Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

စစ်ကိုင်း တပ်မဟာဖွဲ့ပြီး စစ်ဆင်ရေး အရှိန်မြှင့်မည်ဟု MDY PDF ပြော

၂ဝ၂၅ ခုနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၌ တပ်မဟာအသစ် တစ်ခုဖွဲစည်းမည်ဖြစ်ပြီး စစ်သည်တော်များ၊ မိတ်ဖက်တော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်းပါဝင်ကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY PDF ကထုတ်ပြန်သည်။ 

စစ်ကိုင်းတိုင်းဒေသကြီး၌ တပ်မဟာအသစ် တစ်ခုဖွဲ့စည်းကာ စစ်ဆင်ရေးအရှိန်အဟုန် တိုးမြှင့်ဖော်ဆောင်မည်ဖြစ်ကြောင်း ဖော်ပြသည်။ 


စစ်ကိုင်းတိုင်းဒေသကြီးရှိ တော်လှန်ရေးတပ်ဖွဲများနှင့် စစ်ဆင်ရေးများကို ပူးပေါင်းဆောင်ရွက်သွားရန် အဆင်သင့်ကြောင်း MDY PDF က ပြောသည်။

၂ဝ၂၄ ခုနှစ် တစ်နှစ်တာအတွင်း စစ်ကောင်စီအား အထိနာစေသည့် စစ်ဆင်ရေးကြီးများကို မိတ်ဖက်တော်လှန်ရေးတပ်ဖွဲ့များနှင့် ဆောင်ခဲ့ပြီး ထိန်းချုပ်စိုးမိုးနယ်မြေ အမြောက်အမြားလည်း ရရှိခဲ့ကြောင်း MDY PDF ကထုတ်ပြန်သည်။ 

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) သည် ရှမ်းမြောက် ၁ဝ၂၇ စစ်ဆင်ရေးတွင်ပူးပေါင်းပါဝင်ခဲ့ပြီး လက်ရှိတွင် မတ္တရာမြို့နယ် ၊ သပိတ်ကျင်းမြို့နယ် နှင့် နောင်မြို့မြိုနယ်တို့၌ စစ်ကောင်စီတပ်များနှင့် တိုက်ပွဲများ ဖြစ်ပွါးနေသည်။ 

Photo - MDY PDF / ၂ဝ၂၄ ခုနှစ် ၊ ဩဂုတ်လ (၂၅)ရက်နေ့တွင် သပိတ်ကျင်းမြိုနယ် ၊ ကွင်း(၅ဝဝ) စစ်ကောင်စီတပ်စခန်း သိမ်းပိုက်ခဲ့သည့်မှတ်တမ်း။ 

Bagan News 


Comments