Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

မုံရွာ ရဲစခန်းအချုပ်တွင် နိုင်ငံရေးအကျဉ်းသား ဘုံဘုံ သေဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မရဲစခန်းအချုပ်တွင် LGBTတစ်ဦးဖြစ်သူ နိုင်ငံရေးအကျဉ်းသား ဘုံဘုံသည် ဆေးရုံတက်ရောက်ကုသခွင့်မရပဲ ရောဂါပြင်းထန်စွာဖြင့် ကျဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)မှထုတ်ပြန်သည်။ 

Photo - PPNM 

နိုင်ငံရေးအကျဉ်းသား ဘုံဘုံ သည် ဒီဇင်ဘာလ(၂၅)ရက်နေ့တွင် ကျောက်ကပ်ရောဂါနှင့် အတွင်းအကြောတက်ခြင်းဝေဒနာကို ပြင်းထန်စွာခံစားခဲ့ရပြီး ရဲစခန်းအချုပ်အတွင်း၌ ကျဆုံးခဲ့ခြင်းဖြစ်သည်။

နိုင်ငံရေးအကျဉ်းသား ဘုံဘုံ၏ ကျန်းမာရေးသည် နိုဝင်ဘာလ ဒုတိယအပတ်မှစ၍ ကျောက်ကပ်ရောဂါ ဝေဒနာဆိုးရွားလာခဲ့ပြီး ဆေးဝါးကုသခွင့်ရရန် မြို့မရဲစခန်းတာဝန်ရှိသူများအား တင်ပြခဲ့ကြောင်းသိရသည်။

မြို့မရဲစခန်း တာဝန်ရှိသူများသည် ဘုံဘုံအား ဆေးရုံသို့ ပို့ဆောင်ကုသခြင်းမပေးခဲ့ပဲ အချုပ်ခန်းတွင်း၌ပင် ဆလိုင်းချိတ်ကုသပေးမှုများသာ ယာယီပေး၍ ထပ်မံချုပ်နှောင်ထားခဲ့ကြောင်း PPNM ကထုတ်ပြန်သည်။

ဒီဇင်ဘာလ ဒုတိယအပတ်မှစ၍ ဘုံဘုံသည် ကျန်းမာရေးပိုမိုဆိုးရွားလာခဲ့ပြီးနောက် ယမန်နေ့ ဒီဇင်ဘာလ(၂၅)ရက်နေ့တွင် ကျဆုံးသွားခဲ့ကြောင်းသိရသည်။ 

ဘုံဘုံအား စစ်ကောင်စီ စစ်တပ် တပ်ဖွဲ့ဝင်စစ်သားနှင့်ရဲများမှ ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ (၂၄)ရက်နေ့တွင် မုံရွာမြို့ အောင်ဇေယျရပ်ကွက် အိုးရှင်းစင်တာအနီး ဖမ်းဆီးခဲ့သည်။

ဌင်းနောက် စစ်ကောင်စီက ပုဒ်မ ၅၀(ည)၊ပုဒ်မ ၅၂(က)၊ ၅၂(ခ)တို့ဖြင့်  ယခုနှစ် ဒီဇင်ဘာလ(၂၃)ရက်နေ့တွင် ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခဲ့သည်။

Bagan News 










Comments