Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

စစ်ကောင်စီ စခန်းသိမ်းပြန်လာသည့် အမှတ် ၈ စစ်ကြောင်းရဲဘော်များကို ‌ပြည်သူက ဂုဏ်ပြုကြိုဆို

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ရှိ ရေလာလေးကျေးရွာ စစ်ကောင်စီစခန်းကို တိုက်ခိုက်ခဲ့ပြီး အောင်ပွဲရလာသည့် အမှတ်(၈)စစ်‌ကြောင်းတပ်ပေါင်းစုရဲဘော်များအား ပြည်သူလူထုက ဂုဏ်ပြုကြိုဆိုခဲ့ကြကြောင်း ဌင်းစစ်ကြောင်းကထုတ်ပြန်သည်။


ပြီးခဲ့သည့် ဒီဇင်ဘာ ၁၁ ရက်နေ့တွင် ရေလာလေး စစ်ကောင်စီစခန်းကို တပ်ပေါင်းစုရဲဘော်များက တိုက်ခိုက်ခဲ့ပြီး လက်နက်(၁၈)လက်နှင့်အတူ သုံ့ပန်း(၇)ဦးဖမ်းဆီးရမိခဲ့ကြောင်း အမှတ်(၈)စစ်‌ကြောင်းကထုတ်ပြန်သည်။ဌင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား မျက်မြင်(၆)ဦး သေဆုံးခဲ့ကြောင်းသိရသည်။ 


တိုက်ပွဲပြန် အမှတ် ၈ စစ်ကြောင်း၏  ရဲဘော်များအား မကွေးတိုင်း ပခုက္ကူမြို့နယ်-ပေါက်ဒေသရှိ ကျေးရွာ ငါးရွာထက်မနည်းသော ကျေးလက်နေပြည်သူလူထုမှ  ဂုဏ်ပြုကြိုဆိုခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ 

အမှတ်(၈)စစ်ကြောင်းတွင် ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDA) ၊ ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF) အပါဝင် ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ (SRF) တို့က ပူးပေါင်းကာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်တိုက်ဖျက်ရေး၊ တော်လှန်ရေးအင်အားစုများ ညီညွတ်ပေါင်းစည်းလာရေး၊ လှုပ်ရှားစစ် အကောင်အထည်ဖော်ရေး၊  အဖိနှိပ်ခံ ပြည်သူလူထု လွတ်မြောက်ရေး စသည့် အခြေခံမူဝါဒများအပေါ် အခြေခံပြီး ဆက်လက်တိုက်ပွဲဝင်နေကြောင်းထုတ်ပြန်သည်။

ဓါတ်ပုံ- တိုက်ပွဲဝင် အမှတ် ၈ စစ်ကြောင်းရဲဘော်များအား ပြည်သူလူထုက ဂုဏ်ပြုကြိုဆိုကြစဉ်။

Bagan News 




Comments