Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

ချက်ချင်း အပစ်အခတ်ရပ်စဲပြီး စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးမည်ဟု MNDAA ထုတ်ပြန်

ယနေ့မှစ၍ ရောက်ရာနေရာမှ ချက်ချင်း အပစ်အခတ်ရပ်စဲပြီး စစ်ကောင်စီတပ်များကို အစပြုထိုးစစ်ဆင်တိုက်ခိုက်မည်မဟုတ်တော့ကြောင်း ကိုးကန့်တပ် MNDAA  ကယနေ့ညထုတ်ပြန်သည်။ 

တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်ကြိုးပမ်းဆောင်ရွက်မှုအောက်တွင် လားရှိုးအပါအဝင် သက်ဆိုင်ရာကိစ္စရပ်များအား တွေ့ဆုံဆွေးနွေးသော နည်းလမ်း ဖြင့် ဖြေရှင်းနိုင်မည်ဟု မျှော်လင့်ကြောင်း MNDAA  ကဆိုသည်။

ဓာတ်ပုံ - MNDAA တပ်ဖွဲ့ဝင်များ။

စစ်ကောင်စီမှ မြန်မာနိုင်ငံနေရာအနှံ့တွင် ဖော်ဆောင်နေသောဝေဟင်နှင့် မြေပြင် ထိုးစစ်ဆင်တိုက်ခိုက်နေမှုများကို ရပ်ဆိုင်းပေးရမည်ဖြစ်ကြောင်း၊တွေ့ဆုံဆွေးနွေးရာတွင် MNTJP/MNDAA မှအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ကို စေလွှတ်မည်ဖြစ်ပြီး နှစ်ဦးနှစ်ဖက်ကြားရှိ ပဋိပက္ခများနှင့်အမြင်သ င်သဘောထားကွဲလွဲမှုများကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်မည်ဟု မျှော်လင့်ကြောင်း MNDAA  ကထုတ်ပြန်သည်။ 

MNDAA အနေဖြင့် နိုင်ငံရေးနည်းလမ်းကို အားပေးထောက်ခံသော်လည်း မိမိကိုယ်ကိုခုခံကာကွယ်ခွင့်အား ယခင်နည်းတူဆက်လက်စွဲကိုင်သွားမည်ဟုလည်းထုတ်ပြန်သည်။

MNDAA က ပြီးခဲ့သည့် စက်တင်ဘာ ၁၈ ရက်တွင်လည်း NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်း၊ စစ်မြေပြင်များချဲ့ထွင်ခြင်း၊ မန္တလေး နှင့် တောင်ကြီးကို ထိုးစစ်ဆင်တိုက်ခိုက်ခြင်းများအား လုံးဝပြုလုပ်မည်မဟုတ် ထုတ်ပြန်ခဲ့သည်။ 

တရုတ် သို့မဟုတ် မြန်မာကိုဆန့်ကျင်သော နိုင်ငံခြားအသိုင်းအဝိုင်းများနှင့် မပူးပေါင်းခြင်း၊ မဆက်ဆံခြင်း၊ မဟာမိတ် မဖွဲ့ခြင်းသည်  နိုင်ငံရေး Redline ဖြစ်ကြောင်းလည်း MNDAA ကဆိုသည်။ 

ရှမ်းပြည်နယ်၊ လားရှိုးမြို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကို သြဂုတ် ၃  ရက်နေ့ ၊ နံနက်ပိုင်းတွင် ကိုးကန့်တပ် MNDAA နှင့် ပူးပေါင်းတပ်က စီးနင်းတိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး လားရှိုးမြို့အား MNDAA ကထိန်းချုပ်ထားသည်။

လားရှိုးမြို့အား စစ်ကော်စီတပ်မှ လေကြောင်းတိုက်ခိုက်မှုများ ခပ်စိတ်စိတ်ပြုလုပ်လာပြီးနောက်တွင် ယခုကဲ့သို့ ဒုတိယအကြိမ် ထုတ်ပြန်လာခြင်းဖြစ်သည်။ 

ကိုးကန့်တပ် MNDAA နည်းတူ တအာင်းတပ်မတော် TNLA ကလည်း နှစ်ဖက်စစ်ရေး ပဋိပက္ခများ အဆုံးသတ်နိုင်ရန်အတွက် စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးရန် အဆင်သင့်ရှိကြောင်း ပြီးခဲ့သည့် နိုဝင်ဘာလ ၂၅ ရက်တွက်ထုတ်ပြန်ထားသည်။ 

ကိုးကန့်တပ် MNDAA နည်းတူ တအာင်းတပ်မတော် TNLA ကလည်း နှစ်ဖက်စစ်ရေး ပဋိပက္ခများ အဆုံးသတ်နိုင်ရန်အတွက် စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးရန် အဆင်သင့်ရှိကြောင်း ပြီးခဲ့သည့် နိုဝင်ဘာလ ၂၅ ရက်တွက်ထုတ်ပြန်ထားသည်။ 

Bagan News 




Comments