Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

သေဒဏ်ကျ နိုင်ငံရေးအကျဉ်းသား ကိုပြည့်စုံဦး အင်းစိန်အကျဉ်းထောင်တွင်းကျဆုံး

သေဒဏ်ကျခံထားရသည့် နိုင်ငံရေးအကျဉ်းသား ကိုပြည့်စုံဦးသည် ကျောက်ကပ်ရောဂါဝေဒနာကိုပြင်းထန်စွာခံစားခဲ့ရပြီးနောက် နိုဝင်ဘာလ(၃ဝ)ရက်နေ့ ညနေ(၆ :၃၀)နာရီတွင် အင်းစိန်အကျဉ်းထောင်တွင်း၌ ကျဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)မှ ယနေ့ထုတ်ပြန်သည်။ 

ကိုပြည့်စုံဦးသည် စစ်အုပ်စုအာဏာသိမ်းစဉ်တွင် CDM တပ်သားအနေဖြင့် ၂၀၂၁ ခုနှစ် မတ်လအတွင်း ပြည်သူ့ဘက်သို့ ကူးပြောင်းပြီး နိုင်ငံရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ခဲ့သူဖြစ်သည်။


၂ဝ၂၂ ခုနှစ် သြဂုတ်လ ၈ ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရပြီး‌နောက် သံလျှင်ရေတပ်မှ တပ်ပြေးပုဒ်မ နှင့်အခြားပုဒ်မများဖြစ်သည့် ပုဒ်မ တမအ ၃၇ (တပ်မတော်အက်ဥပဒေပုဒ်မ ၃၇)၊ တမအ ၃၂(တပ်မတော်အက်ဥပဒေပုဒ်မ ၃၂) တို့ဖြင့် အမှုဖွင့်ခံခဲ့ရပြီး ၂ဝ၂၃ ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့တွင် သေဒဏ်အမိန့်ချ၍ အင်းစိန်ထောင်ကိုပို့ဆောင်ခဲ့ကြောင်း ထုတ်ပြန်ချက်အရသိရသည်။

အင်းစိန်ထောင်သို့ ရောက်ရှိပြီးနောက် ကျောက်ကပ်ရောဂါနှင့် အဆုတ်ရေဝိုင်းရောဂါများကို ခံစားခဲ့ရပြီး ခြောက်လအကြာတွင် ရောဂါပြင်းထန်လာပြီးနောက် ယခုကဲ့သို့ ကျဆုံးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

PPNM စာရင်းများအရ အကျဉ်းထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာမရရှိ၍ နိုင်ငံရေးအကျဉ်းသား၊အကျဉ်းသူ အနည်းဆုံး (၂ဝ)ဦးသည် ၂ဝ၂၄ ခုနှစ် ဇန်နဝါရီလ(၁)ရက်နေ့မှ နိုဝင်ဘာလ (၃ဝ)ရက်‌နေ့အတွင်း ကျဆုံးခဲ့သည်။ 

Photo - PPNM

Bagan News 

Comments