Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

ခရစ်ယာန် ဘာသာရေးအဆောက်အဦး ၈ဝ ကို စစ်အုပ်စု မီးရှို့ဖျက်ဆီး

စစ်ကောင်စီ၏ မီးရှို့ဖျက်ဆီးမှု၊ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးနှင့်ပစ်ခတ်မှုများကြာင့် ၂ဝ၂၄ နိုဝင်ဘာလကုန်အထိ ခရစ်ယာန် ဘာသာရေးအဆောက်အဦးပေါင်း (၈၀) ပျက်စီးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနမှထုတ်ပြန်သည်။ 

"သာယာအေးချမ်းတဲ့ ခရစ္စမတ်ကာလအတွင်းမှာ အထွတ်အမြတ်ထားတဲ့ ဘာသာရေးအဆောက်အဦးတွေ ဖျက်စီးခံ၊ မီးရှို့ခံ၊ ဗုံးကြဲခံနေရတဲ့ ဘဝကို စိတ်မကောင်းစရာအဖြစ် တွေ့ရပါတယ်"ဟု လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းကပြောကြားသည်။

လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာ၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် ၂ဝ၂၃ တနှစ်တာအတွင်းတွင်လည်း  ခရစ်ယာန် ဘာသာရေးအဆောက်အဦးပေါင်း (၆၇)ခုကို စစ်အုပ်စုက ဖျက်ဆီး ခဲ့သည်။ 

စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုကြောင့် ကရင်နီ(ကယားပြည်နယ်)တွင် ယမန်နေ့ ဒီဇင်ဘာလ ၂၅ ရက် တွင် ကျရောက်သည့် ခရစ္စမတ် ဆုတောင်းပွဲကို သဘာဝလှိုဏ်ဂူ တွင် ကျင်းပခဲ့ကြောင်း Christ the King, Loikaw မှ ထုတ်ပြန်သည်။ 

Bagan News 

Comments