Skip to main content

Latest News

ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၄၉ ဦးရှိလာ

 ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့၊ ကစ္ဆပနဒီတံတားအနီးဝန်းကျင်နှင့် အိန္ဒိယဈေးဝန်းကျင်အား စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့်  သေဆုံးသူ ၄၉ ဦးရှိလာကြောင်း အာရက္ခတပ်တော် - AA ကထုတ်ပြန်သည်။  ယမန်နေ့ ၊ စက်တင်ဘာလ (၂၈) ရက်နေ့၊ နေ့လယ် (၁၂) နာရီ (၁၀) မိနစ် နှင့် (၁၂) နာရီ (၁၄) မိနစ်အချိန်တွင် စစ်တပ်၏ ဂျက်တိုက်လေယာဉ် (၁) စီးမှ ကျောက်တော်မြို့၊ ကစ္ဆပနဒီ တံတားအနီးဝန်းကျင်၊ အိန္ဒိယစျေးဝန်းကျင်အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။  စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်မှုကြောင့်  ထိခိုက်ဒဏ်ရာရရှိသူလည်း (၅၈) ဦးအထိ ရှိလာပြီး ယင်းအထဲတွင် ပြင်းထန်ဒဏ်ရာရခဲ့သူ ၂၂ ဦးရှိကြောင်းသိရသည်။  အလားတူ စစ်တပ်က ယမန်နေ့ ၊ နေ့လယ် တွင် မင်းပြားမြို့နယ် ၊ စွန်ရဲကျေးရွာနှင့် သံတွဲမြိုနယ်၊ ငပလီကို ဂျက်တိုက်လေယာဉ် (၁) စီးဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ၉ ဦးရှိကြောင်း AA ကထုတ်ပြန်သည်။  - BAGAN NEWS  

ခရစ်ယာန် ဘာသာရေးအဆောက်အဦး ၈ဝ ကို စစ်အုပ်စု မီးရှို့ဖျက်ဆီး

စစ်ကောင်စီ၏ မီးရှို့ဖျက်ဆီးမှု၊ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးနှင့်ပစ်ခတ်မှုများကြာင့် ၂ဝ၂၄ နိုဝင်ဘာလကုန်အထိ ခရစ်ယာန် ဘာသာရေးအဆောက်အဦးပေါင်း (၈၀) ပျက်စီးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနမှထုတ်ပြန်သည်။ 

"သာယာအေးချမ်းတဲ့ ခရစ္စမတ်ကာလအတွင်းမှာ အထွတ်အမြတ်ထားတဲ့ ဘာသာရေးအဆောက်အဦးတွေ ဖျက်စီးခံ၊ မီးရှို့ခံ၊ ဗုံးကြဲခံနေရတဲ့ ဘဝကို စိတ်မကောင်းစရာအဖြစ် တွေ့ရပါတယ်"ဟု လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းကပြောကြားသည်။

လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာ၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် ၂ဝ၂၃ တနှစ်တာအတွင်းတွင်လည်း  ခရစ်ယာန် ဘာသာရေးအဆောက်အဦးပေါင်း (၆၇)ခုကို စစ်အုပ်စုက ဖျက်ဆီး ခဲ့သည်။ 

စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုကြောင့် ကရင်နီ(ကယားပြည်နယ်)တွင် ယမန်နေ့ ဒီဇင်ဘာလ ၂၅ ရက် တွင် ကျရောက်သည့် ခရစ္စမတ် ဆုတောင်းပွဲကို သဘာဝလှိုဏ်ဂူ တွင် ကျင်းပခဲ့ကြောင်း Christ the King, Loikaw မှ ထုတ်ပြန်သည်။ 

Bagan News 

Comments