Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

ပုဂံ ရှေးဟောင်းဘုရားများ အနီး မြေများတူးဖော်နေ

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်ယဉ်ကျေးမှုနယ်မြေရှိ ဘုရားများ အနီးတွင် လမ်းဖောက်ခြင်း အကြောင်းပြကာ မြေများတူးဖော်နေကြောင်းဒေသခံများမှသိရသည်။

ပုဂံရှေးဟောင်းဘုရားများ အနီးတွင် မြောင်းများတူးဖော်ခြင်း၊ မြေလှန်ခြင်းများအား ဒီဇင်ဘာလ ၄ ရက်နေ့အထိး ဗူးလည်သီးမှ စူဠာမဏိတူးဖော်နေပြီး တောင်ဘီ၊ ယင်မနားဘုရားတဝှိုက်တွင်လည်း ပြုလုပ်နေကြောင်း ရှေးဟောင်းသုတေသန ပညာရှင်တဦးက လူမှုကွန်ရက်တွင် ယမန်နေ့ကရေးသားသည်။


"တောင်ဘီ၊ ယင်မနားဘုရားတဝှိုက် လမ်းဖောက် မြောင်းတူး အကြောင်းပြပြီး မြေလှန်နေကြတာမှာ ပန္နက်ခုံတွေ၊ အုတ်ဖိနပ်ခုံတွေ အတော်များများထိပါသတဲ့" ဟုဌင်းကရေးသားသည်။ 

ပုဂံရှေးဟောင်ယဉ်ကျေးမှုနယ်မြေတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပြီးခဲ့သည့်စက်တင်ဘာလအတွင်းကလည်း ရှေးဟောင်းအဆောက်အအုံ (၉) လုံး ပြိုကျထိခိုက်ပျက်စီးခဲ့သည်။

၂၀၁၉ ခုနှစ်တွင် ကမ္ဘာ့အမွေအနှစ် ယူနက်စကိုစာရင်းဝင်ခဲ့သည့် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် တည်ဆဲဥပဒေများချိုးဖောက်ပြီး ရှေးဟောင်းမြေများတွင် ဟော်တယ် အဆောက်အအုံများ တိုးချဲ့ဆောက်လုပ်ခြင်း၊ စေတီဘုရားနံရံများတွင် သံရိုက် မီးသွယ်ခြင်း၊ စေတီများအနီးတွင် လျှော်ဖြူပင်များ စိုက်ပျိုးခြင်း၊ စက်ကြီးများဖြင့် ရေမြောင်းများ တူးဖော်ခြင်း၊ မူလလက်ရာ သဲကျောက်ပြားများ ဖယ်ပြီး အဖြူရောင်စကျင်ကျောက်များခင်းခြင်း များပြုလုပ်နေကြောင်း ဒေသခံများမှသိရသည်။

Video - Zay Myo Lin / FB 

Bagan News 



Comments