Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့တဲ့ ပြည်သူ ၆၁ဝဝ ကျော်လာ

၂၀၂၁ ခုနှစ် ၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ  ၂၀၂၅ ခုနှစ် ၊ ဇန်နဝါရီလ ၉ ရက်နေ့ အထိ စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့သည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၆၁၂၉) ဦး ရှိပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)မှထုတ်ပြန်သည်။

ထို့အပြင် အာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၈၁၇၃) ဦးရှိပြီး ထိုအထဲမှ (၂၁၄၆၆) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၉၉၃၁) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်။ 

ဓာတ်ပုံ - ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ် ဆီစုံကျေးရွာအား စစ်ကောင်စီတပ်မှ လေကြောင်းဖြင့်ဗုံးကြဲမှုမှတ်တမ်း။ (Photo - TNLA)

ဌင်းပြင် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ နိုင်ငံတဝန်း၌ စစ်အုပ်စုကြောင့် လိင်စိတ်ခံယူမှုကွဲပြားသူ (၁) ဦး၊ အမျိုးသမီး (၆၂၈) ဦးနှင့် အမျိုးသား (၁၁၉၄) ဦး စုစုပေါင်း (၁၈၂၃) ဦး သေဆုံးခဲ့ပြီးအသက် ၁၈ နှစ်အောက် ကလေးငယ် (၂၄၈) ဦး ပါဝင်ကြောင်း အေအေပီပီမှထုတ်ပြန်သည်။

ဌင်းအနက် လေကြောင်းဖြင့် တိုက်ခိုက်မှုကြောင့် အများဆုံး သေဆုံးသူ (၆၄၁) ဦး နှင့် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဒုတိယသေဆုံးသူ အရေအတွက် (၅၂၅) ဦး ပါဝင်ကြောင်းသိရသည်။ 

ထို့ပြင် တနှစ်တာကာလအတွင်း နိုင်ငံတဝန်း၌ စစ်အုပ်စုက လိင်စိတ်ခံယူမှုကွဲပြားသူ (၁) ဦး၊ အမျိုးသမီး (၂၁၅) ဦးနှင့် အမျိုးသား (၅၅၀) ဦး စုစုပေါင်း (၇၆၆) ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ရန်ကုန်တိုင်းမှ (၂၀၈) ဦး ဖြင့် အများဆုံး ဖမ်းဆီးခံခဲ့ရကြောင်းသိရသည်။

ဌင်းကာလအတွင်း စစ်အုပ်စု၏ လက်အောက်ခံ တရားရုံးများက မတရားပုဒ်မများဖြင့် ထောင်ဒဏ်ချမှတ်ခံခဲ့ရသူ အမျိုးသမီး (၁၂၆) ဦးနှင့် အမျိုးသား (၅၀၇) ဦး စုစုပေါင်း (၆၃၃) ဦး ရှိခဲ့ပြီး ထိုအထဲတွင် ထောင်ဒဏ်တသက်တကျွန်း ချမှတ်ခံထားရသူ (၄၈) ဦးနှင့် သေဒဏ်ချမှတ်ခံထားရသူ (၆) ဦး ပါဝင်အေအေပီပီမှထုတ်ပြန်သည်။

Bagan News 


Comments