Skip to main content

Latest News

ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၄၉ ဦးရှိလာ

 ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့၊ ကစ္ဆပနဒီတံတားအနီးဝန်းကျင်နှင့် အိန္ဒိယဈေးဝန်းကျင်အား စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့်  သေဆုံးသူ ၄၉ ဦးရှိလာကြောင်း အာရက္ခတပ်တော် - AA ကထုတ်ပြန်သည်။  ယမန်နေ့ ၊ စက်တင်ဘာလ (၂၈) ရက်နေ့၊ နေ့လယ် (၁၂) နာရီ (၁၀) မိနစ် နှင့် (၁၂) နာရီ (၁၄) မိနစ်အချိန်တွင် စစ်တပ်၏ ဂျက်တိုက်လေယာဉ် (၁) စီးမှ ကျောက်တော်မြို့၊ ကစ္ဆပနဒီ တံတားအနီးဝန်းကျင်၊ အိန္ဒိယစျေးဝန်းကျင်အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။  စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်မှုကြောင့်  ထိခိုက်ဒဏ်ရာရရှိသူလည်း (၅၈) ဦးအထိ ရှိလာပြီး ယင်းအထဲတွင် ပြင်းထန်ဒဏ်ရာရခဲ့သူ ၂၂ ဦးရှိကြောင်းသိရသည်။  အလားတူ စစ်တပ်က ယမန်နေ့ ၊ နေ့လယ် တွင် မင်းပြားမြို့နယ် ၊ စွန်ရဲကျေးရွာနှင့် သံတွဲမြိုနယ်၊ ငပလီကို ဂျက်တိုက်လေယာဉ် (၁) စီးဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ၉ ဦးရှိကြောင်း AA ကထုတ်ပြန်သည်။  - BAGAN NEWS  

စစ်ကောင်စီတပ်များ၏ ပစ်ခတ်မှုကြောင့် ဘုန်းကြီးကျောင်း ပျက်စီးပြီး သံဃာတော် ၁ ပါး လက်နက်ကြီးစ ထိမှန်

ပဲခူးတိုင်း၊ညောင်လေးပင်ခရိုင်(ခလယ်လွီထူခရိုင်) ကျောက်ကြီးမြို့နယ်(လယ်ဒိုမြို့နယ်)အတွင်းတွင် စစ်ကောင်စီတပ်မှပစ်ခတ်မှုကြောင့် ဘုန်းကြီးကျောင်း (၁)ကျောင်း နှင့် နေအိမ်(၁)လုံး ပျက်စီးခဲ့ပြီး သံဃာတော် (၁)ပါး လက်နက်ကြီးစ ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံးမှထုတ်ပြန်သည်။ 

ပြီးခဲ့သည့် နိုဝင်ဘာလ (၂၉) ရက်နေ့တွင် ပိန်းဇလုပ်အခြေစိုက် ခလရ-၂၆၄ တပ်မှ ၁၂၂ မမ ဟောင်ဝစ်ဇာ လက်နက်ကြီးများဖြင့် ကော်သာစေးကျေးရွာ၊ကျောင်းစုကျေးရွာ ၊ ၁၂၀ မမ လက်နက်ကြီးများဖြင့် ရေတွင်းကုန်းကျေးရွာသို့ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ 

ဓါတ်ပုံ − စစ်ကောင်စီတပ်များ၏ ပစ်ခတ်မှုကြောင့် ထိခိုက် ပျက်စီးမှုများ။

ဌင်းပြင် နတ်သံကွင်းမှ စစ်ကောင်စီ တပ်များသည် ၁၂၀ မမ လက်နက်ကြီးများဖြင့် ဝေဒေါခို (အင်တိုင်းကုန်း)ကျေးရွာ၊ကျောက်စရစ် ကျေးရွာ၊ကျောက်စရစ်အနောက်ကျေးရွာသို့စုစုပေါင်း(၂၅)လုံး ပစ်ခတ်ခဲ့ကြောင်း ကေအဲန်ယူမှထုတ်ပြန်သည်။ 

ကော်သာစေး (ဂေါ်သဇင်) ကျေးရွာအားစစ်ကောင်စီက လေယာဉ်ဖြင့် (၂)ကြိမ် ပစ်ခတ်ခဲ့ရာ ရေတွင်းကုန်း ကျေးရွာ နေအိမ် (၁)လုံး ပျက်စီးခဲ့ကြောင်းသိရသည်။

နိုဝင်ဘာလ (၃ဝ) ရက်နေ့တွင်လည်း ကုန်းချောင်းဝ ကျေးရွာမှ စစ်ကောင်စီ တပ်များသည် နတ်တလင်းကျေးရွာသို့ ၁၂၀ မမ လက်နက်ကြီး (၁)လုံး၊ နတ်သံကွင်းမှ စစ်ကောင်စီ တပ်များသည် နိုဂေါ် (မမယမ်း)ကျေးရွာသို့ ၁၂၀ မမ လက်နက်ကြီး (၁)လုံး စုစုပေါင်း (၂)လုံးပစ်ခတ်ခဲ့သည်။

ပစ်ခတ်မှုကြောင့် နတ်တလင်း ကျေးရွာရှိ ဘုန်းကြီးကျောင်း (၁) ကျောင်း ပျက်စီးခဲ့ပြီး ကျောင်းတွင်း သီတင်းသုံးနေသော အရှင်ဦးထာဝရ သက်တော် (၄ဝ) နှစ် မှာထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူမှထုတ်ပြန်သည်။ 

Bagan News 


Comments