Skip to main content

Latest News

ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၄၉ ဦးရှိလာ

 ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့၊ ကစ္ဆပနဒီတံတားအနီးဝန်းကျင်နှင့် အိန္ဒိယဈေးဝန်းကျင်အား စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့်  သေဆုံးသူ ၄၉ ဦးရှိလာကြောင်း အာရက္ခတပ်တော် - AA ကထုတ်ပြန်သည်။  ယမန်နေ့ ၊ စက်တင်ဘာလ (၂၈) ရက်နေ့၊ နေ့လယ် (၁၂) နာရီ (၁၀) မိနစ် နှင့် (၁၂) နာရီ (၁၄) မိနစ်အချိန်တွင် စစ်တပ်၏ ဂျက်တိုက်လေယာဉ် (၁) စီးမှ ကျောက်တော်မြို့၊ ကစ္ဆပနဒီ တံတားအနီးဝန်းကျင်၊ အိန္ဒိယစျေးဝန်းကျင်အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။  စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်မှုကြောင့်  ထိခိုက်ဒဏ်ရာရရှိသူလည်း (၅၈) ဦးအထိ ရှိလာပြီး ယင်းအထဲတွင် ပြင်းထန်ဒဏ်ရာရခဲ့သူ ၂၂ ဦးရှိကြောင်းသိရသည်။  အလားတူ စစ်တပ်က ယမန်နေ့ ၊ နေ့လယ် တွင် မင်းပြားမြို့နယ် ၊ စွန်ရဲကျေးရွာနှင့် သံတွဲမြိုနယ်၊ ငပလီကို ဂျက်တိုက်လေယာဉ် (၁) စီးဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ၉ ဦးရှိကြောင်း AA ကထုတ်ပြန်သည်။  - BAGAN NEWS  

သေဒဏ်ကျ နိုင်ငံရေးအကျဉ်းသား ကိုပြည့်စုံဦး အင်းစိန်အကျဉ်းထောင်တွင်းကျဆုံး

သေဒဏ်ကျခံထားရသည့် နိုင်ငံရေးအကျဉ်းသား ကိုပြည့်စုံဦးသည် ကျောက်ကပ်ရောဂါဝေဒနာကိုပြင်းထန်စွာခံစားခဲ့ရပြီးနောက် နိုဝင်ဘာလ(၃ဝ)ရက်နေ့ ညနေ(၆ :၃၀)နာရီတွင် အင်းစိန်အကျဉ်းထောင်တွင်း၌ ကျဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)မှ ယနေ့ထုတ်ပြန်သည်။ 

ကိုပြည့်စုံဦးသည် စစ်အုပ်စုအာဏာသိမ်းစဉ်တွင် CDM တပ်သားအနေဖြင့် ၂၀၂၁ ခုနှစ် မတ်လအတွင်း ပြည်သူ့ဘက်သို့ ကူးပြောင်းပြီး နိုင်ငံရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ခဲ့သူဖြစ်သည်။


၂ဝ၂၂ ခုနှစ် သြဂုတ်လ ၈ ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရပြီး‌နောက် သံလျှင်ရေတပ်မှ တပ်ပြေးပုဒ်မ နှင့်အခြားပုဒ်မများဖြစ်သည့် ပုဒ်မ တမအ ၃၇ (တပ်မတော်အက်ဥပဒေပုဒ်မ ၃၇)၊ တမအ ၃၂(တပ်မတော်အက်ဥပဒေပုဒ်မ ၃၂) တို့ဖြင့် အမှုဖွင့်ခံခဲ့ရပြီး ၂ဝ၂၃ ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့တွင် သေဒဏ်အမိန့်ချ၍ အင်းစိန်ထောင်ကိုပို့ဆောင်ခဲ့ကြောင်း ထုတ်ပြန်ချက်အရသိရသည်။

အင်းစိန်ထောင်သို့ ရောက်ရှိပြီးနောက် ကျောက်ကပ်ရောဂါနှင့် အဆုတ်ရေဝိုင်းရောဂါများကို ခံစားခဲ့ရပြီး ခြောက်လအကြာတွင် ရောဂါပြင်းထန်လာပြီးနောက် ယခုကဲ့သို့ ကျဆုံးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

PPNM စာရင်းများအရ အကျဉ်းထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာမရရှိ၍ နိုင်ငံရေးအကျဉ်းသား၊အကျဉ်းသူ အနည်းဆုံး (၂ဝ)ဦးသည် ၂ဝ၂၄ ခုနှစ် ဇန်နဝါရီလ(၁)ရက်နေ့မှ နိုဝင်ဘာလ (၃ဝ)ရက်‌နေ့အတွင်း ကျဆုံးခဲ့သည်။ 

Photo - PPNM

Bagan News 

Comments