Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

မူဆယ်တွင် မြန်မာ အလုပ်သမား ၅ဝဝ ကျော် ၃ လကျော် ပိတ်လှောင်ထားခံရ

 မြန်မာ-တရုတ်နယ်စပ် စစ်ကောင်စီထိန်းချုပ်ထားသည့် မူဆယ်မြို့တွင် တရုတ်နိုင်ငံ ရွှေလီမြို့၌ အလုပ်လုပ်ရန် ပွဲစားမှ ခေါ်ယူထားသည့် အလုပ်သမား (၅ဝဝ) ကျော်သည် အလုပ်မရပဲ မြိုတွင်း ပိတ်မိပြီး အခက်ကြုံတွေ့နေကြရကြောင်း တအာင်းတပ်မတော် TNLA ကထုတ်ပြန်သည်။ 


မြန်မာနိုင်ငံအောက်ပိုင်းရှိ ပြည်သူများကို ပွဲစားမှ တစ်ဆင့် တရုတ်နိုင်ငံတွင် အလုပ်ကောင်း လစာကောင်းရရှိမည်ဖြစ်ကြောင်း မက်လုံးပေးအယုံသွင်းပြီး ခေါ်ယူထားသည့် အလုပ်သမား (၅ဝဝ) ကျော်ဖြစ်ကြောင်း သိရသည်။

အလုပ်သမား (၅ဝဝ)ကျော်တွင် အသက် (၂ဝ)ကျော်အရွယ် အမျိုးသမီးအများဆုံးပါဝင်ပြီး ၎င်းတိုအား မူဆယ်မြို့တွင်းရှိ ကားကြီးကွင်းဂိုဒေါင်းတွင် ပိတ်လှောင်ခံထားရသည့်အပြင် ရပ်ကွက်အချို့ရှိ ဂိုဒေါင်းများတွင်လည်း အများအပြားပိတ်လှောင်ခံထားရကြောင်းသိရသည်။ 

ပိတ်လှောင်ခံထားရသူများသည် (၃)လကျော်သည့် ယနေ့အချိန်ထိ အလုပ်မရရှိသေးဘဲ ပိတ်လှောင်ခံထားရဆဲ ဖြစ်ကြောင်း TNLA ကထုတ်ပြန်သည်။ 

လက်ရှိတွင် အလုပ်ပွဲစားမှ ၎င်းတို့ကို ဂိုဒေါင်းအတွင်းပိတ်လှောင်ထားပြီး အစားပုံမှန်မကျွေးဘဲ နေရပ်သို့ပြန်လိုသူများကိုလည်း လျော်ကြေး သိန်း(၆၀) တောင်းနေကြောင်းသိရသည်။ 

ပိတ်လှောင်ခံထားရသူများအတွင်း ထွက်ပြေးလွတ်မြောက်လာသူအချို့ရှိသလို ကျန်ရစ်နေသူများလည်း လွတ်မြောက်ရန် အကူအညီမဲ့နေသည်ဟုထုတ်ပြန်ချက်တွင်ပါရှိသည်။ 

လူငယ်လူလတ်များ အထူးသတိပြုရန်လိုအပ်ပြီး တရုတ်နိုင်ငံသို အလုပ်သွားရောက်လုပ်ကိုင်လိုပါက ယုံကြည်စိတ်ချရသည့် ဆွေမျိုး (သို့) မိတ်ဆွေများရှိမှသာလျှင် သွားသင့်ကြောင်း TNLA ကထုတ်ပြန်သည်။ 

Bagan News 



Comments