Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

မန္တလေးနှင့် မကွေးတိုင်း တိုက်ပွဲများတွင် စစ်ကောင်စီတပ်သား ၂ဝဝ ထက်မနည်းသေဆုံး

၂၀၂၄ ခုနှစ်အတွင်း မန္တလေးတိုင်းနှင့် မကွေးတိုင်းအတွင်းရှိ စစ်ဆင်ရေးတိုက်ပွဲများတွင် စစ်ကောင်စီ တပ်သား (၂၀၀)ကျော် သေဆုံးပြီး အပြားအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Myingyan Black Tiger (MBT) တပ်ဖွဲ့မှထုတ်ပြန်သည်။ 

စစ်ကောင်စီ တပ်များအား တော်လှန်ရေးမဟာမိတ်များနှင့် ပူးပေါင်းကာ ထိုးစစ်ဆင်တိုက်ခိုက်မှု (၉)ကြိမ်၊ခုခံစစ် (၁၁)ကြိမ်၊မြိုပြပြောက်ကျား စစ်ဆင်ရေး (၁၁)ကြိမ်၊မိုင်းဆွဲတိုက်ခိုက်မှု (၆)ကြိမ်၊ဒရုန်းစစ်ဆင်ရေး (၅)ကြိမ် စုစုပေါင်း စစ်ဆင်ရေး (၄၂)ကြိမ် ပြုလုပ်နိုင်ခဲ့ကြောင်း MBT တပ်ဖွဲ့မှသိရသည်။

Photo -  MBT တပ်ဖွဲ့ဝင်များ။

၎င်း စစ်ဆင်ရေးများအတွင် စစ်ကောင်စီထံမှ လက်နက်ကြီး/ငယ် (၂၄)လက် သိမ်းဆည်းရရှိခဲ့ပြီး  Myingyan Black Tiger (MBT)တပ်ဖွဲ့မှ ရဲဘော်ကုလားလေးနှင့် ရဲဘော်ဝဏ္ဏထွန်းတို နှစ်ဦး ကျဆုံးခဲ့ကြောင်းသိရသည်။

မကြာမီကာလအတွင်း မြိုပြစစ်ဆင်ရေးများ လုပ်ဆောင်သွားမည်ဖြစ်ပြီး ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်များနှင့် နီးကပ်သွားလာခြင်းများ မပြုလုပ်ကြရန် MBT တပ်ဖွဲ့မှထုတ်ပြန်သည်။

Bagan News 


Comments