Skip to main content

Latest News

ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၄၉ ဦးရှိလာ

 ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့၊ ကစ္ဆပနဒီတံတားအနီးဝန်းကျင်နှင့် အိန္ဒိယဈေးဝန်းကျင်အား စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့်  သေဆုံးသူ ၄၉ ဦးရှိလာကြောင်း အာရက္ခတပ်တော် - AA ကထုတ်ပြန်သည်။  ယမန်နေ့ ၊ စက်တင်ဘာလ (၂၈) ရက်နေ့၊ နေ့လယ် (၁၂) နာရီ (၁၀) မိနစ် နှင့် (၁၂) နာရီ (၁၄) မိနစ်အချိန်တွင် စစ်တပ်၏ ဂျက်တိုက်လေယာဉ် (၁) စီးမှ ကျောက်တော်မြို့၊ ကစ္ဆပနဒီ တံတားအနီးဝန်းကျင်၊ အိန္ဒိယစျေးဝန်းကျင်အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။  စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်မှုကြောင့်  ထိခိုက်ဒဏ်ရာရရှိသူလည်း (၅၈) ဦးအထိ ရှိလာပြီး ယင်းအထဲတွင် ပြင်းထန်ဒဏ်ရာရခဲ့သူ ၂၂ ဦးရှိကြောင်းသိရသည်။  အလားတူ စစ်တပ်က ယမန်နေ့ ၊ နေ့လယ် တွင် မင်းပြားမြို့နယ် ၊ စွန်ရဲကျေးရွာနှင့် သံတွဲမြိုနယ်၊ ငပလီကို ဂျက်တိုက်လေယာဉ် (၁) စီးဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ၉ ဦးရှိကြောင်း AA ကထုတ်ပြန်သည်။  - BAGAN NEWS  

ကျောက်တော်မြို့အား စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက် အရပ်သား အချို့ သေဆုံး

 ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ပေါ်ရှိ ရပ်ကွက် နှင့် ဈေး အပါအဝင် လူနေထူထပ်သည့် နေရာများကို အဓိကဦးတည်၍ ရည်ရွယ်ချက်ရှိရှိဖြင့် ယနေ့ ဇန်နဝါရီလ (၁၁) ရက်နေ့တွင် စစ်ကောင်စီတပ်မှ ဂျက်တိုက်လေယာဉ်များဖြင့်  ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း အာရက္ခတပ်တော် AA မှယနေ့ထုတ်ပြန်သည်။


ယနေ့ ဇန်နဝါရီလ (၁၁) ရက်နေ့၊ နံနက် (၉) နာရီခန့်တွင် တစ်ကြိမ်၊ (၉) နာရီ (၁၀) မိနစ်ခန့်တွင် တစ်ကြိမ်၊ (၉) နာရီ (၁၅) မိနစ်ခန့်တွင် တစ်ကြိမ် သုံးကြိမ်တိုင်တိုင် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး  ဗုံးအရေအတွက် (၁၅) လုံးခန့် ကို ကြဲချ၊ ပစ်ခတ်၊ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ 

စစ်ကောင်စီမှ ဗုံးကြဲ ပစ်ခတ်တိုက်ခိုက်မှုဖြစ်စဉ်အတွင်း ဈေးရောင်း၊ ဈေးဝယ်၊ လမ်းသွားလမ်းလာ အရပ်သားအချို သေဆုံး၊ ဒဏ်ရာရမှုများရှိခဲ့ပြီး ဈေးဆိုင်တန်း၊ နေအိမ်အဆောက်အအုံ ထိခိုက်ပျက်စီးမှုများရှိခဲ့ကြောင်း AA မှယနေ့ထုတ်ပြန်သည်။

ထိခိုက်၊ သေဆုံး၊ ပျက်စီးဆုံးမှု အရေအတွက်များကို ဆက်လက်စုံစမ်းနေကြောင်း AA ကဆိုသည်။

ရခိုင်ပြည်နယ်ရှိ ပေါက်တောမြို့၊ မင်းပြားမြို့၊ မြောက်ဦးမြို့၊ ကျောက်တော်မြို့၊ မြေပုံမြို့၊ ပုဏ္ဏားကျွန်းမြို့၊ ရမ်းဗြဲမြို့၊ ရသေ့တောင်မြို့၊ ဘူးသီးတောင်မြို့၊ သံတွဲမြို့ ၊တောင်ကုတ်မြို့၊အမ်းမြို့၊ဂွမြို့ နှင့် မောင်တောမြို့တို အပြင် ချင်းပြည်နယ်၊ပလက်ဝမြို့ကိုလည်း သိမ်းပိုက်ထိန်းချုပ်ထားကြောင်း အာရက္ခတပ်တော် AA ကထုတ်ပြန်သည်။ 

Bagan News 

Comments