Skip to main content

Latest News

ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၄၉ ဦးရှိလာ

 ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့၊ ကစ္ဆပနဒီတံတားအနီးဝန်းကျင်နှင့် အိန္ဒိယဈေးဝန်းကျင်အား စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့်  သေဆုံးသူ ၄၉ ဦးရှိလာကြောင်း အာရက္ခတပ်တော် - AA ကထုတ်ပြန်သည်။  ယမန်နေ့ ၊ စက်တင်ဘာလ (၂၈) ရက်နေ့၊ နေ့လယ် (၁၂) နာရီ (၁၀) မိနစ် နှင့် (၁၂) နာရီ (၁၄) မိနစ်အချိန်တွင် စစ်တပ်၏ ဂျက်တိုက်လေယာဉ် (၁) စီးမှ ကျောက်တော်မြို့၊ ကစ္ဆပနဒီ တံတားအနီးဝန်းကျင်၊ အိန္ဒိယစျေးဝန်းကျင်အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။  စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်မှုကြောင့်  ထိခိုက်ဒဏ်ရာရရှိသူလည်း (၅၈) ဦးအထိ ရှိလာပြီး ယင်းအထဲတွင် ပြင်းထန်ဒဏ်ရာရခဲ့သူ ၂၂ ဦးရှိကြောင်းသိရသည်။  အလားတူ စစ်တပ်က ယမန်နေ့ ၊ နေ့လယ် တွင် မင်းပြားမြို့နယ် ၊ စွန်ရဲကျေးရွာနှင့် သံတွဲမြိုနယ်၊ ငပလီကို ဂျက်တိုက်လေယာဉ် (၁) စီးဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ၉ ဦးရှိကြောင်း AA ကထုတ်ပြန်သည်။  - BAGAN NEWS  

ခင်ဦးမြို့ပေါ် ပစ်ခတ်မှုဖြစ်ပြီး ကာကွယ်ရေး ရဲဘော် ၁ ဦး ကျဆုံး

စစ်ကိုင်းတိုင်း ခင်ဦးမြို့ပေါ်တွင် ဒီဇင်ဘာလ ၄ ရက်နေ့က အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားပြီး ကာကွယ်ရေးရဲဘော် ၁ ဦးကျဆုံးခဲ့ကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ထုတ်ပြန်သည်။ 

ဒီဇင်ဘာလ ၄ ရက်နေ့နံနက် ၉ နာရီဝန်းကျင်တွင် ခင်ဦးမြို့ ပြည်သူ့ဆေးရုံကြီး အနီး သံပြားကာ ကားတစ်စီးဖြင့် ထွက်လာသော စစ်ကောင်စီ တပ်သားများနှင့်မြို့ပေါ် UG နှင့် ပူးပေါင်း ကာကွယ်ရေးအဖွဲ့များ အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြသည်။ 

ဓာတ်ပုံ - ကျဆုံးရဲဘော် ကိုနွေဦး၏ ဈာပန။

၎င်းပစ်ခတ်မှု အတွင်း စစ်ကောင်စီ တပ်မှ ၆ဝ မမ လက်နက်ကြီးဖြင့် တန်ပြန်ပစ်ခတ်မှုကြောင့် ကာကွယ်ရေး ရဲဘော်များ စုရပ်နေရာ အနီးဆုံး ပေါက်ကွဲခဲ့ကာ ကာကွယ်ရေးရဲဘော် ကိုနွေဦး ကျဆုံးခဲ့ခြင်းဖြစ်သည်။

ဌင်းပြင် မြို့ပေါ် UG နှင့် ပူးပေါင်းရဲဘော် (၅)ဦးလည်း  လက်နက်ကြီး အစများထိမှန်ခဲ့ကာ ပြင်းထန် ဒဏ်ရာများ ရရှိခဲ့ကြပြီး ဆေးကုသမှုခံယူနေရကြောင်း သိရသည်။ 

ကျဆုံးရဲဘော် ကိုနွေဦး၏ ဈာပနအား  ဒီဇင်ဘာလ ၄ ရက်နေ့ ညနေခင်း ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီ တပ်သားများသည် ပစ်ခတ်မှု အပြီးတွင်လည်း ၎င်းတို့ အခြေချ ရာ ပြည်သူ့ဆေးရုံကြီးတွင် Non CDM ဆရာဝန် များနှင့်ပူးပေါင်း၍ မြို့ပေါ်ရှိ ကလေးမိခင်များကို ကလေးသူငယ်များအား ကာကွယ်ဆေး မဖြစ်မ‌နေ လာရောက် ထိုးနှံကြဖို့ အတင်းအကြပ်လုပ်ဆောင်နေကြ‌ကြောင်း  ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ထုတ်ပြန်သည်။ 

ဌင်းအပြန်အလှန်ပစ်ခတ်မှုများ အတွင်း စစ်ကောင်စီတပ်ဘက်မှလည်း သေဆုံးဒဏ်ရာရမှုများရှိခဲ့ကြောင်း သိရသည်။

Bagan News 


Comments