Skip to main content

Latest News

ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၄၉ ဦးရှိလာ

 ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့၊ ကစ္ဆပနဒီတံတားအနီးဝန်းကျင်နှင့် အိန္ဒိယဈေးဝန်းကျင်အား စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့်  သေဆုံးသူ ၄၉ ဦးရှိလာကြောင်း အာရက္ခတပ်တော် - AA ကထုတ်ပြန်သည်။  ယမန်နေ့ ၊ စက်တင်ဘာလ (၂၈) ရက်နေ့၊ နေ့လယ် (၁၂) နာရီ (၁၀) မိနစ် နှင့် (၁၂) နာရီ (၁၄) မိနစ်အချိန်တွင် စစ်တပ်၏ ဂျက်တိုက်လေယာဉ် (၁) စီးမှ ကျောက်တော်မြို့၊ ကစ္ဆပနဒီ တံတားအနီးဝန်းကျင်၊ အိန္ဒိယစျေးဝန်းကျင်အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။  စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်မှုကြောင့်  ထိခိုက်ဒဏ်ရာရရှိသူလည်း (၅၈) ဦးအထိ ရှိလာပြီး ယင်းအထဲတွင် ပြင်းထန်ဒဏ်ရာရခဲ့သူ ၂၂ ဦးရှိကြောင်းသိရသည်။  အလားတူ စစ်တပ်က ယမန်နေ့ ၊ နေ့လယ် တွင် မင်းပြားမြို့နယ် ၊ စွန်ရဲကျေးရွာနှင့် သံတွဲမြိုနယ်၊ ငပလီကို ဂျက်တိုက်လေယာဉ် (၁) စီးဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ၉ ဦးရှိကြောင်း AA ကထုတ်ပြန်သည်။  - BAGAN NEWS  

မုံရွာ ရဲစခန်းအချုပ်တွင် နိုင်ငံရေးအကျဉ်းသား ဘုံဘုံ သေဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မရဲစခန်းအချုပ်တွင် LGBTတစ်ဦးဖြစ်သူ နိုင်ငံရေးအကျဉ်းသား ဘုံဘုံသည် ဆေးရုံတက်ရောက်ကုသခွင့်မရပဲ ရောဂါပြင်းထန်စွာဖြင့် ကျဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)မှထုတ်ပြန်သည်။ 

Photo - PPNM 

နိုင်ငံရေးအကျဉ်းသား ဘုံဘုံ သည် ဒီဇင်ဘာလ(၂၅)ရက်နေ့တွင် ကျောက်ကပ်ရောဂါနှင့် အတွင်းအကြောတက်ခြင်းဝေဒနာကို ပြင်းထန်စွာခံစားခဲ့ရပြီး ရဲစခန်းအချုပ်အတွင်း၌ ကျဆုံးခဲ့ခြင်းဖြစ်သည်။

နိုင်ငံရေးအကျဉ်းသား ဘုံဘုံ၏ ကျန်းမာရေးသည် နိုဝင်ဘာလ ဒုတိယအပတ်မှစ၍ ကျောက်ကပ်ရောဂါ ဝေဒနာဆိုးရွားလာခဲ့ပြီး ဆေးဝါးကုသခွင့်ရရန် မြို့မရဲစခန်းတာဝန်ရှိသူများအား တင်ပြခဲ့ကြောင်းသိရသည်။

မြို့မရဲစခန်း တာဝန်ရှိသူများသည် ဘုံဘုံအား ဆေးရုံသို့ ပို့ဆောင်ကုသခြင်းမပေးခဲ့ပဲ အချုပ်ခန်းတွင်း၌ပင် ဆလိုင်းချိတ်ကုသပေးမှုများသာ ယာယီပေး၍ ထပ်မံချုပ်နှောင်ထားခဲ့ကြောင်း PPNM ကထုတ်ပြန်သည်။

ဒီဇင်ဘာလ ဒုတိယအပတ်မှစ၍ ဘုံဘုံသည် ကျန်းမာရေးပိုမိုဆိုးရွားလာခဲ့ပြီးနောက် ယမန်နေ့ ဒီဇင်ဘာလ(၂၅)ရက်နေ့တွင် ကျဆုံးသွားခဲ့ကြောင်းသိရသည်။ 

ဘုံဘုံအား စစ်ကောင်စီ စစ်တပ် တပ်ဖွဲ့ဝင်စစ်သားနှင့်ရဲများမှ ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ (၂၄)ရက်နေ့တွင် မုံရွာမြို့ အောင်ဇေယျရပ်ကွက် အိုးရှင်းစင်တာအနီး ဖမ်းဆီးခဲ့သည်။

ဌင်းနောက် စစ်ကောင်စီက ပုဒ်မ ၅၀(ည)၊ပုဒ်မ ၅၂(က)၊ ၅၂(ခ)တို့ဖြင့်  ယခုနှစ် ဒီဇင်ဘာလ(၂၃)ရက်နေ့တွင် ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခဲ့သည်။

Bagan News 










Comments