန။

၎င်းပစ်ခတ်မှု အတွင်း စစ်ကောင်စီ တပ်မှ ၆ဝ မမ လက်နက်ကြီးဖြင့် တန်ပြန်ပစ်ခတ်မှုကြောင့် ကာကွယ်ရေး ရဲဘော်များ စုရပ်နေရာ အနီးဆုံး ပေါက်ကွဲခဲ့ကာ ကာကွယ်ရေးရဲဘော် ကိုနွေဦး ကျဆုံးခဲ့ခြင်းဖြစ်သည်။

ဌင်းပြင် မြို့ပေါ် UG နှင့် ပူးပေါင်းရဲဘော် (၅)ဦးလည်း  လက်နက်ကြီး အစများထိမှန်ခဲ့ကာ ပြင်းထန် ဒဏ်ရာများ ရရှိခဲ့ကြပြီး ဆေးကုသမှုခံယူနေရကြောင်း သိရသည်။ 

ကျဆုံးရဲဘော် ကိုနွေဦး၏ ဈာပနအား  ဒီဇင်ဘာလ ၄ ရက်နေ့ ညနေခင်း ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီ တပ်သားများသည် ပစ်ခတ်မှု အပြီးတွင်လည်း ၎င်းတို့ အခြေချ ရာ ပြည်သူ့ဆေးရုံကြီးတွင် Non CDM ဆရာဝန် များနှင့်ပူးပေါင်း၍ မြို့ပေါ်ရှိ ကလေးမိခင်များကို ကလေးသူငယ်များအား ကာကွယ်ဆေး မဖြစ်မ‌နေ လာရောက် ထိုးနှံကြဖို့ အတင်းအကြပ်လုပ်ဆောင်နေကြ‌ကြောင်း  ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ထုတ်ပြန်သည်။ 

ဌင်းအပြန်အလှန်ပစ်ခတ်မှုများ အတွင်း စစ်ကောင်စီတပ်ဘက်မှလည်း သေဆုံးဒဏ်ရာရမှုများရှိခဲ့ကြောင်း သိရသည်။

Bagan News 


Comments