Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

စစ်ကောင်စီ စစ်ကြောင်းထိုး ပစ်ခတ်မှုကြောင့် ညောင်လေးပင်ခရိုင် ပြည်သူ ၂ဝဝဝ ကျော် စစ်ဘေးရှောင်နေရ

 ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်(ခလယ်လွီထူခရိုင်) အတွင်းတွင် စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးကာ ပစ်ခတ်မှုများကြောင့် ကျေးရွာပေါင်း(၄)ရွာမှ လူဦးရေ စုစုပေါင်း(၂,၅၆ဝ) ဦး စစ်ဘေးရှောင်နေရကြောင်း ကေအဲန်ယူ-ဗဟိုမှထုတ်ပြန်သည်။

မူးမြို့နယ်၊အုန်းပင်စုကျေးရွာတွင် နေရာယူထားသော စစ်ကောင်စီတပ်သည် ဒီဇင်ဘာလ (၅)ရက်နေ့၌ ထွနီကုန်းကျေးရွာသို့ လက်နက်ကြီး (၃)လုံး၊ ရေလဲဗမာကျေးရွာသို့ လက်နက်ကြီး (၃)လုံး၊ ဒီဇင်ဘာလ(၆)ရက်နေ့၌ ပရဲစီ(မရမ်းစိန်)ကျေးရွာသို့ လက်နက်ကြီး(၁)လုံး စုစုပေါင်း(၇)လုံး ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ယင်းပစ်ခတ်မှုကြောင့် ရေလဲဗမာကျေးရွာတွင် လာရောက်ခိုလှုံသည့် ဥသျှစ်ကုန်းကျေးရွာသား တဦး လက်နက်ကြီးစ ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူ-ဗဟိုမှထုတ်ပြန်သည်။

ဓာတ်ပုံ - မူးမြို့နယ်၊လယ်ဒိုမြို့နယ်နှင့် ဆောထိမြို့နယ်တို့တွင် စစ်ကောင်စီတပ်မှ ပစ်ခတ်မှုကြောင့် ပျက်စီမှုများ။

ဌင်းပြင် ဆောထိမြို့နယ်တွင် တော်ဝိကျေးရွာမှ နေရာယူထားသော  စစ်ကောင်စီတပ်သည် ဂွေးကုန်းကျေးရွာသို့ ဒီဇင်ဘာလ(၅)ရက်နေ့မှ ဒီဇင်ဘာလ(၇)ရက်နေ့အတွင်း ဒရုန်းဖြင့် လက်နက်ကြီးစုစုပေါင်း(၁၃)လုံးပစ်ခတ်ခဲ့ကြောင်း သိရသည်။ 

တယောလူစခန်း ရှိ ခလရ-၅၇ မှလည်း ကဇင်းပင်ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းဝန်းအား လက်နက်ကြီး ၈၁ မမ(၂)လုံး၊ ဒီဇင်ဘာလ(၈)ရက်နေ့တွင် ပိန်းဇလုပ်အခြေစိုက်တပ် ခလရ-၂၆၄ မှ ပျဉ်ရေကြီးကျေးရွာသို့ ဟောင်ဝစ်ဇာလက်နက်ကြီး ၁၂၂ မမ(၄)လုံး စုစုပေါင်း(၆)လုံး ပစ်ခတ်ခဲ့ကြောင်းသိရသည်။

ဒီဇင်ဘာလ (၇)ရက်နေ့ကလည်း စစ်ကောင်စီတပ်မှ ကျေးရွာတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာခြင်းကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ရင်း(၇)လက်အောက်ရှိ တပ်ဖွဲ့များနှင့် ရေဖြူကန်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။

ထိုသို့ စစ်ကောင်စီတပ်မှ ကျေးရွာများအတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာခြင်းကြောင့်  (၁)ချုံအင်းကျေးရွာ၊ (၂)ဂွေးကုန်းကျေးရွာ၊ (၃)ကောက်မယ့်သူကျေးရွာ၊ (၄)ရေဖြူကန်ကျေးရွာမှ ပြည်သူ စုစုပေါင်း(၂,၅၆ဝ)ဦး ဘေးလွတ်ရာ ထွက်ပြေးနေရကြောင်း ကေအဲန်ယူ-ဗဟိုမှထုတ်ပြန်သည်။

Bagan News 

Comments