Skip to main content

Latest News

ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၄၉ ဦးရှိလာ

 ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့၊ ကစ္ဆပနဒီတံတားအနီးဝန်းကျင်နှင့် အိန္ဒိယဈေးဝန်းကျင်အား စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့်  သေဆုံးသူ ၄၉ ဦးရှိလာကြောင်း အာရက္ခတပ်တော် - AA ကထုတ်ပြန်သည်။  ယမန်နေ့ ၊ စက်တင်ဘာလ (၂၈) ရက်နေ့၊ နေ့လယ် (၁၂) နာရီ (၁၀) မိနစ် နှင့် (၁၂) နာရီ (၁၄) မိနစ်အချိန်တွင် စစ်တပ်၏ ဂျက်တိုက်လေယာဉ် (၁) စီးမှ ကျောက်တော်မြို့၊ ကစ္ဆပနဒီ တံတားအနီးဝန်းကျင်၊ အိန္ဒိယစျေးဝန်းကျင်အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။  စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်မှုကြောင့်  ထိခိုက်ဒဏ်ရာရရှိသူလည်း (၅၈) ဦးအထိ ရှိလာပြီး ယင်းအထဲတွင် ပြင်းထန်ဒဏ်ရာရခဲ့သူ ၂၂ ဦးရှိကြောင်းသိရသည်။  အလားတူ စစ်တပ်က ယမန်နေ့ ၊ နေ့လယ် တွင် မင်းပြားမြို့နယ် ၊ စွန်ရဲကျေးရွာနှင့် သံတွဲမြိုနယ်၊ ငပလီကို ဂျက်တိုက်လေယာဉ် (၁) စီးဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ၉ ဦးရှိကြောင်း AA ကထုတ်ပြန်သည်။  - BAGAN NEWS  

စစ်ကိုင်း တပ်မဟာဖွဲ့ပြီး စစ်ဆင်ရေး အရှိန်မြှင့်မည်ဟု MDY PDF ပြော

၂ဝ၂၅ ခုနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၌ တပ်မဟာအသစ် တစ်ခုဖွဲစည်းမည်ဖြစ်ပြီး စစ်သည်တော်များ၊ မိတ်ဖက်တော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်းပါဝင်ကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY PDF ကထုတ်ပြန်သည်။ 

စစ်ကိုင်းတိုင်းဒေသကြီး၌ တပ်မဟာအသစ် တစ်ခုဖွဲ့စည်းကာ စစ်ဆင်ရေးအရှိန်အဟုန် တိုးမြှင့်ဖော်ဆောင်မည်ဖြစ်ကြောင်း ဖော်ပြသည်။ 


စစ်ကိုင်းတိုင်းဒေသကြီးရှိ တော်လှန်ရေးတပ်ဖွဲများနှင့် စစ်ဆင်ရေးများကို ပူးပေါင်းဆောင်ရွက်သွားရန် အဆင်သင့်ကြောင်း MDY PDF က ပြောသည်။

၂ဝ၂၄ ခုနှစ် တစ်နှစ်တာအတွင်း စစ်ကောင်စီအား အထိနာစေသည့် စစ်ဆင်ရေးကြီးများကို မိတ်ဖက်တော်လှန်ရေးတပ်ဖွဲ့များနှင့် ဆောင်ခဲ့ပြီး ထိန်းချုပ်စိုးမိုးနယ်မြေ အမြောက်အမြားလည်း ရရှိခဲ့ကြောင်း MDY PDF ကထုတ်ပြန်သည်။ 

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) သည် ရှမ်းမြောက် ၁ဝ၂၇ စစ်ဆင်ရေးတွင်ပူးပေါင်းပါဝင်ခဲ့ပြီး လက်ရှိတွင် မတ္တရာမြို့နယ် ၊ သပိတ်ကျင်းမြို့နယ် နှင့် နောင်မြို့မြိုနယ်တို့၌ စစ်ကောင်စီတပ်များနှင့် တိုက်ပွဲများ ဖြစ်ပွါးနေသည်။ 

Photo - MDY PDF / ၂ဝ၂၄ ခုနှစ် ၊ ဩဂုတ်လ (၂၅)ရက်နေ့တွင် သပိတ်ကျင်းမြိုနယ် ၊ ကွင်း(၅ဝဝ) စစ်ကောင်စီတပ်စခန်း သိမ်းပိုက်ခဲ့သည့်မှတ်တမ်း။ 

Bagan News 


Comments