Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

မတ္တရာမြို့နယ်တွင် စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ကလေးငယ် ၂ ဦးသေဆုံး

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင်  စစ်ကောင်စီတပ်မှ ပစ်ခတ်မှုကြောင့် ကလေးငယ် ၂ ဦးသေဆုံးကာ ပြည်သူ (၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY PDF မှထုတ်ပြန်သည်။ 

ပြီးခဲ့သည့် ဒီဇင်ဘာလ (၂၆) ရက် ညနေပိုင်းတွင် စစ်ကောင်စီတပ်မှ ပစ်ခတ်သည့်လက်နက်ကြီးသည် ထန်းတောကုန်းတဲတိုက် ဘုန်းကြီးကျောင်းသို ကျရောက်ပေါက်ကွဲခဲ့ကာ ကလေးငယ် (၂) ဦးသေဆုံးခဲ့ခြင်းဖြစ်သည်။ 

ဓာတ်ပုံ - MDY PDF

မတ္တရာမြို့နယ် ၊ သပိတ်ကျင်းမြို့နယ် နှင့် နောင်ချိုမြို့နယ်တို့တွင် တိုက်ပွဲများ ဖြစ်ပွါးလျက်ရှိပြီး စစ်ကောင်စီသည် ပြည်သူကို ပစ်မှတ်ထားကာ စစ်ရာဇဝတ်မှုများ အကြိမ်ကြိမ် ကျူးလွန်လျက်ရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)မှထုတ်ပြန်သည်။ 

ပြီးခဲ့သည့် ဒီဇင်ဘာလ (၁၉)ရက်နေ့တွင်လည်း  မတ္တရာမြို့နယ်၌ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)နှင့် စစ်ကောင်စီအကြား တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး ထန်းပင်ကုန်းကျေးရွာအား MDY PDF က အပြီးသတ်သိမ်းပိုက်ခဲ့သည်။ 

Bagan News 




Comments