Skip to main content

Latest News

ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၄၉ ဦးရှိလာ

 ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့၊ ကစ္ဆပနဒီတံတားအနီးဝန်းကျင်နှင့် အိန္ဒိယဈေးဝန်းကျင်အား စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့်  သေဆုံးသူ ၄၉ ဦးရှိလာကြောင်း အာရက္ခတပ်တော် - AA ကထုတ်ပြန်သည်။  ယမန်နေ့ ၊ စက်တင်ဘာလ (၂၈) ရက်နေ့၊ နေ့လယ် (၁၂) နာရီ (၁၀) မိနစ် နှင့် (၁၂) နာရီ (၁၄) မိနစ်အချိန်တွင် စစ်တပ်၏ ဂျက်တိုက်လေယာဉ် (၁) စီးမှ ကျောက်တော်မြို့၊ ကစ္ဆပနဒီ တံတားအနီးဝန်းကျင်၊ အိန္ဒိယစျေးဝန်းကျင်အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။  စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်မှုကြောင့်  ထိခိုက်ဒဏ်ရာရရှိသူလည်း (၅၈) ဦးအထိ ရှိလာပြီး ယင်းအထဲတွင် ပြင်းထန်ဒဏ်ရာရခဲ့သူ ၂၂ ဦးရှိကြောင်းသိရသည်။  အလားတူ စစ်တပ်က ယမန်နေ့ ၊ နေ့လယ် တွင် မင်းပြားမြို့နယ် ၊ စွန်ရဲကျေးရွာနှင့် သံတွဲမြိုနယ်၊ ငပလီကို ဂျက်တိုက်လေယာဉ် (၁) စီးဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ၉ ဦးရှိကြောင်း AA ကထုတ်ပြန်သည်။  - BAGAN NEWS  

မတ္တရာမြို့နယ်တွင် စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ကလေးငယ် ၂ ဦးသေဆုံး

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင်  စစ်ကောင်စီတပ်မှ ပစ်ခတ်မှုကြောင့် ကလေးငယ် ၂ ဦးသေဆုံးကာ ပြည်သူ (၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY PDF မှထုတ်ပြန်သည်။ 

ပြီးခဲ့သည့် ဒီဇင်ဘာလ (၂၆) ရက် ညနေပိုင်းတွင် စစ်ကောင်စီတပ်မှ ပစ်ခတ်သည့်လက်နက်ကြီးသည် ထန်းတောကုန်းတဲတိုက် ဘုန်းကြီးကျောင်းသို ကျရောက်ပေါက်ကွဲခဲ့ကာ ကလေးငယ် (၂) ဦးသေဆုံးခဲ့ခြင်းဖြစ်သည်။ 

ဓာတ်ပုံ - MDY PDF

မတ္တရာမြို့နယ် ၊ သပိတ်ကျင်းမြို့နယ် နှင့် နောင်ချိုမြို့နယ်တို့တွင် တိုက်ပွဲများ ဖြစ်ပွါးလျက်ရှိပြီး စစ်ကောင်စီသည် ပြည်သူကို ပစ်မှတ်ထားကာ စစ်ရာဇဝတ်မှုများ အကြိမ်ကြိမ် ကျူးလွန်လျက်ရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)မှထုတ်ပြန်သည်။ 

ပြီးခဲ့သည့် ဒီဇင်ဘာလ (၁၉)ရက်နေ့တွင်လည်း  မတ္တရာမြို့နယ်၌ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)နှင့် စစ်ကောင်စီအကြား တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး ထန်းပင်ကုန်းကျေးရွာအား MDY PDF က အပြီးသတ်သိမ်းပိုက်ခဲ့သည်။ 

Bagan News 




Comments