Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

စစ်ကောင်စီတပ်များ၏ ပစ်ခတ်မှုကြောင့် ဘုန်းကြီးကျောင်း ပျက်စီးပြီး သံဃာတော် ၁ ပါး လက်နက်ကြီးစ ထိမှန်

ပဲခူးတိုင်း၊ညောင်လေးပင်ခရိုင်(ခလယ်လွီထူခရိုင်) ကျောက်ကြီးမြို့နယ်(လယ်ဒိုမြို့နယ်)အတွင်းတွင် စစ်ကောင်စီတပ်မှပစ်ခတ်မှုကြောင့် ဘုန်းကြီးကျောင်း (၁)ကျောင်း နှင့် နေအိမ်(၁)လုံး ပျက်စီးခဲ့ပြီး သံဃာတော် (၁)ပါး လက်နက်ကြီးစ ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံးမှထုတ်ပြန်သည်။ 

ပြီးခဲ့သည့် နိုဝင်ဘာလ (၂၉) ရက်နေ့တွင် ပိန်းဇလုပ်အခြေစိုက် ခလရ-၂၆၄ တပ်မှ ၁၂၂ မမ ဟောင်ဝစ်ဇာ လက်နက်ကြီးများဖြင့် ကော်သာစေးကျေးရွာ၊ကျောင်းစုကျေးရွာ ၊ ၁၂၀ မမ လက်နက်ကြီးများဖြင့် ရေတွင်းကုန်းကျေးရွာသို့ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ 

ဓါတ်ပုံ − စစ်ကောင်စီတပ်များ၏ ပစ်ခတ်မှုကြောင့် ထိခိုက် ပျက်စီးမှုများ။

ဌင်းပြင် နတ်သံကွင်းမှ စစ်ကောင်စီ တပ်များသည် ၁၂၀ မမ လက်နက်ကြီးများဖြင့် ဝေဒေါခို (အင်တိုင်းကုန်း)ကျေးရွာ၊ကျောက်စရစ် ကျေးရွာ၊ကျောက်စရစ်အနောက်ကျေးရွာသို့စုစုပေါင်း(၂၅)လုံး ပစ်ခတ်ခဲ့ကြောင်း ကေအဲန်ယူမှထုတ်ပြန်သည်။ 

ကော်သာစေး (ဂေါ်သဇင်) ကျေးရွာအားစစ်ကောင်စီက လေယာဉ်ဖြင့် (၂)ကြိမ် ပစ်ခတ်ခဲ့ရာ ရေတွင်းကုန်း ကျေးရွာ နေအိမ် (၁)လုံး ပျက်စီးခဲ့ကြောင်းသိရသည်။

နိုဝင်ဘာလ (၃ဝ) ရက်နေ့တွင်လည်း ကုန်းချောင်းဝ ကျေးရွာမှ စစ်ကောင်စီ တပ်များသည် နတ်တလင်းကျေးရွာသို့ ၁၂၀ မမ လက်နက်ကြီး (၁)လုံး၊ နတ်သံကွင်းမှ စစ်ကောင်စီ တပ်များသည် နိုဂေါ် (မမယမ်း)ကျေးရွာသို့ ၁၂၀ မမ လက်နက်ကြီး (၁)လုံး စုစုပေါင်း (၂)လုံးပစ်ခတ်ခဲ့သည်။

ပစ်ခတ်မှုကြောင့် နတ်တလင်း ကျေးရွာရှိ ဘုန်းကြီးကျောင်း (၁) ကျောင်း ပျက်စီးခဲ့ပြီး ကျောင်းတွင်း သီတင်းသုံးနေသော အရှင်ဦးထာဝရ သက်တော် (၄ဝ) နှစ် မှာထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူမှထုတ်ပြန်သည်။ 

Bagan News 


Comments