Skip to main content

Latest News

ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၄၉ ဦးရှိလာ

 ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့၊ ကစ္ဆပနဒီတံတားအနီးဝန်းကျင်နှင့် အိန္ဒိယဈေးဝန်းကျင်အား စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့်  သေဆုံးသူ ၄၉ ဦးရှိလာကြောင်း အာရက္ခတပ်တော် - AA ကထုတ်ပြန်သည်။  ယမန်နေ့ ၊ စက်တင်ဘာလ (၂၈) ရက်နေ့၊ နေ့လယ် (၁၂) နာရီ (၁၀) မိနစ် နှင့် (၁၂) နာရီ (၁၄) မိနစ်အချိန်တွင် စစ်တပ်၏ ဂျက်တိုက်လေယာဉ် (၁) စီးမှ ကျောက်တော်မြို့၊ ကစ္ဆပနဒီ တံတားအနီးဝန်းကျင်၊ အိန္ဒိယစျေးဝန်းကျင်အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။  စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်မှုကြောင့်  ထိခိုက်ဒဏ်ရာရရှိသူလည်း (၅၈) ဦးအထိ ရှိလာပြီး ယင်းအထဲတွင် ပြင်းထန်ဒဏ်ရာရခဲ့သူ ၂၂ ဦးရှိကြောင်းသိရသည်။  အလားတူ စစ်တပ်က ယမန်နေ့ ၊ နေ့လယ် တွင် မင်းပြားမြို့နယ် ၊ စွန်ရဲကျေးရွာနှင့် သံတွဲမြိုနယ်၊ ငပလီကို ဂျက်တိုက်လေယာဉ် (၁) စီးဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ၉ ဦးရှိကြောင်း AA ကထုတ်ပြန်သည်။  - BAGAN NEWS  

ချက်ချင်း အပစ်အခတ်ရပ်စဲပြီး စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးမည်ဟု MNDAA ထုတ်ပြန်

ယနေ့မှစ၍ ရောက်ရာနေရာမှ ချက်ချင်း အပစ်အခတ်ရပ်စဲပြီး စစ်ကောင်စီတပ်များကို အစပြုထိုးစစ်ဆင်တိုက်ခိုက်မည်မဟုတ်တော့ကြောင်း ကိုးကန့်တပ် MNDAA  ကယနေ့ညထုတ်ပြန်သည်။ 

တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်ကြိုးပမ်းဆောင်ရွက်မှုအောက်တွင် လားရှိုးအပါအဝင် သက်ဆိုင်ရာကိစ္စရပ်များအား တွေ့ဆုံဆွေးနွေးသော နည်းလမ်း ဖြင့် ဖြေရှင်းနိုင်မည်ဟု မျှော်လင့်ကြောင်း MNDAA  ကဆိုသည်။

ဓာတ်ပုံ - MNDAA တပ်ဖွဲ့ဝင်များ။

စစ်ကောင်စီမှ မြန်မာနိုင်ငံနေရာအနှံ့တွင် ဖော်ဆောင်နေသောဝေဟင်နှင့် မြေပြင် ထိုးစစ်ဆင်တိုက်ခိုက်နေမှုများကို ရပ်ဆိုင်းပေးရမည်ဖြစ်ကြောင်း၊တွေ့ဆုံဆွေးနွေးရာတွင် MNTJP/MNDAA မှအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ကို စေလွှတ်မည်ဖြစ်ပြီး နှစ်ဦးနှစ်ဖက်ကြားရှိ ပဋိပက္ခများနှင့်အမြင်သ င်သဘောထားကွဲလွဲမှုများကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်မည်ဟု မျှော်လင့်ကြောင်း MNDAA  ကထုတ်ပြန်သည်။ 

MNDAA အနေဖြင့် နိုင်ငံရေးနည်းလမ်းကို အားပေးထောက်ခံသော်လည်း မိမိကိုယ်ကိုခုခံကာကွယ်ခွင့်အား ယခင်နည်းတူဆက်လက်စွဲကိုင်သွားမည်ဟုလည်းထုတ်ပြန်သည်။

MNDAA က ပြီးခဲ့သည့် စက်တင်ဘာ ၁၈ ရက်တွင်လည်း NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်း၊ စစ်မြေပြင်များချဲ့ထွင်ခြင်း၊ မန္တလေး နှင့် တောင်ကြီးကို ထိုးစစ်ဆင်တိုက်ခိုက်ခြင်းများအား လုံးဝပြုလုပ်မည်မဟုတ် ထုတ်ပြန်ခဲ့သည်။ 

တရုတ် သို့မဟုတ် မြန်မာကိုဆန့်ကျင်သော နိုင်ငံခြားအသိုင်းအဝိုင်းများနှင့် မပူးပေါင်းခြင်း၊ မဆက်ဆံခြင်း၊ မဟာမိတ် မဖွဲ့ခြင်းသည်  နိုင်ငံရေး Redline ဖြစ်ကြောင်းလည်း MNDAA ကဆိုသည်။ 

ရှမ်းပြည်နယ်၊ လားရှိုးမြို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကို သြဂုတ် ၃  ရက်နေ့ ၊ နံနက်ပိုင်းတွင် ကိုးကန့်တပ် MNDAA နှင့် ပူးပေါင်းတပ်က စီးနင်းတိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး လားရှိုးမြို့အား MNDAA ကထိန်းချုပ်ထားသည်။

လားရှိုးမြို့အား စစ်ကော်စီတပ်မှ လေကြောင်းတိုက်ခိုက်မှုများ ခပ်စိတ်စိတ်ပြုလုပ်လာပြီးနောက်တွင် ယခုကဲ့သို့ ဒုတိယအကြိမ် ထုတ်ပြန်လာခြင်းဖြစ်သည်။ 

ကိုးကန့်တပ် MNDAA နည်းတူ တအာင်းတပ်မတော် TNLA ကလည်း နှစ်ဖက်စစ်ရေး ပဋိပက္ခများ အဆုံးသတ်နိုင်ရန်အတွက် စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးရန် အဆင်သင့်ရှိကြောင်း ပြီးခဲ့သည့် နိုဝင်ဘာလ ၂၅ ရက်တွက်ထုတ်ပြန်ထားသည်။ 

ကိုးကန့်တပ် MNDAA နည်းတူ တအာင်းတပ်မတော် TNLA ကလည်း နှစ်ဖက်စစ်ရေး ပဋိပက္ခများ အဆုံးသတ်နိုင်ရန်အတွက် စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးရန် အဆင်သင့်ရှိကြောင်း ပြီးခဲ့သည့် နိုဝင်ဘာလ ၂၅ ရက်တွက်ထုတ်ပြန်ထားသည်။ 

Bagan News 




Comments