Skip to main content

Latest News

ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၄၉ ဦးရှိလာ

 ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့၊ ကစ္ဆပနဒီတံတားအနီးဝန်းကျင်နှင့် အိန္ဒိယဈေးဝန်းကျင်အား စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့်  သေဆုံးသူ ၄၉ ဦးရှိလာကြောင်း အာရက္ခတပ်တော် - AA ကထုတ်ပြန်သည်။  ယမန်နေ့ ၊ စက်တင်ဘာလ (၂၈) ရက်နေ့၊ နေ့လယ် (၁၂) နာရီ (၁၀) မိနစ် နှင့် (၁၂) နာရီ (၁၄) မိနစ်အချိန်တွင် စစ်တပ်၏ ဂျက်တိုက်လေယာဉ် (၁) စီးမှ ကျောက်တော်မြို့၊ ကစ္ဆပနဒီ တံတားအနီးဝန်းကျင်၊ အိန္ဒိယစျေးဝန်းကျင်အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။  စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်မှုကြောင့်  ထိခိုက်ဒဏ်ရာရရှိသူလည်း (၅၈) ဦးအထိ ရှိလာပြီး ယင်းအထဲတွင် ပြင်းထန်ဒဏ်ရာရခဲ့သူ ၂၂ ဦးရှိကြောင်းသိရသည်။  အလားတူ စစ်တပ်က ယမန်နေ့ ၊ နေ့လယ် တွင် မင်းပြားမြို့နယ် ၊ စွန်ရဲကျေးရွာနှင့် သံတွဲမြိုနယ်၊ ငပလီကို ဂျက်တိုက်လေယာဉ် (၁) စီးဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ၉ ဦးရှိကြောင်း AA ကထုတ်ပြန်သည်။  - BAGAN NEWS  

စစ်ကောင်စီ စစ်ကြောင်းထိုး ပစ်ခတ်မှုကြောင့် ညောင်လေးပင်ခရိုင် ပြည်သူ ၂ဝဝဝ ကျော် စစ်ဘေးရှောင်နေရ

 ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်(ခလယ်လွီထူခရိုင်) အတွင်းတွင် စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးကာ ပစ်ခတ်မှုများကြောင့် ကျေးရွာပေါင်း(၄)ရွာမှ လူဦးရေ စုစုပေါင်း(၂,၅၆ဝ) ဦး စစ်ဘေးရှောင်နေရကြောင်း ကေအဲန်ယူ-ဗဟိုမှထုတ်ပြန်သည်။

မူးမြို့နယ်၊အုန်းပင်စုကျေးရွာတွင် နေရာယူထားသော စစ်ကောင်စီတပ်သည် ဒီဇင်ဘာလ (၅)ရက်နေ့၌ ထွနီကုန်းကျေးရွာသို့ လက်နက်ကြီး (၃)လုံး၊ ရေလဲဗမာကျေးရွာသို့ လက်နက်ကြီး (၃)လုံး၊ ဒီဇင်ဘာလ(၆)ရက်နေ့၌ ပရဲစီ(မရမ်းစိန်)ကျေးရွာသို့ လက်နက်ကြီး(၁)လုံး စုစုပေါင်း(၇)လုံး ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ယင်းပစ်ခတ်မှုကြောင့် ရေလဲဗမာကျေးရွာတွင် လာရောက်ခိုလှုံသည့် ဥသျှစ်ကုန်းကျေးရွာသား တဦး လက်နက်ကြီးစ ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူ-ဗဟိုမှထုတ်ပြန်သည်။

ဓာတ်ပုံ - မူးမြို့နယ်၊လယ်ဒိုမြို့နယ်နှင့် ဆောထိမြို့နယ်တို့တွင် စစ်ကောင်စီတပ်မှ ပစ်ခတ်မှုကြောင့် ပျက်စီမှုများ။

ဌင်းပြင် ဆောထိမြို့နယ်တွင် တော်ဝိကျေးရွာမှ နေရာယူထားသော  စစ်ကောင်စီတပ်သည် ဂွေးကုန်းကျေးရွာသို့ ဒီဇင်ဘာလ(၅)ရက်နေ့မှ ဒီဇင်ဘာလ(၇)ရက်နေ့အတွင်း ဒရုန်းဖြင့် လက်နက်ကြီးစုစုပေါင်း(၁၃)လုံးပစ်ခတ်ခဲ့ကြောင်း သိရသည်။ 

တယောလူစခန်း ရှိ ခလရ-၅၇ မှလည်း ကဇင်းပင်ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းဝန်းအား လက်နက်ကြီး ၈၁ မမ(၂)လုံး၊ ဒီဇင်ဘာလ(၈)ရက်နေ့တွင် ပိန်းဇလုပ်အခြေစိုက်တပ် ခလရ-၂၆၄ မှ ပျဉ်ရေကြီးကျေးရွာသို့ ဟောင်ဝစ်ဇာလက်နက်ကြီး ၁၂၂ မမ(၄)လုံး စုစုပေါင်း(၆)လုံး ပစ်ခတ်ခဲ့ကြောင်းသိရသည်။

ဒီဇင်ဘာလ (၇)ရက်နေ့ကလည်း စစ်ကောင်စီတပ်မှ ကျေးရွာတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာခြင်းကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ရင်း(၇)လက်အောက်ရှိ တပ်ဖွဲ့များနှင့် ရေဖြူကန်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။

ထိုသို့ စစ်ကောင်စီတပ်မှ ကျေးရွာများအတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာခြင်းကြောင့်  (၁)ချုံအင်းကျေးရွာ၊ (၂)ဂွေးကုန်းကျေးရွာ၊ (၃)ကောက်မယ့်သူကျေးရွာ၊ (၄)ရေဖြူကန်ကျေးရွာမှ ပြည်သူ စုစုပေါင်း(၂,၅၆ဝ)ဦး ဘေးလွတ်ရာ ထွက်ပြေးနေရကြောင်း ကေအဲန်ယူ-ဗဟိုမှထုတ်ပြန်သည်။

Bagan News 

Comments