Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

အမ်းမြို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်သားများ လက်နက်ချ အလင်းဝင်

ရခိုင်ပြည်နယ်၊ အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) မှ စစ်သားများ လက်နက်ချ အလင်းဝင်လာနေပြီး  လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများကြားမှ  ကယ်ထုတ်နေသည့် မြင်ကွင်းများအား အာရက္ခတပ်တော် AA မှ ဒီဇင်ဘာလ (၁၉) ရက်နေ့ညတွင်ထုတ်ပြန်သည်။

အမ်းမြို့နယ်ရှိ  စစ်ကောင်စီ၏ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် အားထိုးစစ်ဆင်တိုက်ခိုက်နေပြီး နပခဌာနချုပ်၊ တိုင်းစစ်ဌာနချုပ်ဂွင် (တိုင်းစစ်ရုံး)ထဲမှ နေရာအချို့သာ ကျန်ရှိတော့ကြောင်း အာရက္ခတပ်တော် AA မှထုတ်ပြန်သည်။ 

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းစစ်ရုံးထဲမှ အင်အား ရာချီခန့်ရှိသေးသော စစ်ကောင်စီတပ်သားများသည် ထိုးစစ်ကို အသည်းအသန် ခုခံကာကွယ်နေရကြောင်း AA ကဆိုသည်။

မောင်တောမြို့ နှင့် တောင်ကုတ်မြို့ရှိ စစ်ကောင်စီ၏ တပ်စခန်းများအားလုံးကို တစ်ခုမကျန်သိမ်းပိုက်ပြီးသည့်နောက်တွင် အမ်းမြို့ နှင့် ဂွမြို့ရှိ စခန်းများကို တရစပ် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း ဖော်ပြသည်။

စစ်ကောင်စီတပ်သည် ရခိုင်ရိုးမတောင်တန်းထက်မှ လက်နက်ကြီးများဖြင့် တိုက်ပွဲရှိရာနေရာများသို အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး တိုင်းစစ်ရုံးအတွင်းရှိ စစ်ကောင်စီ၏ တပ်ဖွဲဝင်များထံ ထိမှန်ကျရောက်ကာ သေဆုံး၊ ဒဏ်ရာရရှိမှုများရှိခဲ့ကြောင်းသိရသည်။ 

စစ်ကောင်စီတပ်က လေကြောင်းမှလည်း မရပ်မနား ပစ်ခတ်တိုက်ခိုက်နေသောကြောင့် အမ်း၊ နပခ၌ တိုက်ပွဲ ပြင်းထန်နေရခြင်းဖြစ်ကြောင်း AA မှထုတ်ပြန်သည်။ 

အမ်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ဝန်းကျင်တွင် လက်နက်ချ အလင်းဝင်ရောက်သူများ ဆက်လက်ရှိနေဆဲဖြစ်ပြီး "စောစော အလံဖြူထောင်လျှင် စောစော အသက်ရှင်ကျန်ရစ်စေမယ်။ မိသားစု၊ ဆွေမျိုးတိုနှင့် စောစော တွေ့ဆုံရလိမ့်မယ်။ လက်နက်ချ အညံ့ခံ အလံဖြူထောင်သောသူတိုင်း၏ အသက်ကို အာရက္ခတပ်တော်မှ အာမခံပါသည်"ဟု AA ကထုတ်ပြန်သည်။ 

ဂွမြို့နယ်တွင်လည်း တိုက်ပွဲများ ဆက်လက်ပြင်းထန်လျက်ရှိပြီး တိုက်ပွဲအတွင်းမှ စစ်ကောင်စီတပ်များ၏ အလောင်း၊ လက်နက်ခဲယမ်း အမြောက်အမြားထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း  AA မှထုတ်ပြန်သည်။  

Bagan News 


Comments