Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

မတ္တရာမြို့နယ် တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၇ ဦးသေဆုံးပြီး စစ်သုံ့ပန်း ၁ ဦး ဖမ်းမိ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် တိုက်ပွဲဖြစ်ပွါးခဲ့ပြီး စစ်ကောင်စီတပ်သား ၇ ဦးသေဆုံးကာ စစ်သုံ့ပန်း ၁ ဦး ဖမ်းမိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) မှထုတ်ပြန်သည်။

ဒီဇင်ဘာလ (၂)ရက်နေ့ ညပိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)မှ ထိန်းချုပ်စိုးမိုးထားသော မတ္တရာမြို့နယ်၊ မြို့ကုန်းကျေးရွာသို့ စစ်ကောင်စီ စစ်ကြောင်းဝင်ရောက်လာသဖြင့် တိုက်ပွဲဖြစ်ပွါးခဲ့ခြင်းဖြစ်သည်။

ဓါတ်ပုံ − စစ်ကောင်စီတပ်၏ စစ်သုံ့ပန်း။

ယမန်နေ့ ဒီဇင်ဘာလ (၃)ရက်နေ့တွင် လည်း အဆိုပါ စစ်ကောင်စီ စစ်ကြောင်းနှင့် တနေကုန်နီးပါး တိုက်ပွဲဖြစ်ပွါးခဲ့ပြီး ညနေပိုင်းတွင် စစ်ကောင်စီတပ်များ ပြန်လည်ဆုတ်ခွါသွားခဲ့ကြောင်း MDY PDF ကထုတ်ပြန်သည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)နှင့်  စစ်ကောင်စီတပ်များအကြား မတ္တရာမြို့နယ် ၊ သပိတ်ကျင်းမြို့နယ် နှင့် နောင်ချိုမြို့နယ်တို့တွင် နေ့စဉ်တိုက်ပွဲများ ဖြစ်ပွါးလျက်ရှိကြောင်း MDY PDF ကထုတ်ပြန်သည်။

Bagan News 

Comments